Pages
▼
ကေသကာရီ
မြတ်စွာဘုရားလက်ထက်တော်က သားအမိနှစ်ယောက်ရှိပါတယ်..။
သမီးရဲ့ နာမည်က ကေသကာရီလို့  ခေါ်ပါတယ်..။ တစ်နေ့  အိမ်တံခါးဝမှာ
ထိုင်ပြီး သမီးက အမေရဲ့ ခေါင်းကို သန်းရှာပေးနေပါတယ်..။ အဲဒီ အချိန်မှာပဲ
ရဟန်းတော်တွေ အများကြီး ဆွမ်းခံကြွသွားတာ မြင်လိုက်တော့ သမီးက
အမေကိုမေးတယ်..။
.အမေ ....ဒီရဟန်းတွေဟာ ပထမအရွယ်... ရုပ်ရည်အဆင်း
လှလှပပ ရှိပါရက်နဲ့  ဘာမှလည်း မပျက်စီးသေးဘဲ ဘာဖြစ်လို့ 
ရဟန်းပြုကြတာလဲ...။.....".......ဒီတော့ အမေက......."..သမီး မြတ်စွာဘုရားပွင့်နေတယ်လေ......။ မြတ်စွာဘုရားတရားနာကြားပြီး
ရဟန်းပြုကြတာ...။ .."........... ဒီအချိန်မှာပဲ..သောတာပန် ဒကာတစ်ယောက်
အိမ်တံခါးဝ ရောက်လာပါတယ်..။ အမေလုပ်တဲ့သူက လှမ်းမေးပါတယ်..။
......"...ဥပသကာကြီးရယ်.....
တစ်ခု မသိလို့ မေးပါရစေ..။ အမျိုးကောင်းသားတွေ စည်းစိမ်တွေစွန့် 
...ဆွေမျိုးမိတ်ဆွေတွေစွန့် ပြီး မြတ်စွာ ဘုရားထံမှာ ရဟန်းပြုကြတယ်..။
ဘာအကျိုးမြင်လို့ ပါလဲ...။
ဒီတော့ သောတာပန်ဒကာက
...."...ကာမဂုဏ်ရဲ့  အပြစ်ကိုမြင်လို့  ရဟန်းပြုကြတာပါ...။.သောတာပန်ဒကာက
....သရဏဂုံနဲ့  ငါးပါးသီလ အကြောင်းနဲ့  ကျင့်သုံးရင် ရမယ့်
အကျိုးရလာဒ်တွေကိုပါ ပြောပြပါတယ်..။ ကေသကာရီက စိတ်ဝင်စားသွားပြီးတော့..................."... သရဏဂုံနဲ့  ငါးပါးသီလကို ကျွန်မတို့  မိန်းမသားတွေ ကျင့်သုံးရင်ကော..သင်ပြောတဲ့ အကျိုးတွေ ရနိုင်သလား....။."...လို့ မေးပါတယ်..။ .....ဒီတော့ သောတာပန်ဒကာက......".သမီးရယ်..ဒီတရားတွေဟာ
လူသားအားလုံးနဲ့  ဆိုင်ပါတယ်..။ လူသားအားလုံးကျင့်ဖို့ ဟောထားတာပါ..။
"...လို့ ပြန်ပြောပါတယ်..။ သောတာပန်ဒကာက ကေသကာရီကို... သရဏဂုံနဲ့ 
ငါးပါးသီလ ကိုယ်တိုင်ပေးပါတယ်..။ ကေသကာရီက ငါးပါးသီလကိုခံယူပြီးတော့......... "..ဥပသကာကြီး၇ယ်....။ သရဏဂုံ ..ငါးပါးသီလထက် မြင့်တာများရှိပါသေးလား."......လို
့မေးပါတယ်..။
ဒီတော့ သောတာပန်ဒကာက ကေသကာရီ တရားကို စိတ်ဝင်စားနေတာ သိပြီး
တရားပါရမီရှိသူလို့ လည်း နားလည်လိုက်တဲ့ အတွက် ဆက်ပြောပြပါတယ်..။
"...ရှိတာပေါ့..သမီး.။ ဆံပင်...မွေးညင်း...ခြေသည်း...လက်သည်း.....သွား...အရေ.....အသား....အကြော...... အရိုး...ရိုးတွင်းချဉ်ဆီ...အသည်း................စတဲ့
အဲဒီ သုံးဆယ့်နှစ်ကောဌာသ ကမ္မဋ္ဌာန်းကို အပြန်အလှန် စီးဖြန်းပါ..။ ဒီကနေ
တစ်ဆင့်တက်ပြီး အဆင်းဖြစ်ပျက်..အသံဖြစ်ပျက်...အနံ့ ဖြစ်ပျက်... အရသာဖြစ်ပျက်....ကြမ်းချောဖြစ်ပျက်...တွန်းတိုးဖြစ်ပျက်... ပူအေးဖြစ်ပျက်....မြင်ဖြစ်ပျက်....ကြားဖြစ်ပျက်...နံဖြစ်ပျက်... လျက်ဖြစ်ပျက်...တွေ့ ထိဖြစ်ပျက်... ဖြစ်ပျက်ဖြစ်ပျက်.....အဲဒီလို
နှလုံးသွင်းပါ..."....လို့  သုံးဆယ့်နှစ်ကောဋ္ဌာသ ကမ္မဋ္ဌာန်းနဲ့ 
ဖြစ်ပျက်ကမ္မဋ္ဌာန်းကို သေချာ ဟောပြပေးသွားပါတယ်..။
ကေသကာရီဟာ
သောတာပန်ဒကာဟောပြောပေးခဲ့တဲ့
ကမ္မဋ္ဌာန်းကို နေ့ စဉ် ပွားများအားထုတ်လိုက်တာ... မကြာမီမှာ သောတာပန်
တည်သွားပါတယ်...။
( ၀ိမာန ၀တ္ထု အဋ္ဌကထာ ၊ ကေသကာရီဝတ္ထု...) (
ရဝေနွယ်-အင်းမ )
https://www.facebook.com/photo.php?fbid=307267729416927&set=a.157604777716557.
No comments:
Post a Comment