သံသရာဝဋ်ဆင်းရဲအပေါင်းမှ ထွက်မြောက်နိုင်ရန်
ဟောကြားအပ်သော မြတ်ဗုဒ္ဓ၏ အဆုံးအမ ဒေသနာတော်ကို
" သာသနာ " ဟုခေါ်ပါသည်။ ထိုသာသနာ၏ အနှစ်
သာရကား - သီလ ၊ သမာဓိ ၊ ပညာများပင် ဖြစ်၏။
“ သီလ ”
- " သီလ " ဟူသည် ပါဠိဝေါဟာရ ဖြစ်၏။ သို့ရာတွင် မြန်မာတို့
အသုံးအစွဲများသဖြင့် အခြားမြန်မာဝေါဟာရကဲ့သို့ပင
လွယ်ကူပြီး မြန်မာဝေါဟာရအသွင်ဆောင်နေပြ
၁။ သီလ၏ အဓိပ္ပာယ်
ပင်ကိုသဘော၊ အလေ့အထ၊ မြင့်မြတ်ကောင်းမွန်သော အကျင့်
စသည်တို့သည်သီလသဒ္ဒါ၏ အနက်အဓိပ္ပာယ်များ ဖြစ်၏။ ကိုယ်ဖြင်
့ပြုမှု(ကာယကံ ) ၊ နှုတ်ဖြင့်ပြုမှု (၀စီကံ ) တို့ကို ဖရိုဖရဲ မဖြစ်စေဘဲ
ကောင်းစွုာ ထားခြင်း ၊ ကောင်းစွာဆောင်ခြင်းကို သီလဆောက်တည်
သည်ဟု ခေါ်ဝေါ်ကြပါသည်။
၂ ။ သီလ၏ အမည်အမျိုးမျိုး
ထိုသီလကား - ငါးပါးသီလ ၊ ရှစ်ပါးသီလ၊ ကိုးပါးသီလ ၊ ဆယ်ပါးသီလ ၊
ရဟန်းတော်များနှင့်ဆိုင်ရာ သီလ၊ ရဟန်းမများနှင့်ဆိုင်ရာ သီလ။
စသည်ဖြင့် အမည်အမျိုးမျိုး ရှိပါသည်။
၃ ။ သီလ၏ ဂုဏ်ကျေးဇူးများ
ထိုသီလသည် အထူးခြားဆုံး အဆန်းကြယ်ဆုံး အဆင်တန်ဆာဖြစ်၏။
အမွှေးပျံ့ဆုံးရနံ့ထုးလည်း ဖြစ်ပါ၏။ ထို့ကြောင့်ပင် ကျမ်းဂန်တို့၌ သီလကို
ပရိယာယ် အမျိုးမျိုးဖြင့်ဖော်ပြလတ္တံ
" သီလံ ယောဂိဿ လင်္ကာရော၊ သီလံ ယောဂိဿ မဏ္ဍနံ။
သီလေဟိ လင်္ကာတော ယောဂီ၊ မဏ္ဍန အဂ္ဂတံ ဂတော။
- သိ၊ ဋ္ဌ- ၅၅
- သီလသည် ယောဂီ(တရားကျင့်သူ)၏ ရိုးရိုးအဆင်တန်ဆာ အထူးခြားဆုံး
အဆင်တန်ဆာမည်၏။ သီလဖြင့် တန်ဆာဆင်သော ယောဂီ (တရားကျင့်သူ)သည်အဆန်တန်ဆာအ
" စန္ဒနံ တဂရံ ၀ါပိ၊ ဥပ္ပလံ အထ ၀ဿိကီ။
ဧတေသံ ဂန္ဓဇာတာနံ၊ သီလဂန္ဓော အနုတ္တရော ။
- သိ၊ဋ္ဌ- ၅၆။
- စန္ဒကူးပန်း၊ တောင်ဇလပ်ပန်း၊ ကြာပန်း၊ မိုးစွေ(မြတ်လေး) ပန်းတို့၏
မွှေးရနံ့ထက်သီလမွှေးရနံ့ကသာ အမွှေးပျံ့ဆုံး ဖြစ်သည်။
" အပ္ပမတ္တော အယံ ဂန္ဓော၊ ယွာယံ တဂရ စန္ဒနံ။
ယော စ သီလ၀တံ ဂန္ဓော ၊ ၀ါတိ ဒေဝေသု ဥတ္တမော။
- တောင်ဇလပ်ပန်း၊ စန္ဒကူးပန်းတို့၏ မွှေးရနံ့သည် အနည်းငယ်မျှသာဖြစ်သည်။ သီလရှိသူတို့၏ ကျော်စောသင်း ပျံ့ မွှေးရနံ့ကား နတ်ပြည်တို့၌ပင် အလွန်အကဲ ပျံ့နှံ့မွှေးကြိုင်လှပါသည်။
ဤသို့စသည်ဖြင့် သိလ၏ ဂုဏ်ကျေးဇူးများကို တခမ်း တနား ဖော်ပြသောကြခြင်း ဖြစ်ပါ၏။
၎။ သီလ၏ အကျိုးတရားများ
သီလကိုစောင့်ထိန်းက ကောင်းသော အကျိုးတရားများကို ခံစားကြရမည်ဖြစ်၏။ ယင်းကောင်းကျိုးတို့ကား -
၁ ။ မမေ့မလျော့ခြင်းကြောင့် များစွာသော စည်းစိမ်အစုကို ရရှိခြင်း၊
၂ ။ ကောင်းသောကျော်စောသတင်း ပျံ့နှံ့ထွက်ခြင်း။
၃ ။ ပရိသတ်အလယ်သို့ မကြောက်မရွံ့၊ မျက်နှာ မညှိုးမငယ် ချဉ်းကပ်ရခြင်း။
၎ ။ မတွေမဝေသေရခြင်း။
၅ ။ အချိန်တန်၍ သေပြီးနောက် နတ်ပြည်ရောက်ခြင်း စသော အကျိုးတရားများပင် ဖြစ်သည်။
- ဗုဒ္ဓ
- (သုတ်မဟာဝါ၊ မဟာပရိနိဗ္ဗာနသုတ် )
ထို့ပြင် သီလကိုစောင့်ထိန်းသူသည် သာယာရွှင်လန်းခြင်းစသော အကျိုးဆက်များကို ရရှိနိုင်၏။
ထိုသို့ သာယာရွှင်လန်းသူမှာ ၀မ်းမြောက်ခြင်း (နုသော ပီတိပါမောဇ္ဇ ) ဖြစ်၏။ ၀မ်းမြောက်ခြင်းဖြစ်သူမှာ နှစ်သက်ခြင်း(ရင့်သော ပီတိ)ဖြစ် ၏။ နှစ်သက်ခြင်းဖြစ်သူမှာ ကိုယ်စိတ်ငြိမ်းချမ်းခြင်း (ပဿဒ္ဓိ)
ဖြစ်၏။ ငြိမ်းချမ်းခြင်းဖြစ်သူမှာ ကိုယ်စိတ်ချမ်းသာခြင်း (သုခ)ဖြစ်၏။ ကိုယ်စိတ်ချမ်းသာသူမှာတည်ကြ
ဖြစ်၏။ ထိုဥာဏ်ဖြစ်သူမှာ သံသရာဝဋ်ဒုက္ခတို့၌ ငြီးငွေ့ခြင်း (နိဗ္ဗိန္ဒ)တည်းဟူသော အားကောင်းသည့်ဝိပဿနာဥာဏ် (ဗလ၀၀ိ ပဿနာဥာဏ်) ဖြစ်၏။ ထိုဥာဏ်ဖြစ်သူမှာ တပ်နှစ် သက်ခြင်း ကင်းသောမဂ်တရားဖြစ် ၏။ မဂ်တရားဖြစ်သူမှာ ၀ိမုတ္တိခေါ် အရဟတ္တဖိုလ်တရားဖြစ်၏။ ယင်းဖိုလ်တရားဖြစ်သူမှာ မဂ်ဖိုလ် နိဗ္ဗာန်ကို ဆင်ခြင်ခြင်း(ပစ္စဝေက္ခဏာ) ဥာဏ်ဖြစ်၏။ ယင်းဥာဏ်ဖြစ်သူမှာ အကြွင်းမရှိသောနိဗ္ဗာန်ချမ်း
- ( အံ၊ ၃- ၅၀၅ )
သီလစောင့်ထိန်းခြင်းအတွက် ဖော်ပြပါအတိုင်း ပစ္စပ္ပန်ကောင်းကျိုး၊ တမလွန်ကောင်းကျိုးသာမကနိဗ္ဗာ
တို့၏ အစ " ဟု ဖော်ပြခြင်းဖြစ်ပါ၏။
- ဗုဒ္ဓဘာသာကောင်းတစ်ယောက်
( သာသနာတော်ထွန်းကားပြန့်ပွား
https://www.facebook.com/photo.php?fbid=396646580433179&set=a.351047714993066.7
No comments:
Post a Comment