Pages

အမျှဝေတိုင်း သာဓု မခေါ်နိုင်တဲ့ သတ္တဝါများနှင့်= ခေါ်ဆိုနိုင်တဲ့ သတ္တဝါ


(၁) ငရဲဘုံသို့ ကျရောက်တဲ့ သတ္တဝါများ အမျှဝေတာကို သာဓု မခေါ်ဆိုနိုင်ပါ။

(၂) လူ့ ဘဝကို တဖန် ပြန်ရောက် ကြတဲ့ သတ္တဝါများ အမျှဝေတာကို သာဓု မခေါ်ဆိုနိုင်ပါ။

(၃) နတ်ပြည် သို့ ရောက်သွားကြတဲ့ သတ္တဝါများ အမျှဝေတာကို သာဓု မခေါ်ဆိုနိုင်ပါ။

(၄) တိ ရစ္ဆာန် ဘဝကို ရောက်သွားကြတဲ့ သတ္တဝါများ အမျှဝေတာကို သာဓု မခေါ်ဆိုနိုင်ပါ။

(၅) စားသမျှ အစာကို အန်ထုတ်ကြရတဲ့ ဝန္တာသိက ပြိတ္တာများ အမျှဝေတာကို သာဓု မခေါ်ဆိုနိုင်ပါ။

(၆) အစာ မဝင် ၊ ငတ်မွတ်ကြတဲ့ ခုပ္ပိ ပါသိက ပြိတ္တာများ အမျှဝေတာကို သာဓု မခေါ်ဆိုနိုင်ပါ။

(၇) စားသမျှ အစာကို ဝမ်းခေါင်း၌ တပြောင်ပြောင် တောက်လျှက် ရှိတဲ့ နိဇ္ဈာမ တဏှိက ပြိတ္တာများ အမျှဝေတာကို သာဓု မခေါ်ဆိုနိုင်ပါ။

အဲဒီ (၇) မျိုးကတော့ အမျှပေးဝေ ပေမယ့်လို့ သူတစ်ပါးတို့ ပြုလုပ်အပ်တဲ့ ကောင်းမှူ ကုသိုလ်၏ အကျိုးတရားများကို အမျှပေးဝေသော်လဲ သာဓု မခေါ်ဆို နိုင်ကြပါ။

(အမျှ ပေးဝေလို့ ရနိုင်တဲ့ ပြိတ္တာ)

လူနှင့် နီးစပ်ပြီး သူတစ်ပါးတို့ ပေးကမ်း စွန့် ကြဲသမျှ ကို မှီပြီးတော့ အသက် မွေးကြတဲ့ ပရဒတ္တု ပ ဇီဝိတ ပြိတ္တာများ သာလျှင် အမျှ ပေးဝေခြင်းကို သာဓု ခေါ်နိုင်ကြပါတယ်။

ဓမ္မ မိတ်ဆွေ သူတော်စင်များအတွက် သာသနာ့ အမြင် သာသနာ သံယောဇဉ်လေးများဖြင့် မျှဝေ ပေးလိုက်ခြင်းသာ....မည်သည့် အရာမျှ ထာဝရ ဆုတ်ကိုင် ထားခြင်း မရှိသော...

အရှင်ကုဏ္ဍလ-နေသိုက်ဈာန်(လမူး)
၂၃-၄-၂၀၁၃
https://www.facebook.com/photo.php?fbid=451485931605089&set=a.380337622053

No comments:

Post a Comment