Pages
▼
ဗန်းမော်ဆရာတော်ဘုရားကြီး၏ မြွေပွေးအမြီးကိုင်သူပုံပြင်
ဗန်းမော်ဆရာတော်သည် ဥပုတ်နေ့ စာဝါနားသောနေ့တစ်နေ့တွင် စာကြည့်နေလေသည်။ထိုစာကြည့်နေစဉ် ဒကာတစ်ယောက်သည် ကျောင်းပေါ်တက်လာပြီး ဆရာတော်အား ၀တ်ချ ကန်တော့လေသည်။
“ဘာအကြောင်းထူးများရှိလို့လဲ ဒကာ” ဟု စာကြည့်ရင်းမှမေးလိုက်သည်။
“မှန်လှပါ..အရှင်ဘုရား တပည့်တော်တို့ဒကာအချင်းချင်း အငြင်းပွားနေတဲ့အကြောင်းတစ်ခုရှိတာနဲ့ ဆရာတော်ထံလာခဲ့တာပါဘုရား”
“ဆိုစမ်းပါဦးကွာ...ဘာတွေငြင်းနေကြတာလဲ”
“မှန်လှပါ...အရက်သေစာကိုရိုးရိုးရေအဖြစ်နဲ့ စိတ်ကမှန်းပြီး သောက်ရင်အပြစ်ရှိတယ် အပြစ်မရှိဘူးဆိုတာ ငြင်းနေကြပါတယ်ဘုရား”
“မြွေပွေးကို မြက်လျှောလို့ စိတ်ကထင်ပြီး အမြီးသွားကိုင် မကိုက်ဘူးလား”
“မှန်ပါ..သေသေချာချာ ကိုက်ပါတယ်ဘုရား”
“အေး...ကိုက်မိရင်အဆိပ်မတက်ဘူးလား”
“အဆိပ်တက်ပါတယ်ဘုရား”
“အဆိပ်တက်ရင် သေတာပေါ့ဟ...
၊အေး ဒီဥပမာလိုပဲ သေတတ်တယ်ဆိုတာ
သိလျက်နဲ့တော့ မြွေပွေးအမြီးမကိုင်မိကြဖို့ အရေးကြီးသပေါ့ကွာ.
အရက်သေစာ ဆိုတာကလည်း သောက်စားမိရင် မှောက်မှားတတ်တဲ့အရာမှန်သမျှကို
လွယ်လွယ်ကူကူနဲ့ပြုမူတတ်တယ်ဆိုတာ သိလျက်နဲ့ မြွေပွေးကို မြက်လျှောထင်ပြီးမကိုင်ကြနဲ့ဟေ့“ ဟုပြောဆိုဆုံးမလေသည်။
Moekyashweco
http://www.facebook.com/photo.php?fbid=405606172870553&set=a.351047714993066.76
No comments:
Post a Comment