Pages

ကိုယ်ပိုင်အချိန်တွေကို ကိုယ်တိုင်စီမံခန့်ခွဲခြင်း




Thursday, August 1, 2013

အလုပ်များများကို အချိန်နည်းနည်းနဲ့ အတတ်နိုင်ဆုံးပြီးစီးအောင် လုပ်နိုင်တယ်ဆိုရင်တော့ သင့်အတွက်အများကြီး အကျိုးရှိမှာပါ။ လူငယ်တွေအနေနဲ့ အပြိုင်အဆိုင်တိုးတက်အောင် လုပ်ဆောင်နေရမယ့် ခေတ်မှာ အချိန်ကိုအကျိုးရှိအောင်ဘယ်လိုစီမံမလဲဆိုတာ အရေးကြီးတဲ့အချက်တစ်ခုဖြစ်လာပါတယ်။ မြန်မာအိုင်စီတီ လူငယ်ပရိတ်သတ်တွေအတွက်ကော လူကြီးပရိတ်သတ်တွေအတွက်ပါ အချိန်ကိုအကျိုးရှိရှိနဲ့ အလုပ်တွေကို မြန်မြန်ဆန်ဆန်ပြီးမြောက်နိုင်မယ့် နည်းလမ်းတွေကိုတင်ပြပေးလိုက်ပါတယ်။ လုပ်ငန်းခွင်ဝင်နေတဲ့ လူကြီး၊ လူငယ်၊ လူရွယ်တွေအတွက်သာမက ကျောင်းသားကျောင်းသူတွေ အတွက်ပါ အသုံးဝင်မယ်လို့ မျှော်လင့်မိပါတယ်။

၁။ နံပါတ်တစ်ကတော့ အလုပ်တွေအရမ်းကိုစုပုံလာတဲ့အခါ မြန်မြန်ပြီးနိုင်မယ့်အလုပ် ခပ်လွယ်လွယ်တွေကို List လုပ်ပြီး အဲဒါတွေအရင်လုပ်လိုက်ပါ။

၂။ အဲဒီလို အလုပ်သေးသေးတွေ လုပ်နေရင်းနဲ့ပဲ အလုပ်ခပ်ကြီးကြီးတွေကို ကြားဖြတ်ထည့်ထားလိုက်ပါ။ ဒီလိုလုပ်လိုက်ခြင်းအားဖြင့် သင့်အနေနဲ့အလုပ်တော်တော်များများကို ဖိစီးမှုမရှိစေပဲ စိတ်အေးအေးနဲ့ ပြီးမြောက်သွားစေမှာပါ။

၃။ နောက်တစ်ချက်ကတော့ မနက်မိုးလင်းအိပ်ရာနိုးလာရင် ဒီနေ့ဘာလုပ်မယ်ဆိုတာကိုတွေးပါ။ ပြီးရင် စနစ်တကျ Plan ချထားပါ။ ညဖက်အိပ်ခါနီးရင်လည်း မနက်ဖြန်ဘာတွေလုပ်မယ်ဆိုတာကို ကြိုတင်တွေးထားပါ။

၎။ တစ်ချို့လူတွေ ပြက္ခဒိန်ကရက်စွဲအကွက်တွေမှာ အလုပ်တွေကို အတိုကောက်ရေးမှတ်ထားတာ တွေ့ဖူးကြမှာပါ။ အဲဒါကောင်းတဲ့အလေ့အကျင့်ပါပဲ။ တိုးတက်လာတဲ့ ဒီနေ့ခေတ်မှာတော့ Smartphone တွေမှာပါတဲ့ Calendar App မှာ အလုပ်ပေါင်းများစွာကို ရေးမှတ်ထားနိုင်ပါတယ်။ Alarm လည်းပေးနိုင်ပါသေးတယ်။ ကိုယ်လုပ်ခါနီးကျရင် Noti တက်လာပြီး အမြဲတမ်းကိုင်နေတဲ့ Phone ဖြစ်နေတော့ မမေ့တော့ဘူးပေါ့ဗျာ။

၅။ နံပါတ်ငါးအချက်ကတော့ အရေးမပါတဲ့အလုပ်တွေကိုဂရုစိုက်ပြီး အာရုံထားမနေပါနဲ့တဲ့။ အဲဒါ တကယ်ကိုအရေးကြီးပါတယ်။ ကိုယ်ကသတ်မှတ်ထားတဲ့ ရည်မှန်းချက်၊ ပန်းတိုင်ကိုသွားနေတဲ့အခါမှာ အာရုံနောက်စရာတွေအများကြီး ကြုံရတတ်ပါတယ်။ စိတ်ဖိစီးမှုတွေ၊ အာရုံနောက်စရာတွေကြောင့် ကိုယ့်ရဲ့ ပန်းတိုင်ဟာ ဝေဝါးသွားတတ်ပါတယ်။ အဲဒီလိုအဖြစ်မခံဘဲနဲ့ ဂရုစိုက်စရာမလိုတဲ့အရာတွေကို ဂရုစိုက်မနေပါနဲ့ဗျာ။

၆။ နောက်ဆုံးအချက်ကတော့ အလုပ်တွေကိုစုပြုံပြီး ပြိုင်တူမလုပ်ပါနဲ့။ အဲဒီလုပ်ရင် အားလုံးဟုန်ထွက်ပြီး ဘာမှမပြီးစီး ဖြစ်တတ်ပါတယ်။ အလုပ်တစ်ခုချင်းစီကို သေချာအာရုံထားပြီး အရည်အသွေးကောင်းကောင်းနဲ့ လုပ်ချင်ရင်တော့ မနိုင်ပဲနဲ့ အလုပ်တွေပြိုင်တူမလုပ်တာ အကောင်းဆုံးပါပဲ။
 

No comments:

Post a Comment