ချစ်စရာကောင်းတဲ့ မြန်မာ့ဓလေ့လေးနော် .. မြန်မာ့ယဉ်ကျေးမှုတစ်ခုကို ဖော်ညွှန်းတဲ့ အလှတရား လေး .. ဘယ်တော့မှ ပျောက်ပျက်မသွားနိုင်မယ့် ချစ်စရာကောင်းတဲ့ ရိုးရာတစ်ခုပေါ့။ ညလေးတို့ ငယ်ငယ်ကဆိုရင် ကံ့ကော်ပင်အောက်မှာ ပန်းခြောက်တွေလိုက်ကောက်ပြီ
သနပ်ခါးဆိုတာ မြန်မာအမည်ပဲဖြစ်ပြီး သနပ်ခါးပင်ရဲ့ ရုက္ခဗေဒအမည်ကတော့ (Limonia Acidissima) ဖြစ်တယ်လို့ သိရပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ဝေတဲ့ လက်တွေ့ အသုံးချ ဆေးဖက်အပင်များ ပေါင်းချုပ်စာအုပ်မှာလည်း သနပ်ခါးထဲမှာ ပါဝင်တဲ့ ဒြပ်ပေါင်းများကို ဖော်ပြထားပါတယ်..သနပ်ခါးမှာ
သနပ်ခါးလိမ်းရင် ချွေးပေါက်ပိတ်ပြီး အသားအရည်ညစ်တယ်လို့ပြောတဲ့ တစ်ချို့မိန်းကလေးတွေ ကတော့ အသိမှားတာပါ ..တကယ်တော့ သနပ်ခါးဟာ သွေးလေကြေတယ် .. အဆီမပြန်တော့ ၀က်ခြံမထွက်ဖူး .. အေးလည်းအေးလို့ တင်းတိပ်လည်း မထွက်ဖူးလေ .. ဓါတုဗေဒ မပါတော့ အသားအရည် ပျက်စီးမှာလည်း လုံးဝကို စိုးရိမ်စရာမလိုဘူး .. သနပ်ခါး ပါးကွက်ပါးလေးနဲ့ မျက်နှာအလှဟာလည်း မြင်ရတဲ့သူ ရင်မှာအေးတယ် .. ဘယ်တော့ကြည့်ကြည့် ဘယ်အချိန်ပဲကြည့်ကြည့် မရိုးနိုင်မယ့် အလှစစ်ပါပဲ …။
ဒီနေရာမှ ကူးယူမျှဝေပါသည်။
No comments:
Post a Comment