Pages

မင်းကွတ်သီး၏ ဆေးအသုံး





မင်းကွတ်သီးသည် အပူပိုင်း ဒေသထွက် သီးနှံတစ်မျိုး ဖြစ်သည်။ ပူအိုက် စွတ်စိုသော ရာသီဥတုရှိသည့် ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ ဗီယက်နမ်၊ အင်ဒိုနီးရှားနှင့် မြန်မာနိုင်ငံတို့တွင် မင်းကွတ်ပင်များ ရှင်သန် ပေါက်ရောက် သည်။

ရှေးပဝေသဏီ ကတည်းကပင် အရှေ့တောင်အာရှ နိုင်ငံများတွင် မင်းကွတ်သီး အခွံကို ဆေးဝါးအဖြစ် အသုံးပြု ခဲ့ကြပေသည်။ ဝမ်းပျက် ဝမ်းလျှောရောဂါ အတွက် မင်းကွတ်သီး အခွံကို ရေတွင် တစ်ညစိမ်၍ ယင်းစိမ်ရည်အား သောက်သုံးခြင်းဖြင့် ပျောက်ကင်းသည်ဟု ယုံကြည်စွာ သုံးစွဲကြသည်။ တစ်ဖန် မင်းကွတ်သီး အခွံအား ခပ်ပါးပါးလှီး၍ နေလှန်း အခြောက်ခံကာ လက်ဖက်ခြောက် ကဲ့သို့ ရေနွေးတွင်ခပ်၍ သောက်ခြင်းဖြင့် ဆီးရောဂါနှင့် ဂနိုကျသည့် ရောဂါများအား သက်သာ ပျောက်ကင်းသည်ဟု လက်ခံကာ သုံးစွဲတတ်ကြသည်။

အခြားသော ရောဂါများ အတွက်လည်း မင်းကွက်သီး အခွံကို ဆေးဝါးအဖြစ် အသုံးပြုရာတွင် အရေပြားနှင့် ဆိုင်သော ရောဂါများ ဖြစ်ကြသည့် မှက်ခရု၊ နှင်းခူစသည့် အနာများ၊ ခန္ဓာကိုယ် အရေပြားပေါ်တွင် အနီ အစက်အပြောက် ကလေးများ ပေါ်လာတတ်သည့် မိတ်ထွက်ခြင်းနှင့် အင်ပြင်ရောဂါတို့ အတွက်လည်း လိမ်းဆေးအဖြစ် အသုံးပြု တတ်ကြပေသည်။

ဓာတ်ခွဲခန်းတွင် စမ်းသပ် တွေ့ရှိချက် အရ မင်းကွတ်သီး အခွံတွင် ဇန်သုန်း (Xanthones) ခေါ် ဓာတြုဒပ်ပေါင်း တစ်မျိုး ပါရှိကြောင်း သိရှိရသည။် ယင်း ဓာတြုဒပ်ပေါင်းသည် အဏုဇီဝ ပိုးများနှင့် မှိုရောဂါပိုး များကို သေစေနိုင်စွမ်း သတ္တိရှိပြီး အနာမရင်း စေရန် ပိုးသတ်ဆေး ကဲ့သို့လည်း အသုံးဝင်ကြောင်း သိရှိရပေသည်။ ၎င်းအပြင် ယင်းဓာတုဒြပ်ပေါင်းသည် သဘာဝ အလျောက် သွေးကြောပိတ်ဆို့မှု အားလည်း ဟန့်တားနိုင်စွမ်း ရှိပြီး အသက်ကြီးသူ များတွင် အဖြစ်များသော ရိုးဆက်ယိုယွင်း ရောင်ရမ်းခြင်း ရောဂါအား သက်သာ ပျောက်ကင်း စေနိုင်သည် ဆို၏။

ယခုအခါ နိုင်ငံ တချို့တွင် မင်းကွတ်သီးအား ဖျော်ရည်အဖြစ် ပြုလုပ်ပြီး (Xango Juice) ဟူ၍ အမည်တပ်ကာ ရောင်းချလျက် ရှိသည်။ လူအများ ကလည်း ယင်းအား ကျန်းမာရေး အထောက်အကူပြု ဖျော်ရည်အဖြစ် ဝယ်ယူ သောက်သုံး တတ်ကြပေသည်။

မင်းကွတ်သီး အခွံတွင် တန်နင်း (Tannins) ခေါ် ဓာတြုဒပ်ပေါင်း တစ်မျိုးလည်း ပါရှိသဖြင့် ယင်းဓာတုဒြပ်ပေါင်းသည် ဝမ်းပျက်ဝမ်းလျှော ရောဂါအား သက်သာ ပျောက်ကင်းစေနိုင်သည် မှန်သော်လည်း အခြားသော ရောဂါများ အနက် တစ်စုံ တစ်ရာသော ရောဂါ ပျောက်ကင်းကြောင်းကိုမူ သိပ္ပံနည်းကျ သုတေသန ပြုလုပ်၍ လေ့လာ ထားရှိခြင်းမျိုးကား ယနေ့အချိန်ထိ မရှိသေးချေ။ သို့သော် ရှေးအစဉ်အလာ အရ သုံးစွဲ လာခဲ့ကြသည့် အတွက် လူအများက မင်းကွတ်သီးကို ဆေးဖက်ဝင် သီးနှံတစ်မျိုး အဖြစ် လက်ခံ ယုံကြည်ကာ သုံးစွဲလျက် ရှိကြပေသည်။ ။

မြဝတီ
 

No comments:

Post a Comment