..........................
ငယ်ငယ်တုန်းကပေါ့။ ကျနော်ဆိုရင် ဖတ်စရာ စာအုပ်တစ်အုပ်ဝယ်ဖြစ်တဲ့အခါ
ထုတ်ဝေတဲ့ ခုနှစ်ကို ကြည့်မိတယ်။ ဒါက ဘယ်နှစ်ထုတ်လဲပေါ့။ ၁၉၉၅ လို့သိလိုက်ရရင် ၁၉၉၅ ခုနှစ်က ဒီလိုစာအုပ်တွေ ရှိနေပါလား၊ ၉၅ ဆိုတော့ ငါမမွေးခင် ဘယ်နှစ်နှစ်လဲ အစရှိသဖြင့် လိုက်တွေးနေမိတယ်။ နောက် အဖုံးမှာ ဆွဲထားတဲ့ ပုံလေးလှရင် ဒါ ဘယ်နိုင်ငံက အနုပညာ လက်ရာ ဖြစ်ရမယ်။ စာအုပ် မျက်နှာဖုံးက စာလုံး ကာလာရောင်နဲ့ စတိုင်ကို ကြည့်ပြီး ဒီစတိုင်က လှတယ်။ ဒီ font style ကတော့ ဒိတ်အောက်နေပြီ အစရှိသဖြင့်ပေါ့။ ၁၉၉၅ ခုနှစ်က မြန်မာ သုံးတဲ့ Myanmar font တွေ ပုံစံကို ကျနော်မြင်ရတာ ပုံစံတစ်မျိုးပေါက်နေတယ်လေ။
ပြီးရင်စာအုပ်စစချင်းက အမှာစာမှာ ရေးတဲ့သူရဲ့  အာဘော်ကို သုံးလေးကြောင်းလောက် ဖတ်မိတယ်။ စာအရေးလား၊ စကားအရေးလား။ သူတို့ခေတ်အရေးအသားတွေက ဒီခေတ်မှာ အမြင်ဆန်းတယ်လေ။ သည်၏ သုံးပုံတွေခြားနားတယ်။ လတ္တံ့ ဆိုတာမျိုးတွေ သုံးကြတာ လေ့လာမိတယ်။
ကဲအားလုံး ခြေစ ခေါင်းဆုံး ကြည့်ပြီး စာဖတ်တော့မယ်ဆိုတော့ အချိန်ကြည့်လိုက်တော့ တစ်နာရီ ကုန်လို့ကုန်မှန်းမသိ သိလိုက်ရတယ်။ တော်သေးတာပေါ့။ စာအုပ်က ကိုယ်အပိုင်ဝယ်ထားတဲ့ စာအုပ်မို့။ စာကြည့်တိုက်မှာ ထိုင်ဖတ်နေရင် အချိန်က နှမြောစရာ။ အားလုံး ပြီးတော့မှ စာအုပ်ဖတ်ဖြစ်လိုက်တယ်။ ဒါတောင်ဖတ်ရင်း အာရုံစိုက်ရ မျက်စိငြောင်းလို့ နားလိုက်ဖတ်လိုက်နဲ့ တော်တော်နဲ့ ခရီးမရောက်ဘူး။ စာကို တစ်ကြောင်းချင်းစီ စာလုံးအခွဲ ဆိုလို့ရင်းကို စေ့စေ့ပေါက်ပေါက်သိချင်တဲ့ ဝါသနာကလည်း ထုံတော့ တစ်ပတ်တောင်ကြာသွားပါတယ်။
ဆိုလိုရင်းက ဒီလိုပါ။
ကျနော်တို့ လူ့ဘဝသက်တမ်းက အသက် ၈၀။ ကျနော်ကတော့ ၅၀ ကျော်လောက်နဲ့ တွက်ထားတာ။ ဒီလောက်နည်းတဲ့အချိန်ကာလအတွ
ယနေ့အထိ ဗုဒ္ဓဘာသာဝင်တွေ အချိန်ကုန်လို့ကုန်မှန်းမသိ
မြတ်စွာဘုရား ဟောခဲ့ပါတယ်။ သံသရာဝဋ်ဆင်းရဲမှ ကျွတ်လွတ်ရာတရားက သစ္စာ လေးပါးတဲ့။ ဗုဒ္ဓဘာသာ ဘာသာရဲ့  ရည်ရွယ်ချက်က သံသရာဝဋ်ဆင်းရဲက ကျွတ်ဖို့လေ။ အခုက ဘာနဲ့ တူလဲဆို ပန်းထိမ်မတတ်ခင် ရွှေခိုးသင်ရသလိုပဲ။ မတတ်သင့်ဘူး၊ မသိသင့်ဘူးလို့မပြောဘူးနော်
ရလာတဲ့ ရလဒ်ကတော့ ဟိုဟာမှန်သလို၊ ဒီဟာမှန်သလို နဲ့ နောက်ဆုံး ဘာမှသိပ်မထူးခြားဘူး။ ကျနော် စစချင်းက ပေးခဲ့တဲ့ ဥပမာလိုပေါ့။ အချိန်က နည်းပါတယ်ဆို ငှားလာတဲ့ စာအုပ်တစ်ခုမှာ ခေါင်းစဉ်ကပါ။ စာအုပ်သားက ဘာနဲ့လုပ်တယ်။ စာလုံး စတိုင်က ဘယ်လိုရှိတယ်။ အဲဒါတွေနဲ့ပဲအချိန်ကုန်သွား
ကျနော်တို့ လူ့သက်တမ်း ၈၀ ကို ၆၀ နဲ့ပဲတွက်ပါ။ နှစ် ၆၀ အတွင်း လောကီမှာ ဆပ်မကုန်တဲ့ ဝဋ်ကြွေးတွေအတွက် အလုပ်လုပ်နေကြတယ်။ ဖြတ်သန်းနေကြတယ်။ ပျော်မွေ့နေကြတယ်။ အဆင်းရဲခံနေကြတယ်။ အစရှိသဖြင့်ပေါ့။ အချိန်တွေပေါနေပါသလား။ ဒီကြားထဲ လောကုတ္တရာ မှာ လေ့လာ၊ကျင့်ကြံ၊အားထုတ်သုံး
လေ့လာချင်စိတ်ပြင်းထန်တာကော
.
အောင်ခမ်း (Myanmar Young Buddhist)
.
http://
No comments:
Post a Comment