Pages

"နတ်တိုမှာသော စကားသုံးခွန်း"



သဒ္ဓါရဲ.တန်ဖိုးကို လူတွေထက် နတ်တွေက ပိုသိတယ်။
ဘာဖြစ်လို. ပိုသိသလဲဆိုတော. လူတွေက စီးပွားဥစ္စာကို
ကြိုးစားပြီးရှာကြတယ်၊ ကိုယ်.ရဲ.လုံ.လ၀ီရိယကြောင်.
စီးပွားဥစ္စာတွေ တိုးတက်ကြတယ်ဆိုတော. ကံ ကံရဲ.အကျိုးကို
သိပ်ပြီးမယုံကြည်ဘူး၊ သဒ္ဓါရဲ.စွမ်းအားကို သိပ်ပြီးမသိကြဘူး၊
နတ်တွေကျတော. ကံ ကံရဲ.အကျိုးကို သိပ်ပြီးယုံကြည်တယ်။
ဘာဖြစ်လို.လဲဆိုတော. သူတို.မှာက လုပ်ကိုင်ပြီး စားရတဲ.ဘ၀မှ
မဟုတ်တာ၊ ကံ ကံရဲ.အကျိုးကြောင်. ရလာတဲ.ဘ၀သာဖြစ်တယ်။
အရာရာဟာ ကံပေါ်မှာ မူတည်နေတယ်၊ ကံမရှိရင် ဘာမှ မရပါဘူး။
လူ.ပြည်မှာလို အရောင်းအ၀ယ်လုပ်လို.မရဘူး၊ နတ်ပြည်မှာ
ရွှေဆိုင်တွေ ဖွင်.လို.ရတာ မဟုတ်ဘူး။ အဲဒီတော. ကံပေးတာလေးပဲ
သူတို.တတွေ ရကြတာနော်။

နတ်တွေက လူတွေနဲ.မတူဘူး၊ ဖြစ်ပေါ်လာတဲ.ဘ၀တစ်ခုမှာ
သူတို. နတ်သက်တမ်းတစ်လျှောက်လုံး ၀တ်ထားတဲ.အ၀တ်လည်း
ဘယ်တော.မှ ဖွတ်ရတယ်မရှိဘူး၊ ပန်ထားတဲ.ပန်းကလည်း
ဘယ်တော.မှ နွမ်းသွားတယ်မရှိဘူး၊ အို ပူလို.အိုက်လို.
ချွေးထွက်တာလည်း မရှိဘူး၊ အမြဲတမ်း သန်.ရှင်း သန်.ပြန်.နေတယ်။
သဘာဝကိုက သန်.ပြန်.နေတယ်။

သို.သော် နတ်တွေဟာ ကံကုန်တော.မယ်ဆိုရင် ၀တ်ထားတဲ.
အ၀တ်တွေ နွမ်းလာတယ်၊ ပန်ထားတဲ.ပန်းတွေ ညှိုးလာတယ်၊
ခန္ဓာကိုယ်ဟာလည်း စိုစိုပြေပြေ မရှိတော.ဘဲ မွဲမွဲခြောက်ခြောက်
ဖြစ်လာတယ်၊ ချိုင်းကြားကနေ ချွေးတွေဘာတွေ ထွက်လာတယ်၊
ဒါက သူတို.သေခါနီးပြီဆိုတဲ. sign ပြတာလို.ခေါ်တယ်။
အဲဒီလို အခြေအနေတွေပေါ်လာတဲ. နတ်တွေကို မိတ်ဆွေနတ်က
နန္ဒ၀န်ဥယျာဉ်ထဲကို ဆွဲခေါ်သွားကြတယ်၊ ဆွဲခေါ်သွားပြီးတော.
စကား(၃)ခွန်းပြောဆိုမှာကြားကြတယ်။

"အေး ဘာမှမစိုးရိမ်ပါနဲ.၊ ဒီဘ၀ကသေသွားလို.ရှိရင်
အကောင်းဆုံးဘုံကို ရောက်အောင်သွားပါ၊ အကောင်းဆုံးဘုံကို
ရောက်တဲ.အခါကျတော. အကောင်းဆုံလက်ဆောင်ကို
ရအောင်ယူလာပါ၊ ရထားတဲ. လာဘ်လာဘကို ခိုင်မာအောင်
ကြိုးစားပါ" ဆိုတဲ. စကား (၃) ခွန်းကို ပြောလိုက်ကြတယ်။

စကား(၃)ခွန်းရဲ.အဓိပ္ပါယ်က ဘာလဲဆိုရင်
အကောင်းဆုံးဘုံကို ရောက်အောင်သွားဆိုတာက
လူ.ဘုံကို ရောက်အောင်သွားလို. ပြောတာဖြစ်တယ်။
အကောင်းဆုံးလာဘ်ကို ရအောင်ယူဆိုတာ သဒ္ဓါတရားကို
ပြောတာဖြစ်တယ်၊ ခိုင်မာအောင်လုပ်ပါ ဆိုတာ အဲဒီရထားတဲ.
သဒ္ဓါတရားကို ခိုင်မာအောင်လုပ်ပါလို. ဒီလိုဆိုလိုတာဖြစ်တယ်။

အဲဒီတော. နတ်သားတစ်ယောက်၊ နတ်သမီးတစ်ယောက်
စုတေခါနီးပြီဆိုရင် နန္ဒ၀န်ဥယျာဉ်ကို ခေါ်သွားပြီးတော.
အဲဒီစကား(၃)ခွန်းကို မှာကြားကြပါတယ်။
အဲဒါကြောင်. သဒ္ဓါစွမ်းအားရဲ.တန်ဖိုးကို သူတို.ကပိုသိကြတယ်။
လူ.ပြည်ရဲ.တန်ဖိုးကို သူတို.ကပိုသိကြတယ်။
လူ.ပြည်မှာ ဘုရား တရား သံဃာ ရတနာသုံးပါးရှိတဲ.အတွက်
ကုသိုလ်ကောင်းမှုတွေ အကုန်လုံးလုပ်နိုင်တယ်။

လူ.ပြည်မှာ ကုသိုလ်ကောင်းမှုများများလုပ်လာတဲ. ပုဂ္ဂိုလ်သည်
နတ်ပြည်ရောက်တဲ.အခါမှာ သာမန်ထက်ပိုပြီး ထူးခြားတဲ.စည်းစိမ်
ခံစားရတယ်၊ ဒါကြောင်.သွားချင်ရင် ဘယ်မှမသွားပါနဲ.၊
လူ.ပြည်ကိုသွားပါ၊ သဒ္ဓါတရားရှိလာပြီဆိုရင် ဒီသဒ္ဓါစွမ်းအားကို
အကြောင်းပြုပြီးတော. ကုသိုလ်များများလုပ်ပါ၊ လုပ်ပြီးရင်
တို.နတ်ပြည်ကို ပြန်လာပါလို. ဒီလိုမှာကြတယ်။

မေတ္တာဖြင်.
အနှိုင်းမဲ.စာတိုပေစများ
Like This Page · 6 hours ago

No comments:

Post a Comment