Thursday, May 30, 2013
ငှက်ဖျား ရောဂါသည် ကျွန်တော်တို့ မြန်မာ နိုင်ငံအပါအဝင်၊ ကမ္ဘာ့နိုင်ငံ
များတွင် ကြီးမားစွာ ဒုက္ခ ပေးလျက် ရှိသည်။ ငှက်ဖျား ရောဂါ ကြောင့် မသေ
သင့်သော သူများ သေဆုံး ခဲ့ကြ ရပါသည်။ နှစ်စဉ် နှစ်တိုင်း၊ တစ်ကမ္ဘာလုံးရှိ
ပြည်သူများနှင့် တပ်မတော်သားများကို ခြိမ်းခြောက်လျက် ရှိပါသည်။
ငှက်ဖျားရောဂါအတွက် နောက်ဆုံးပေါ်ခေတ်မီဆေးဝါးများ
ပေါ်လာ သော် လည်း သေဆုံးခြင်း၊ အားအင်ချိနဲ့ခြင်း များ
ဖြစ်ပေါ်လျက်ရှိပါသည်။ အဘယ် ကြောင့်ဆိုသော်၊ ကာကွယ်နည်းများကို
လိုက်နာဆောင်ရွက်မှုအားနည်းခြင်းနှင့် ထိရောက်စွာကုသမှုမရှိခြင်းကြောင့်ဖြစ်ပါ သည်။
ငှက်ဖျားတိုက်ဖျက်ရေးလုပ်ငန်း များတွင် ပြည်သူတစ်ရပ်လုံးပါဝင်မှုနည်း ခြင်း ကြောင့် လည်း ဖြစ်ပါသည်။
**ငှက်ဖျားဖြစ်စေသောအကြောင်း အရင်း**
ငှက်ဖျားရောဂါသည် စိမ့်ရေ၊ စမ်း ရေသောက်ခြင်း၊ ငှက်ပျောသီး၊ ကျွဲကော
သီးစား၍မဟုတ်ပါ။ အဓိကအားဖြင့် ခြင် ကိုက်ခြင်းကြောင့် ကူးစက်တတ်သော
ရောဂါဖြစ်ပါသည်။ ငှက်ဖျားရောဂါပိုး သယ်ဆောင်လာသော အနော်ဖီလီခြင်မ
ကိုက်ခြင်းကြောင့် လူနာမှ အခြားသူထံ ရောဂါကူးစက်ခြင်းဖြစ်ပါသည်။ ထိုခြင်မ သည် နေဝင်ချိန်မှ နံနက်မိုးသောက် အရုဏ်တက်အတွင်း (အထူးသဖြင့် ည အချိန်)၌ လူကို ကိုက်လေ့ရှိပါသည်။
(၂) ငှက်ဖျားရောဂါကိုဖြစ်စေ သော ရောဂါပိုးများ
အဓိအားဖြင့် ၄ မျိုးရှိပါသည်။ ၄င်း တို့မှာ ပလက်စမိုးဒီယမ် (ဖယ်စီပရမ်၊
မလေးရီရေး၊ အိုဗေးနှင့် ဗိုင်းဗတ်)တို့ဖြစ် ပါသည်။ ပလက်စမိုးဒီယမ်
ဖယ်စီပရမ် သည် အဖြစ်အများဆုံးနှင့် အပြင်းအထန် ဆုံး အမျိုးအစားဖြစ်ပါသည်။
သေဆုံးမှု လည်း အများဆုံးဖြစ်ပါသည်။
(၃) ငှက်ဖျားရောဂါလက္ခဏာများ
ငှက်ဖျားရောဂါလက္ခဏာများသည် ငှက်ဖျားရော၈ါပိုးကို ဖြစ်စေသော ရောဂါ ပိုးအမျိုးအစားပေါ်တွင် မူတည်ပါသည်။ရောဂါပိုးရှိသော
ခြင်ကိုက်ပြီး ၁၀ ရက်မှ ၂၁ ရက်အတွင်းဖြစ်တတ်ပါသည်။ သို့ ပေမယ့်
၎င်းရက်များထက်လည်း ပို၍ ကြာနိုင်ပါသည်။ ငှက်ဖျားရောဂါပိုးကူးစက်
ခံရခြင်းမရှိသေးသောကလေးများ၊
ငှက် ဖျားပေါသော ဒေသတွင်ရှိသောသူများနှင့် ငှက်ဖျားဒေသသို့
ခရီးသွားသူများတွင် လက္ခဏာများကို တွေ့ရှိနိုင်ပါသည်။ အများဆုံးတွေ့ရှိရသော
လက္ခဏာ များမှာ ဖျားခြင်းဖြစ်ပြီး၊ ချမ်းတုန်ခြင်းနှင့်
ချွေးထွက်ခြင်းတို့ဖြင့် ဆက်နွယ်မှုရှိပါ သည်။ ဖယ်စီပရမ်အမျိုးအစားသည်
အဖျားတက်ချိန် မမှန်ပါ။ ဗိုင်းဗတ်သည် တစ်ရက်ခြားမှန်မှန်ဖျားတတ်ပြီး၊
မလေးရီ ရေးသည် နှစ်ရက်ခြား တစ်ခါဖျားတတ်ပါ သည်။ အခြားလက္ခဏာများမှာ ကိုယ်
လက်မအီမသာဖြစ်ပြီး နေထိုင်မကောင်း ခြင်း၊ ခေါင်းကိုက်ခြင်း၊ ချောင်း
ဆိုးခြင်း၊ အန်ခြင်း (သို့မဟုတ်) ဝမ်းအနည်းငယ် လျှောခြင်းတို့ဖြစ်ပါသည်။
(၄) ငှက်ဖျား၏နောက်ဆက်တွဲ ဆိုးကျိုးများ
ငှက်ဖျား၏နောက်ဆက်တွဲ ဆိုးကျိုး များကြောင့် ပြင်းထန်စွာခံစားရပြီး သေဆုံး နိုင်ပါသည်။ ゞင်းတို့မှာ
(က) ပြင်းထန်စွာ သွေးအားနည်းခြင်း
(ခ) ဆီးထဲတွင် သွေး ပါခြင်း
(ဂ) ငှက်ဖျားပိုးဦးနှောက်ထဲဝင်၍ သတိလစ်မေ့မြောခြင်း
(ဃ) ခန္ဓာကိုယ် အနှံ့အပြားတွင် သွေးခဲ၍ သွေးခဲရှိ ရောဂါ ပိုးမွှားများ
ခန္ဓာကိုယ်တစ်ခုလုံးသို့ ပြန့် ကျဲခြင်းနှင့် အလိုအလျောက် သွေးယိုစီး ခြင်း
(င) ခန္ဓာကိုယ်အတွင်းရှိ သတ္တု ဓာတ်များမညီမျှ၍ အန်ခြင်း၊
ဝမ်းလျှော ခြင်း၊ ဝမ်းချုပ်ခြင်းနှင့် ချွေးထွက်လွန်ခြင်း
(စ) အများအလွန်ကြီးပြီးတက်ခြင်းနှင့် သတိမေ့ခြင်း
(ဆ) သွေးထဲတွင် သကြား ဓာတ်နည်းခြင်း
(ဇ) ပါရာဆိုဒ်ရောဂါပိုးများ ပြန့်ပွားခြင်း
(ဈ) ရောဂါပိုးဝင်လွယ်ခြင်း (ဥပမာ- အဆုတ်ရောင်ခြင်း၊ ဝမ်းပျက် ဝမ်းလျှောခြင်း၊ အူရောင်ငန်းဖျားရောဂါ စသည်)
(ည) အသားဝါဖြစ်ခြင်းနှင့် အသည်းရောင်ခြင်း
(ဋ) ငှက်ဖျားကြောင့် ဝမ်းလျှောဝမ်းပျက်ခြင်း
(ဌ) ဇီဝတွင်းဖြစ် ပျက်မှုကြောင့် သွေးတွင် အက်ဆစ်ဓာတ် များပြားပါဝင်နေခြင်း
(ဍ) နာတာရှည် ငှက်ဖျားရောဂါကြောင့် အားအင်ချိနဲ့ ထုံကျဉ်၍ လမ်းမလျှောက်နိုင်ခြင်း
(ဎ) ဖောရောင်၍ အသက်ကြပ်မောခြင်း
(ဏ) အဆုတ်ရောင်ခြင်းနှင့် လတ်တလော အဆုတ်ကောင်းစွာပုံမှန်ပြန့်ကားမလုပ်နိုင် သောကြောင့် အသက်ရှူခြင်း ခက်ခဲမှု ရောဂါလက္ခဏာစုဖြစ်ခြင်း
(တ) လတ် တလော ကျောက်ကပ်ပျက်စီးခြင်းနှင့် (ထ) (ဘေလုံး)သရက်ရွက်ကြီးခြင်းနှင့် ဘေးလုံးကွဲတတ်ခြင်းတို့ဖြစ်ပါသည်။
(၅) ကိုယ်ဝန်ဆောင်မိခင်များနှင့် ငှက်ဖျား
ကိုယ်ဝန်ဆောင်မိခင်များတွင် ငှက်ဖျားဖြစ်ပါက သွေးအားနည်းခြင်း၊ သွေးထဲတွင် သကြားဓာတ်နည်းခြင်း၊ လတ်တလော အဆုတ်ရောင်ခြင်း၊ ပါရာ ဆိုဒ်ပါးအရေအတွက်များခြင်းနှင့်
ငှက်ဖျား ပိုး ဦးနှောက်ထဲ ဝင်ရောက်ခြင်းတို့ဖြစ် တတ်ပါသည်။
သေဆုံးမှုနှုန်းသည် ၂ဆမှ ၁၀ ဆထိများပြားတတ်ပါသည်။ သန္ဓေသားများတွင်
မွေးဖွားချိန်တွင် ချက်ခြင်း သေဆုံးခြင်း၊ အချိန်မတိုင်မီ မွေးဖွားခြင်း၊
ကိုယ်အလေးချိန်မပြည့်ဘဲ မွေးခြင်းနှင့် မိခင်တွင်ကိုယ်ဝန်ပျက်ခြင်း တို့ ခံစားရနိုင်ပါသည်။
(၆) ကာကွယ်ခြင်း
(က) တစ်ကိုယ်ရည်ကာကွယ်နည်း များ
လူကို ခြင်ကိုက်ခြင်းမှ ကာကွယ်ရန် ဘောင်းဘီအရှည်၊ အင်္ကျီလက်ရှည်နှင့် လုံချည်တို့ကို လုံလုံခြုံခြုံဝတ်ဆင်ရပါမည်။ ပိုးသတ်ဆေးစိမ်ခြင်ထောင်ကို
အသုံးပြု ပြီး ညပိုင်းတွင် အိပ်ပါ။ ခန်းဆီးလိုက်က များကို
ပိုးသတ်ဆေးစိမ်ထားပါက ပို ကောင်းပါသည်။ ခြင်များနေအိမ် အဆောက်အဦအတွင်းသို့
မဝင်နိုင်ရင် တံခါးပေါက်နှင့် ပြတင်းပေါက်များတွင်
ခြင်လုံဇကာများကာရံထားသင့်ပါသည်။
ညနေပိုင်းနှင့် ညမိုးချုပ်အချိန်များ၌ အိမ်၊ ခြံအပြင်ဘက်သို့
ထွက်ခွာခြင်းကို မပြု လုပ်သင့်ပါ။ ညဘက်တွင် ခြင်မကပ်နိုင် စေရန် ဆေးရည်
(သို့မဟုတ်) ညှစ်ဆေး တောင့်များကို လိမ်းထားပေးပါ။ ခြင်နှိမ် နင်းရန်အတွက်
ခြင်ဆေးခွေများ သုံးသော် လည်း အဆုတ်ရောဂါများဖြစ်တတ်၍ သတိထားရပါမည်။
နနွင်းမှိုင်းကဲ့သို့သော အလွယ်တကူရရှိနိုင်သည့် ခြင်နိုင်ဆေးခွေ ကို
အသုံးပြုရပါမည်။
(ခ) လူထုပါဝင်လှုပ်ရှားခြင်း
ငှက်ဖျားရောဂါကာကွယ်နှိမ်နင်း ရေးအတွက် ခြင်နှိမ်နင်းရေးသည်အဓိက အရေးပါဆောင်ရွက်ရမည့်အချက်ဖြစ်ပါ သည်။ သို့ဖြစ်ပါ၍ လူထုပါဝင်လှုပ်ရှားမှု အပြင် ခြင်ပေါက်ဖွားသည့်နေရာနှင့်ခြင်
ရှိသောနေရာများကို ရှင်းလင်းရပါမည်။ ရေစီးရေလာကောင်းအောင် ဆောင်ရွက်ပါ။
ချိုင့်ခွက်များကို မြေဖို့ပါ။ ပတ်ဝန်းကျင် သန့်ရှင်းပြုပြင်ရေးများကို ဆောင်ရွက်ပါ။ ရေတွင်းရေကန်များတွင် လောက်လန်းစား ငါးများထည့်ခြင်းပြုလုပ်ရပါမည်။ ချုံ၊ နွယ် များ ရှင်းလင်းပါ။
(ဂ) ကာကွယ်ဆေးတိုက်ကျွေးခြင်း
မိခင်နှင့် ကလေး၏အသက် အန္တရာယ်ထိခိုက်ခြင်းမှ ကာကွယ်နိုင်၍
ကြိုတင်ကာကွယ်ဆေးများကို ငှက်ဖျား ရောဂါအဖြစ်များသော ဒေသတွင်ရှိသော
ကိုယ်ဝန်ဆောင်မိခင်များကို တိုက်ကျွေး သင့်ပါသည်။ ငှက်ဖျားရောဂါထူပြောသော
ဒေသသို့ ခရီးသွားမည့်သူလည်း ကာကွယ် ဆေးကို ကြိုတင်သောက်သင့်ပါသည်။
(၇) အကြံပြုချက်
ကာကွယ်ခြင်းသည် ကုသခြင်း ထက်ပိုကောင်းသည်}ဆိုသည့်အတိုင်း၊
ကာကွယ်နည်းများကို လိုက်နာဆောင်ရွက် ပါ။ ငှက်ဖျားရောဂါထူပြောသော ဒေသမှ
ပြန်လာခဲ့ပါက ငှက်ဖျားပိုးရှိမရှိစစ်ဆေး ပါ။ ရှိပါက အစွမ်းထက်သော ငှက်ဖျား
ဆေးများဖြင့် ထိရောက်စွာကုသပါ။ ငှက် ဖျားဖြစ်ပွားရာဒေသတွင် နေထိုင်သူများ
သည် မပေါ့ဆဘဲ၊ ကျန်းမာရေးဝန်ထမ်း များဖြင့် ကုသမှုခံယူပါ။ ကိုယ်ဝန်ဆောင်
မိခင်များ ငှက်ဖျားမဖြစ်ပွားအောင် ကြို တင် ကာကွယ်ပါ။ ကလေးတစ်ဦးဖျား ပါက
ငှက်ဖျားကိုလည်း မမေ့သင့်ကြောင်း အကြံပြုအပ်ပါသည်။
https://www.facebook.com/photo.php?fbid=422833684481135&set=a.3510477149930
No comments:
Post a Comment