Pages

ကျွန်တော် လူသားဆန်ဆန် မတွေးမိခဲ့ဘူး



             အရင်ကာလများဆီက ကားမှတ်တိုင်တွေ လမ်းဘေးပလက်ဖောင်းတွေမှာ အဖိုးကြီး အဖွားကြီးတွေ ယောဂီဝတ်စုံ ၀တ်ပြီး ပိုက်ဆံတောင်းနေကြ တာတွေ့ ရင် ကျနော် ဒေါသ အရမ်းဖြစ်တယ်.။ ဒါ..သာသာနာနဲ့ ပါတ်သတ် တဲ့ ၀တ်စုံတွေ ကိုခုတုံးလုပ်ပြီး တောင်းရမ်းစားသောက်နေကြတာ..ပိုက် ဆံတောင်းရင် ရိုးရိုးတန်းတန်းတောင်း ရင်ရရဲ့ သားနဲ့ ဘာလို့  ဒီဝတ်စုံတွေ နဲ့တောင်းနေကြတာလဲ..ပေါ့..ဘာသာခြားတွေက .. အထင်သေးသွားမယ်ဆို တဲ့ အတွေးနဲ့  ကျနော်ဆီမှာ ယောဂီဝတ်စုံဝတ်ထားပြီး အလှူခံလာလို့ ကေ တာ့  တ ခါမှ မလှူခဲ့ဘူးပါ...မျက်နှာလွဲပစ်လိုက်တယ်..။

            ခုချိန်ကျနော် တဖြည်းဖြည်းသိလာရတော့  ကျနော် မှားမှန်းသိခဲ့ ပါတယ်.. ကျနော် အမှားအတွက်လဲနောင်တ ရပြီး ရှက်မိခဲ့ပါတယ်။တကယ်တော့  ပုံမှာပါတဲ့ အဖိုးအဖွားတွေ က ဘ၀နေ၀င် ချိန်မှာ မ၀ရေစာ စားပြီး နောက်ဆုံးစောင့်စားနေကြ သူတွေ ပါ .။ ငယ်ရွယ်တုန်းကလို မာန်မရှိ ၊ ခွန်အားမရှိ ၊ သားထောက် သမီးခံမရှိ ၊ နေစရာ မရှိတော့ လမ်းဘေး ဖြ စ်ဖြစ် အိမ်ကြားလှေကား ကြား မှာပဲ ဖြစ်ဖြစ်...လူသား တယောက်ဖြစ် ပါလျှက်နဲ့  လမ်းပေါ်မှာပဲ အိပ်စားနေကြရတာပါ..။အဲဒီအဖိုးအဖွားတွေ က လမ်းပေါ်စရောက်ရောက်ခြင်းမှာအများအားဖြင့် စိတ်ဝေဒနာ မရှိကြဘူး..။


အချိန်ကြာလာတာနှင့်အမျှ စိတ်ဝေဒနာပါ ရလာကြတယ် .။ ဆာတဲ့အချိန်မှာ စားစရာ မရှိ ၊ မိုးရွာတဲ့အချိန်မှာ အကာအကွယ်မရှိ ၊ နေပူတဲ့အချိန်မှာ အဆောင်းမရှိ ၊ ချမ်းတဲ့အချိန်မှာ အနွေးထည်မရှိပဲ...မြေငွေ့နွေးနွေး နဲ့  အအေးဓါတ်ကို ကာကွယ်ကြရတယ်..။စဉ်းစားကြည့်ကြစမ်းပါ..ကျနော်တို့  လူငယ်တွေတောင် သူတို့ လို့  ဆင်းရဲငတ်ပြတ်တဲ့ဒါဏ်တွေ ခံနိုင်ကြ ရဲ့ လားလို့ ...ကြာလာတော့ စိတ်ဝေဒနာ ရသွားကြပါတော့တယ်..။


       ဘ၀ကံအကျိုးပေးနည်းခဲ့ကြလို့  ယောဂီဝတ်စုံဝတ်ထားပြီး အလှူခံတာ ၊တောင်းရမ်းကြတာ ဘယ်သို့ ပင်ဖြစ်စေကာ...သူတို့  အဖို့ မှာတော့  လူသာမန်တဦး ၀တ်ဆင်နိုင်တဲ့ ဘာသာရေးဝတ်စုံဟာ ယောဂီ ၀တ်စုံပါ ပဲ..။သူတို့ အတွက် သံသရာမျှော်လင့်ချက်ပါပဲ..။ ကျနော် တတ်နိုင်သမျှ ပေး ကမ်းကူညီလှူဒါန်းပြီး သေဆုံးခြင်းကိုခက်ခဲစွာစောင့်မျှော်နေသူတွေ အတွက် အထောက်အပံ့ဖြစ်စေပါတော့မယ်..။

Myat Thu  

http://www.facebook.com/photo.php?fbid=402767103154460&set=a.351047714993066.76

No comments:

Post a Comment