ကမ္ဘာ့လူဦးရေ သန်းပေါင်းများစွာဟာ ကော်ဖီကို ကြိုက်နှစ်သက်ကြတယ်. . ကော်ဖီနှင့်ပတ်သက်ပြီး ကောင်းကျိုး ဆိုးကျိုးတွေကို ပြောကြသလို အမျိုးမျိုးလည်း သတ်မှတ်ကြပါတယ်. . တချို့ ကကော်ဖီမှာ ကဖိန်းဓာတ်ပါလို့ အာရုံကြောကို ဒုက္ခရောက်စေတယ်လို့ ဆိုကြတယ်. . .မကြာသေးခင်က ထွက်ရှိခဲ့တဲ့ အစီရင်ခံစာများထဲတွင် ကော်ဖီနှင့်ပက်သက်ပြီး ကောင်းကျိုးတွေပါလာပါတယ်. . ကော်ဖီဟာရောဂါကြီးတွေကိုတော
နှလုံးကို အားကောင်းစေပါသလား
အရင်ကတော့ ကော်ဖီဟာ နှလုံးကို အားနည်းစေတယ် . . နှလုံးမကောင်းဘူးလို့ ကောက်ချက်ချခဲ့ကြတယ်. . . လွန်ခဲ့တဲ့ အနှစ်၂၀က ဆိုရင် လေ့လာဆန်းစစ်မှုများကို ဥရောပကလုပ်ကြပြီး ကော်ဖီပြင်းပြင်းသောက်ရင် ကိုလက်စထရော အများကြီးဖြစ်ပေါ်စေတယ်လို့ ပြောကြတယ်. . . သုတေသီတွေကလည်း အမျိုးမျိုး ဆန်းစစ်ကြည့်ကြပါတယ်. . အဲဒီအခါမှာ ကော်ဖီကို ပုံမှန်သောက်မယ် အလွန်အကျွံ့မဟုတ်ဘဲ အသင့်အတင့် သောက်မယ်ဆိုရင် မိမိရဲ့ သွေးတိုးစေမှုကို အန္တရာယ် မဖြစ်ဘူး . . သွေးတိုးရောဂါလည်း မဖြစ်ဘူးလို့ ဆိုပါတယ် . . ဒါ့အပြင် သွေးခုန်နှုန်း မမှန်တာတွေကို မှန်အောင် အားပေးတယ်. . ကျန်းမာရေး ကောင်းတဲ့ သူတွေဖြစ်အောင် ကော်ဖီကအကျိုးပြုပါတယ်လို့ ဆိုပါတယ် . . ကော်ဖီကြောင့် နှလုံးရောဂါဖြစ်တယ်ဆိုတာ အခုမှဟုတ်တော့ပါဘူးလို့ ဟားဗတ်တက္ကသိုလ်က မိယာစတင်ဖာက ပြောပါတယ်. . ကော်ဖီသောက်တာနဲ့ နှလုံးရောဂါဖြစ်တာ ဘယ်လိုမှ မပတ်သက်ဘူးဆိုတာလည်း သိရှိလာရပါတယ်. . .
ပါကင်ဆန်ခေါ် ခြေတုန်လက်တုန်ရောဂါကို ကာကွယ်ပေးခြင်း
ယခုအခါ ကော်ဖီရဲ့ အာနိသင်နဲ့ပတ်သက်ပြီး အသစ်တွေ့ရှိတာက အသက်ကြီးတဲ့ အခါ ဖြစ်တတ်တဲ့ ပါကင်ဆန်ခေါ် ခြေတုန်လက်တုန်ရောဂါကို သက်သာပျောက်ကင်းစေသလို မဖြစ်အောင်လည်း ကာကွယ်တယ်လို့ ဆိုပါတယ်…
ကော်ဖီများများသောက်ရင် ကိုယ်ဝန်ပျက်စီးစေသလား
ကနေဒါက ကော်ဖီနဲ့ပတ်သက်ပြီး လေ့လာဆန်းစစ်သူတွေဟာ သားပျက်ကျတဲ့ ကိုယ်ဝန်ဆောင်သည်တွေကို စစ်ဆေးကြည့်တဲ့အခါ ၃၆% ဟာ တစ်နေ့ကို ကော်ဖီနှစ်ခွက်သောက်တဲ့သူတေ
ကင်ဆာရောဂါဖြစ်နိုင်သလား
၁၉၈၀ ခုနှစ်ကာလတွေတုန်းကတော့ ကော်ဖီသောက်လို့ရှိရင် ပန်းခရိကင်ဆာဖြစ်နိုင်တယ်လိ
အားကစားနှင့်ကော်ဖီ
ကဖိန်းဟာ အမှန်တကယ်တော့ စိတ်ကြွမှုအားကောင်းစေတဲ့ ဓာတ်တစ်မျိုးဖြစ်ပါတယ်. . . နိုင်ငံတကာ အိုလံပစ် ကော်မတီက သွေးထဲမှာ ကဖိန်းဓာတ် ဘယ်လောက်ရှိရမလဲဆိုတာကို ကန့်သတ်ထားပါတယ် . . . ပြိုင်ပွဲများတွင် စိတ်ကြွဆေး သုံးမသုံး သက်ဆိုင်ရာ စမ်းသပ်စစ်ဆေးတဲ့အခါ ကဖိန်းဓာတ် ဘယ်လောက် ပါသလဲဆိုတာလည်း စစ်ပါတယ်. . ကဖိန်းဟာ နိုးကြားပြီး စိတ်ဓာတ်တက်ကြွစေတယ်. . ကော်ဖီကို လိုအပ်တာထက် ပိုသောက်ကြရင် အိပ်မပျော်ဘဲ လန်းဆန်းတက်ကြွနေပါတယ်. . ဒါကြောင့် အားကစားသများတွေကို မူးယစ်ဆေး မသုံးရဆိုတာကြောင့် ကဖိန်းဓာတ် ပါဝင်မှုကို ကန့်သတ်ထားတာ ဖြစ်ပါတယ်. .
ကော်ဖီကို သောက်သင့်သလား .
အမျိုးသမီးတွေမှာ ကိုယ်ဝန်ဆောင်တဲ့အခါ ဗိုက်ထဲက ကလေးကို မွေးတဲ့အခါ နို့တိုက်ရမှာဖြစ်တယ်. ဒါကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီးတွေအနေနဲ့ တစ်နေ့ကိုယ် ကော်ဖီ ၂ ခွက်သောက်သင့်ပါတယ်. . ၂ ခွက်ထက်တော့ မပိုသင့်ပါဘူး ကော်ဖီအလွန်အကျွံ့သောက်လို့
ကော်ဖီသောက်တာ ဆိုးကျိုးရှိသလို ကောင်းကျိုးလည်း ရှိနိုင်ပါတယ် . . အလွန်အကျွံ့ မသောက်ဘဲ မျှတအောင်ပဲ သောက်ဖို့ လိုပါတယ်..
မြန်မာ မိသားစုမှ ကူးယူ ဖော်ပြပါသည်။
http://www.facebook.com/photo.php?fbid=399286030169234&set=a.351047714993066.76
No comments:
Post a Comment