Pages

ဓါတုကော်စေးဝင်ရောက်ပါက မျက်စိကွယ်သည်အထိ ဖြစ်ပွားနိုင်


 
 Wednesday, 03 April 2013

အုတ်အခဲမြန်စေရေးနှင့်အုတ်သားပိုမိုခိုင်ခန့်ရေး အသုံးပြုကြသည့် အုတ်အားတိုးဆေးရည်၌ ပါဝင်သည့် ဓါတုကော်စေးများ မျက်စိအတွင်း
ဝင်ပါက မျက်ကြည်လွှာပျက်စီးစေ ယုံမျှမက မျက်စိကွယ်သည်အထိ
ဖြစ်ပွားနိုင်ကြောင်း အဆိပ်သင့်ကုသမှုဋ္ဌာနမှ အထွေထွေရောဂါကု
သမားတော် ဒေါက်တာရဲမြင့်က ဆိုသည်။

“ဘယ်Chemical မဆို အရေပြားကို ထိရင် သိပ်ပြဿနာမရှိပေမယ့်၊ မျက်စိက အရည်ကြည်ပဲရှိတဲ့အတွက် မျက်ကြည်လွှာထိခိုက်နိုင်တယ်၊ မျက်စိကွယ်တဲ့အထိဖြစ်နိုင်တယ်”ဟုအထွေထွေရောဂါကုသမားတော
ဒေါက်တာရဲမြင့်က ပြောသည်။

အုတ်အားတိုးဆေးထုတ်လုပ်ရေးလုပ်ငန်းခွင်များ၌လည်း လုပ်ငန်းခွင်သုံး
မျက်မှန်များ တပ်ဆင်ထုတ်လုပ်သင့်ကြောင်းကိုလည်း အကြံပြုပြောကြားခဲ့
သည်။

အဆိုပါ အုတ်အားတိုးဆေးရည်များ၌ ဓါတုကော်စေးများထည့်သွင်း အသုံးပြု
ထားခြင်းကြောင့် အသုံးပြုစဉ် မျက်စိထဲဝင်ပါက ရေများများနှင့်ချက်ချင်း ဆေး
ပစ်ရန်လိုအပ်သည်ဟု C-Brick 7 မှ အသုံးပြုသူများသို့ သတိပေးထုတ် ပြန်
ထားသည်။

“ဒီအုတ်အားတိုးဆေးထဲမှာ လေဟာနယ်မကျန်ပဲသိပ်သည်းမှုပိုအား
ကောင်းစေအောင်ထည့်သွင်းအသုံးပြုတဲ့ စေးကပ်စေတဲ့ ဓါတုကော်စေး
တွေက ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုရှိနိုင်လို့ မျက်စိထဲဝင်ရင် ချက်ချင်းဆေး
ပစ်ဖို့ သတိပေးထားတာပါ”ဟု အင်ဂျင်နီယာတစ်ဦးက ဆိုသည်။

ဘိလပ်မြေထည့်သွင်းအသုံးပြုရသည့် အုတ်ထုတ်လုပ်ရေးလုပ်ငန်းများ၌ သာမာန်အားဖြင့် အနည်းဆုံး အုတ် သားသေရန် ၂၁ရက်ခန့် အချိန်ယူနေ
လှမ်းရပြီး၊ အဆောက်အဦးအခိုင်အမာ ဆောက်လုပ်ရန်အတွက် ၄၂ရက်
အချိန်ယူစောင့်ဆိုင်းရကြောင်း ဆောက်လုပ်ရေးအင်ဂျင်နီယာတစ်ဦးက ဆိုသည်။

“ ဒီအားတိုးဆေးရည်တွေကို ကော်ထည့်အသုံးပြုထားတဲ့အတွက် ဘိလပ်မြေ setting time ကိုမြန်စေပြီး စွဲအားကောင်းစေလို့ အသုံးပြုနေကြတာပါ”ဟု လားရှိုးမြို့နယ်မှ အုတ်ထုတ်လုပ်ရေးလုပ်ငန်းရှင် ဦးထွန်းအောင် ကဆိုသည်။

C-Brick 7 အရည်ကို ဘိလပ်မြေတစ်အိတ်လျှင်(၀.၅)လီတာထည့်သွင်း
အသုံးပြုခြင်းအားဖြင့် အုတ်အရည် သွေးကို သိသာစွာကောင်းမွန်စေကြောင်း Monica C-Brick 7မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

အဆိုပါ C-Brick 7အရည်ကိုထည့်သွင်းအသုံးပြုခြင်းအားဖြင့် သဲကျောက်
ဘိလပ်မြေများကို တစ်ခုနှင့်တစ်ခု ပိုမိုစေးကပ်တွယ်ဆက်၍ ကျစ်လစ်စေပြီး၊ အုတ်သားပိုမိုမာကျော၍ ထုတ်လုပ်မှုမြန်ဆန်ကာ သယ်ယူပို့ဆောင်စဉ် အုတ်ကျိုးပြတ်မှု ဒဏ်ပိုမိုခံနိုင်စွမ်းရှိကြောင်းကိုလည်း သိရှိရသည်။

ကွန်ကရစ်အုတ်၊ သဲအုတ်၊ဗြုန်းအုတ် ထုတ်လုပ်ရေးလုပ်ငန်းများ၌ အုတ်
အားတိုးဆေးအသုံးပြုကြပြီး အမြန်ဆုံး အုတ်သားသေစေရန်နှင့် ခိုင်ခန့်မှု
အတွက်ထည့်သွင်းအသုံးပြုရာ၌ ဖော်စပ်ထုတ်လုပ်ထားသော ဆေးအရည် တစ်မျိုး၌ ဓါတုကော်စေများ ထည့်သွင်းအသုံးပြုထားသည့်အပေါ်တွင် သတိပေးပြောကြားထားခြင်းလည်း ဖြစ်သည်။

အဆိုပါ အုတ်အားတိုးဆေးအရည်များကို မန္တလေးတိုင်းဒေသကြီးအပါအ၀င် ရှမ်းပြည်နယ်တောင်ပိုင်းနှင့် ရှမ်းပြည်နယ်မြောက်ပိုင်းဒေသများနှင့် ကွန်ကရစ်
အုတ်အသုံးများသည့်ဒေသများ၌ အသုံးပြုကြသည်။

Myit Makha Mediagroup

http://www.facebook.com/photo.php?fbid=399732883457882&set=a.351047714993066.76

No comments:

Post a Comment