Pages

ကောင်းတာလုပ်နေပေမယ့် ကောင်းကျိုးမပေးဘူး ထင်နေသလား..

http://images.fineartamerica.com/images-medium-large-5/om-tree-of-life-meditation-laura-iverson.jpg

ငါကတော့ ကောင်းတာလုပ်ပေမယ့်၊ ကောင်းကျိုးမရဘူး၊ သူ့ကျတော့ ဆိုတာလုပ်ပေမယ့် ကောင်းကျိုးတွေ ရပြန်ရော.. ဒီလိုအတွေးလေးတွေ မကြာမကြာတွေး တတ်ကြပါတယ်။ တစ်ခါတရံမှာ ကိုယ့်ဘာလုပ်လုပ် မကောင်းတာတွေချည်း တွေ့ကြုံနေရလေတော့ ကံမကောင်းဘူး လို့ ကိုယ့်ကိုယ်ကို စိတ်ပျက် အားငယ်မှုတွေဖြစ်တာလည်း အခါခါကြုံတွေ့ဖူးကြမှာပါ။
ကံကြမ္မာနဲ့ ပတ်သက်လို့ ဆွေးနွေးတိုင်း အမြဲပြောဖြစ်ခဲ့တဲ့ ပုံပြင်လေးတစ်ပုဒ်တင်ပြချင်တယ်။
ဒီပုံပြင်လေးကို သင်ကြားဖူးကောင်း ကြားဖူးပါလိမ့်မယ်။ စိတ်ဝင်စားစရာကောင်းလို့ တဆင့်ဖော်ပြလိုက်ပါတယ်။

အခါတစ်ပါး သူငယ်ချင်းနှစ်ယောက် တန်ဆောင်မုန်းလပြည့်နေ့ညမှာ ခရီးတစ်ခုကို အတူလာခဲ့ရာမှ လမ်းခုလတ်ရောတဲအခါ နှစ်ယောက်သား တိုင်ပင်ကြသတဲ့။
တစ်ယောက်က ဆိုင်းသံ ဗုံသံ တညံညံနဲ့ စည်ကားနေတဲ့ မီးထွန်းပဲကို သွားချင်နေတယ်။ ကညာပျိုအလှတွေနဲ့ ပျော်ပွဲမှာ ပါဝင်နွှဲချင်တယ်ပေါ့။
နောက်တစ်ယောက်ကတော့ တောင်ပေါ်ဘုရားဆီတက်လို့ ကမ္မဋ္ဌာန်း ဘာဝနာပွားများ ရှုမှတ်နေချင်တယ်၊ အေးချမ်းဆိပ်ငြိမ်တဲ့ တောင်ပေါ်ဘုရားရင်ပြင်ပေါ်မှာ တရားရှုမှတ်ပြီး ကောင်းတဲ့အလုပ်ကို လုပ်ချင်နေတယ်။

အယူအဆမတူကြလို့ နောက်ဆုံးတော့ ကဲ ကိုယ်ကြိုက်ရာလမ်းကို ကိုယ်လျှောက်ဆိုပြီး လမ်းခွဲလိုက်ကြတယ်။ မနက်မိုးသောက် အလင်းရောက်ရင်တော့ ဒီနေရာမှာ အတူဆုံးပြီး လိုရာခရီးကို ဆက်ကြမယ်ပေါ့ဗျာ။
ဒီလိုနဲ့ ကိုယ်ကြိုက်ရာလမ်းဘက်ကို ကိုယ်သွားလိုက်ကြတယ်။ အပျိုကညာပေါရာ သွားချင်သူက တောင်ခြေကို ဆင်းသွားတယ်။ ဆိပ်ငြိမ်ရာမှာ တရားရှာမှီးချင်သူက တောင်ပေါ်ကို တက်သွားလိုက်တယ်။

တောင်ပေါ်ကို တက်ပြီး ရင်ပြင်တော်ပေါ်မှာ စင်္ကြံလျှောက်လိုက်၊ တင်ပျဉ်ခွေထိုင်လိုက်နဲ့ တရားရှုမှတ်ကာ သူ့အလုပ်သူလုပ်နေလိုက်တယ်၊ သန်းခေါင်ကျော်လာမှ သစ်ပင်တစ်ပင်ရင်းမှာ ၀င်ထိုင်းပြီး ကမ္မဋ္ဌာန်း တရား ပွားများစီးဖြန်းနေလိုက်ပါတယ်။
အဲဒီအခါမှာ သစ်ပင်ပေါ်ကနေ သစ်ကိုင်းခြောက်တစ်ချောင်းက ရုတ်တရက်ဆိုသလို ဖြောင်းခနဲ ကျိုးကျပြီး တရားအားထုတ်နေသူရဲ့ ပေါ်င်ပေါ်တည့်တည့်ကို ရိုက်ချိုးလိုက်သလို ပြင်းထန်စွာ ကျလာပါတယ်။
အဲဒီလူရဲ့ ခြေသလုံး ကျိုးလုမတတ် နာကျင်ပြင်းထန်တဲ့ ဝေဒနာကို ခံစာရရှာတယ်။ တတ်နိုင်သမျှ တရားကို ကြိုးစားမှတ်ရင်း လင်းလာတဲ့အခါ တောင်ဝှေးထောက်ပြီး မိတ်ဆွေနဲ့ ဆုံရမယ့်နေရာကို ခပ်ဖြည်းဖြည်းလေး ဆင်းလာရရှာပါတယ်။

အဲ… အပျော်အပါး အသောက်အစား စည်းစိမ်အရသာတွေ တစ်ဝကြီးခံစားခဲ့တဲ့ အခြားလူတစ်ယေက်ကတော့ နံနက်မိုးလင်းလို့ အိပ်ရာကနေထပြီး သူငယ်ချင်းနဲ့ ချိန်းထားတဲ့နေရာကို ထွက်လာခဲ့ပါတယ်။ အဲဒီလို ထွက်လာတဲ့အချိန် လမ်းမှာ အထုပ်တစ်ခု ကောက်ရပါသတဲ့။ ဖွင့်ကြည့်လိုက်တော့ အသပြာတစ်ထောင်တိတိ(ဟိုတုန်းကအသပြာ တစ်ထောင်ဆို ဒီခေတ် သိန်းဂဏန်းတော့ရှိလောက်တယ်) ပိုင်ရှင်မရှိ တွေ့ရတော့ ၀မ်းသာအားရယူခဲ့ပြီး ချိန်းထားတဲ့ နေရာကို ရောက်လာတာပေါ့။

နှစ်ယောက်သား တွေ့ကြတဲ့အခါ ကိုယ်တွေ့ခဲ့တဲ့ အတွေ့အကြုံတွေကို နှီးနှောဖလယ် ပြောဆိုကြပါတယ်။ ဟ…ဘယ့်နှယ်လဲ။ ဘုရားကုန်းတော်ပေါ်တက်ပြီး ကမ္မဋ္ဌာန်းဘာဝနာအားထုတ်လို့ ကောင်းတာလုပ်တဲ့သူက ခြေကျိုးခဲ့ရတယ်။ ကညာအလှမဒီ တရုန်းရုန်းနဲ့ သာယာသမျှ အရယ်ရယ် အပြုံးပြုံးနေလိုက်သူက အသာပြာတစ်ထောင်ထုပ်တောင် ရခဲ့သေး…။

ကောင်းတာလုပ်လို့ ကောင်းကျိုးမရ။
မကောင်းတာလုပ်လို့ ဆိုးကျိုးမရ။
ကောင်းတာလုပ်လည်း ဆိုးကျိုးရတယ်။
မကောင်းတာလုပ်လည်း ကောင်းကျိုးရတယ်။
နှစ်ယောက်သား ဒီလို ခံယူနားလည်မိကြောင်း ပြောဆိုပြီး ခရီးဆက်ခဲ့ကြရာ ကျောင်းသင်္ခမ်းတစ်ခုကို ရောက်ရှိခဲ့ပါတယ်။
အဲဒီကျောင်းတော်က ပညာဉာဏ်ရောင် ထင်ရှားတဲ့ ဆရာတော်ရဟန်းကို အကျိုးအကြောင်း လျှောက်ထားတဲ့အခါ ဆရာတော်က ဒီလိုမိန့်တော်မူသတတ်-
“ ဒကာတို့…၊ အတွေ့အကြုံကို နမူနာယူ မူတည်ပြီး လောကနိယာမအနေနဲ့ ထင်နေကြလို့ ကံနဲ့ ပတ်သက်ပြီး ဒကာတို့ အထင်မှားနေကြပြီ ”

ပထမဒကာက ကောင်းမှုကုသိုလ်ပြုတာတော့ မှန်ပါရဲ့ သူရဲ့မူလကံအရ သစ်ကိုင်းကျိုးကျ ခြေထောက်မှာ ဒဏ်ရာရရုံမျှ မကသေး၊ သစ်ပင်ပိကျ ချက်ချင်းသေရမယ့်ဘေးနှင့် ကြုံရမယ့်အခါဖြစ်တယ်။ ဒါပေမယ့် လတ်တလော ကုသိုလ်ကံက တားဆီးထားလိုက်လို့ ခြေထောက်ဒဏ်ရာရရုံလောက်တာ ဖြစ်ခဲ့တယ်။ ကမ္မဋ္ဌာန်းအားထုတ်တဲ့ကုသိုလ်ကံက သက်သာရာ ရစေခဲ့တာပေါ့…။

ဒုတိယဒကာကတော့ သူ့အတိတ်ကံအကြောင်းအရဆိုရင် အသပြာထောင်ထုပ်သာမက ရွှေထုပ် စိန်ထုပ် ပတ္တမြားထုပ်များ သုံးမကုန် လှူမခန်းအောင် ချမ်းသာသည်အထိ ကောက်ယူရရှိ ကြွယ်ဝမယ့်သူ ဖြစ်တယ်။ သို့သော်လည်း အဲဒီနေ့ညက မကောင်းမှုမှာသာ ယစ်မူး သာယာနေလိုက်တဲ့အတွက် အသပြာ ကုဋေကုဋာထိုက်တဲ့ရတနာတွေမရတော့ဘဲ ငွေတစ်ထောင်ထုပ်ကလေးသာ ကောက်ရလာတော့တာ
 ဖြစ်ပါတယ်။ လတ်တလော အကုသိုလ်ကံကြောင့် ရမည့်အကျိုးပေးတရား လျော့နည်း ဆုံးပါးသွားရတာပါ၊ အဲဒါက ကံတရားပဲ” တဲ့။

ကိုယ်စိုက်ပျိုးတဲ့ အပင်ရဲ့ အသီးအနှံတို့ကိုယ် ကိုယ်တိုင်ရိပ်သိမ်းကြရမှာ ဓမ္မတာပါပဲ….။
ကောင်းတာလုပ်ပြီး ကောင်းကျိုးမပေးဘူး ထင်နေသေးသလား..

http://buddhismworld.ning.com/profiles/blogs/6371237:BlogPost:354508

No comments:

Post a Comment