Pages

ချပ်ချပ်ရပ်ရပ်နှင့် လှပချင်ပါသလား




လေပွပြီးဗိုက်ပူတာမျိုးမဖြစ်စေဘဲဝမ်းဗိုက်ချပ်ရပ်လိုသူတိုင်း ရှောင်သင့်၊ ဆောင်သင့်တဲ့အစားအသောက်တွေကိုကျွမ်းကျင်သူ တွေက အောက်ပါအတိုင်း အကြံပြု ရေးသား ထားပါတယ်။

1)အကောင်းဆုံး အစားအသောက် - ဒိန်ချဉ်

ဒိန်ချဉ်ဟာ လူတွေ အားလုံးအတွက် ကောင်းတယ်ဆိုတာ သိကြပါတယ်။ ဒါပေမဲ့ ဝမ်းဗိုက် ချပ်ရပ် စေတယ်လို့တော့ မသိကြပါဘူး။ ဒိန်ချဉ် အများစုမှာပါတဲ့ အကျိုးပြု ဘက်တီးရီးယား တွေက အစာခြေစနစ်ကို ကျန်းမာစေပါတယ်။ ဒိန်ချဉ်ဟာ လေပွတာနဲ့ ဝမ်းချုပ်တာတွေ မဖြစ်စေဘဲ ဝမ်းဗိုက်ချပ်ရပ် နေစေတဲ့ အာနိသင် ရှိပါတယ်။

2)အဆိုးဆုံး အစားအသောက် - ဆော်ဒါ အချိုရည်

ဗိုက်ပူမှာစိုးရွံ့သူတွေအနေနဲ့ကာဗွန်ပါတဲ့အချိုရည်တွေကို ရှောင်သင့်ပါတယ်။ ဂက်စ်ပါတဲ့ အချိုရည်တွေဟာ ဗိုက်ကို လေတွေနဲ့ ပြည့်နေစေပြီး ဗိုက်ပူကာ လေပွနေစေပါတယ်။ ဒါကြောင့် ဗိုက်ချပ်ရပ်လိုရင် ဆော်ဒါ အချိုရည်အစား ရေ ဒါမှမဟုတ် ကယ်လိုရီနည်းတဲ့ အရည် (ဥပမာ-လက်ဖက်စိမ်း လက်ဖက်ရည်)ကို သောက်သင့်ပါတယ်။ ဒီအရည်ထဲမှာ အင်တီအောက်ဆီးဒင့်များစွာပါဝင်ပြီးဝမ်းဗိုက်ထဲအဆီစုတာနဲ့ဆက်စပ်နေတဲ့ ရောင်ရမ်းမှု ဖြစ်နှုန်းကို လျော့ကျ စေပါတယ်။

3)အကောင်းဆုံး အစားအသောက် - ပန်းဂေါ်ဖီ

ပန်းဂေါ်ဖီစိမ်း၊ ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီ၊ ကညွတ်၊ငရုတ်သီး၊ ပဲဝါ စတဲ့ အစားအစာတွေမှာ ဗီတာမင်အေ၊ စီနဲ့ ကေအပြင် ဖောလိတ်၊ ဘီတာကယ်ရိုတင်း၊ မဂ္ဂနီဆီယမ်၊ ကယ်လ်စီယမ်နဲ့ အမျှင်ဓာတ်တွေလည်း ပါဝင်နေပါတယ်။

4)အဆိုးဆုံး အစားအသောက် - အခွံချွတ်ထားသော ကာဗိုဟိုက်ဒရိတ်

ဂျုံဖြူနဲ့ လုပ်ထားတဲ့ မုန့်တွေနဲ့ ထမင်းဖြူတွေကို မစားပါနဲ့။ ဒီအစာတွေက အစာကြေလွယ်ပြီး သွေးတွင်းသကြားဓာတ်နဲ့အင်ဆူလင်အဆင့်ကို မြင့်တက်စေလို့ပါ။ အင်ဆူလင် အဆင့်မြင့် တက်တာက ဝမ်းဗိုက်တစ်ဝိုက် အဆီစုပုံမှုကို တိုးစေနိုင်ပါတယ်။

5)အကောင်းဆုံး အစားအသောက် - အခွံချွတ်မထားသော ကောက်နှံစာ

အခွံချွတ်မထားတဲ့ ကောက်နှံနဲ့ လုပ်ထားတဲ့ ဆန်လုံးညို၊ ပေါင်မုန့်ညိုနဲ့ ပဲနီလေးလို အစာတွေကို စားပါ။ အမေရိကန် အာဟာရ ဆေးပညာဂျာနယ်ရဲ့ လတ်တလော လေ့လာမှုတစ်ရပ်အရ အခွံချွတ်မထားတဲ့ ကောက်နှံစာဟာ ကယ်လိုရီ ထိန်းချုပ်ပေးပြီး ခါးတစ်ဝိုက်ကို အဆီပိုတွေ ကင်းဝေး စေတယ်လို့ သိရပါတယ်။

6)အဆိုးဆုံး အစားအသောက် - ဆားကဲသော အစားအစာ

ပဲပိစပ်ဆော့ အများအပြားပါတဲ့ ဆူရှီစားပြီးချိန်မှာ လေပွသလို ခံစားနေရပါသလား။ ဆိုဒီယမ်များစွာပါတဲ့ အစားအစာတွေကို စားတာက ရေစုဆောင်းမှု များတာကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဗိုက်က ဖောင်းလာပြီး လေပွ လာတတ် ပါတယ်။ ဗိုက်သား ချပ်ရပ်စေဖို့ တစ်နေ့မှာ ဆိုဒီယမ် ၂၀၀၀ မီလီဂရမ်အောက်ပဲ စားပါ။

7)အကောင်းဆုံး အစားအသောက် - မပြည့်ဝဆီ

သံလွင်ဆီလိုမျိုးမပြည့်ဝဆီပါတဲ့အစားအစာတွေဟာဗိုက်သားချပ်ရပ်စေတယ်လို့ လေ့လာမှု အသစ်တစ်ရပ်အရ သိရပါတယ်။

8)အကောင်းဆုံး အစားအသောက် - ရှာလကာရည်

ရှာလကာရည်မှာပါတဲ့ချဉ်တဲ့အရသာနဲ့စူးရှတဲ့အနံ့ကိုပေးတဲ့ဓာတ်တွေဟာဗိုက်အဆီကို ချေဖျက် ပေးတယ်လို့ ဂျပန်လေ့လာမှု တစ်ရပ်က ဆိုပါတယ်။ အဝလွန်တဲ့ လူတွေဟာ တစ်နေ့မှာ ရှလကာရည် ထမင်းစားဇွန်း တစ်ဇွန်း- နှစ်ဇွန်း စားရာ ၁၂ ပတ်အကြာမှာ ကိုယ်အလေးချိန်၊ ဗိုက်အဆီနဲ့ ခါးအတိုင်းအတာ သိသိသာသာ လျော့ကျမှုရှိတာကို လေ့လာမှုအရ သိရပါတယ်။ ရှလကာရည်မှာပါတဲ့ Acetic Acid ဟာ အဆီချေဖျက်တဲ့ ပရိုတင်းတွေထွက်လာအောင်မျိုးရိုးဗီဇကို ပြောင်းလဲ ပေးတာကြောင့်လို့ လေ့လာသူတွေက ဆိုပါတယ်။

ဆေးပညာဆိုင်ရာဆောင်းပါးများ

https://www.facebook.com/photo.php?fbid=462855343812302&set=a.35104771499306

No comments:

Post a Comment