စာရေးဖို့အတွက် တော်တော် စဉ်းစားအချိန်ယူပြီး ရေးလေ့မရှိ ပေ မယ့် ပေါ်ပြူလာဂျာနယ်အတွက် မှတ်မှတ်ရရ ဆောင်းပါး တစ်ပုဒ်ရေး ဖြစ် ခဲ့တဲ့ လူမင်းက ရရှိခဲ့တဲ့ စာမူခကိုလည်း အခုချိန် ထိမြတ်မြတ်နိုးနိုးသိမ်း ထားဖြစ်ကြောင်းကို "ပေါ်ပြူလာဂျာနယ်မှာ ဆောင်းပါးရေးဖြစ်တယ်။
ကိုယ်သရုပ်ဆောင်အလုပ်ကနေ အနုပညာကြေးတွေရတယ်လေ။ ဒါပေမဲ့ စာရေးလို့ စာမူခရ တယ်ဆိုတာ ဘဝမှာ မရှိဖူးဘူးလေ။ အဲဒါကြောင့် တအားလည်း မြတ်နိုးတယ်။ ပြီးတော့ စာရေးဆ ရာတွေဆို အထင်ကြီး တယ်။ စာပေသမားတွေနဲ့ ယှဉ်ထိုင်လိုက်ရင်ကို ကိုယ်က အလိုလို သိမ် ငယ်သွားတာ။ သူတို့တွေလောက် စာမဖတ်နိုင်ဘူး။ ဗဟုသုတ သူ တို့တွေလောက်မရှိဘူး။ အဲဒီလိုစာရေးဆရာကြီးတွေနဲ့ မယှဉ် ကောင်းပေ မယ့် ဒီလိုစာမူခရတယ်ဆိုတော့ ထူးထူးဆန်ဆန်း မြတ် မြတ်နိုးနိုး နဲ့သိမ်းထားတာ။ အခု ထိတောင် စာအိတ်လေးနဲ့ သိမ်းထား တာရှိတယ်" လို့ ပြောပြပါတယ်။လတ် တလောမှာတော့ စာရေး ချင် စိတ်ဖြစ်မိနေပြီး အသက်အရွယ်ရလာတာနဲ့အမျှ အတွေ့အကြုံ၊ ခံစားချက်လေး တွေ ရေး ချင်နေတယ်လို့ လူမင်းက စာပေနဲ့ပတ်သက်ပြီး ပြောပြခဲ့ပါတယ်။
"စာရေးတာက အသက်ရလာတဲ့အပိုင်းမှ စိတ်ထဲက ခံစားချက်တွေက တစ်ခါမှ မဖတ်ဖူး။ မတွေ့ဖူးတာမျိုး စကားလုံးလေးတွေ ပေါ်လာတဲ့အခါ စာရေး ချင်စိတ်တွေ ဖြစ်မိတယ်။ ဒါပေမဲ့ ဘောလ်ပင်နဲ့စာရွက် ကိုင်လိုက်ရင် မရေးဖြစ် တော့ဘူး။ မရေးဖြစ်ရင် အသံသွင်းထားပါလား လို့ အကြံပေးတဲ့ သူတွေလည်းရှိ ပါတယ်။ ကိုယ်စာလေးတစ်ပုဒ်ရေးချင်တာ
'ခြင်လောက်သတ္တဝါလေးကို ဆင်လောက် အကုသိုလ်တွေနဲ့ သတ်မိတဲ့ငါ' ဆိုတဲ့ ခေါင်းစဉ်နဲ့ရေးချင်တာ။ ဘာအကြောင်းလဲဆိုတော့ ကိုယ့်သမီး ငယ်ငယ်တုန်းက ဆံပင်လေးတွေက ကျိုး တိုးကျဲတဲနဲ့၊ ကြားထဲမှာ ခြင်က ကိုက်နေတာ၊ ကြည့်နေရင်းနဲ့ ဒေါသတွေထွက်၊ စိတ်ထဲကလည်း ဆဲနည်း ပေါင်းစုံနဲ့ဆဲ၊ ဒီခြင်ကို ဘယ်လိုသတ်ရမလဲ။ သမီးနိုး သွားမှာလဲစိုး တယ်။ ဒီခြင်တစ်ကောင်သတ်ဖို့ဖြစ်သ
အသက်ရလာပြီး အတွေ့အကြုံနဲ့ ခံစား ချက်လေး တွေပေါ်လာတဲ့အခါစာရေးချင်စိတ
မေမွန်မောင်
https://www.facebook.com/photo.php?fbid=455802877850882&set=a.351047714993066.7
No comments:
Post a Comment