Pages

ဆယ်မိနစ် အားသွင်းရုံဖြင့် တစ်လသုံးနိုင်သည့် ကမ္ဘာ့အပါးလွှာဆုံး နာရီ




Central Standard Timing လို့ခေါ်တဲ့ Electronic ကုမ္ပဏီတစ်ခုမှ 0.8 မီလီမီတာသာ အထူရှိသော ကမ္ဘာ့အပါးလွှာဆုံးနာရီကို စမ်းသပ်ထုပ်လုပ်နေပါတယ်။

နာရီကို ကိုယ်ထည်ကို ကွေးညွတ်နိုင်သော ပြော့ပြောင်းတဲ့ Stainless Steel စတီးဖြင့်ပြုလုပ်ထားပြီး၊ display ကိုတော့ Electronic Ink လို့ခေါ်တဲ့ E-ink Electronic paper တစ်မျိုးဖြင့် ပြုလုပ်ထားပါတယ်။

သာမန် Credit Card အကြွေးဝယ်ကဒ် တစ်ခုလောက်သာ အထူရှိတဲ့ ဒီ CST-01 နာရီမှာ သော့သီးကဲ့
သို့သော ခလုပ်တစ်ခုမျှ မပါဝင်ပဲ အချိန်တိုက်ခြင်း၊ ၁၂ နာရီနှင့် ၂၄ နာရီ စနစ်ပြောင်းလဲခြင်းများကို
Base Station လို့ခေါ်တဲ့ အားသွင်းနိုင်တဲ့ ထိမ်းချုပ်တုံးလေးမှ တစ်ဆင့် ပြုလုပ်ပေးရမှာဖြစ်ပါတယ်။

Micro-Energy Cell လို့ခေါ်တဲ့အလွန်သေးငယ်ပြီး၊ လေးလံသောဓါတုပစ္စည်းများ၊အဆိပ်သင့် စေနိုင်
သော ပစ္စည်းများမပါဝင်သည့် ဓါတ်ခဲကို အသုံးပြုထားပါတယ်။

ဆယ်မိနစ်အားသွင်းရုံဖြင့်တစ်လတိုင်အောင် အသုံးပြုနိုင်တဲ့ ၄င်း MEC စနစ်ဓါတ်ခဲမှာအကြိမ်၁၀၀၀၀ ခန့်အားပြန်လည်ဖြည့်သွင်းနိုင်ပြီး၊ ၁၅ နှစ်ခန့်ထိအောင်အသုံးပြုနိုင်တယ်လို့ ဆိုထားပါတယ်။


ref:ဆိုင်မွန်
ဗေဒါလမ်း Baydarlan သုတ ရသ ဟာသ ပြည်ပအနုပညာ

ဒီနေရာမှကူးယူမှဝေပါသည်။ 

No comments:

Post a Comment