Pages

တမလွန်မှ အလင်းပေးသူ ဒေါ်ဖုန်းမေ


တမလွန်မှ အလင်းပေးသူ
Photo Sharing

တမလွန်ဘဝသို့ ရောက်ရှိသွားသောသူသည်မွန်မြတ်သောအလှူဒါနတစ်ခုကို အောင်မြင်စွာ
လုပ်ဆောင်သွားသည့်ကိစ္စရပ်အား (၄.၃.၂ဝ၁၃) ရက်နေ့တွင် တွေ့ကြုံခဲ့ရပါသည်။ ၄.၃.၂ဝ၁၃ရက်နေ့တွင်အမှတ် ၉၂၂၊ပင်းယလမ်း၊ (၅)ရပ်ကွက်၊တောင်ဥက္ကလာပမြို့နယ်နေ ဒေါ်ဖုန်းမေ အသက် (၆၈) နှစ်သည် ကွယ်လွန်သွားခဲ့သည်။နေအိမ်သို့နာရေးကူညီမှုအသင်း(ရန်ကုန်)
မှ အသင်းသားနှင့် ယာဉ်မောင်း/နောက်လိုက်တို့ ရောက်ရှိချိန် ၌ နာရေးရှင်မိသားစုတို့မှ ခေတ္တခဏ စောင့်ဆိုင်းပေးပါရန်
တောင်းဆိုခဲ့သဖြင့် (၁ဝ) မိနစ်ခန့်စောင့်ခဲ့သည်။

 

နာရေးရှင်၏ပြောပြချက်အရ ကွယ်လွန်သူ ဒေါ်ဖုန်းမေသည် မိမိ၏ မျက်ကြည်လွှာအား အမျိုးသားမျက်စိဘဏ်တွင် လှူဒါန်း
ထားပြီးဖြစ်သည်။ အမျိုးသားမျက်စိဘဏ်မှ မျက်ကြည်လွှာအား သူနာပြု (Nurse) ရောက်ရှိသောအခါမျက်ကြည်လွှာအလှူ
ရှင် ဒေါ်ဖုန်းမေ၏ မျက်ကြည်လွှာ (၁) စုံအား မိနစ် (၃ဝ) ခန့် ထုတ်ယူခဲ့ပြီးနောက် နေအိမ်မှ ရေဝေးသုဿန်အအေးခန်းသို့
 နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ကူညီဖေးမ ပို့ဆောင်ပေးခဲ့သည်။ မျက်စိဝေဒနာရှင်တစ်ဦး မျက်ကြည်လွှာမကောင်းလျှင်
 ကွယ်လွန်သွားသူတို့မှ လှူဒါန်းထားသော မျက် ကြည်လွှာဖြင့်သာ အစားထိုးကုသရပေသည်။
 

မျက်ကြည်လွှာအလှူသည် အလှူရှင်ကွယ်လွန်မှသာရသည်ဖြစ်၍ လွန်စွာရှားပါးသောအလှူဒါနဖြစ်သည်။မျက်စိမမြင်သူနှစ်
ဦး၏ ဘဝအား အမြင်အာရုံပြန်လည်ရရှိစေပြီး လူ့ လောကထဲတွင် စိတ်ချမ်းသာစွာနှင့် နေထိုင်သွားနိုင်မည်ဖြစ်သည်။ မြတ်
စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးကိုယ်တော်တိုင်ပင် လေးအသေင်္ချနှင့်  ကမ္ဘာတစ်သိန်း စွန့်ခြင်းငါးပါး ဖြစ်သော လက်၊ခြေ၊
 မျက်လုံး၊ အသက်တို့အပြင် ဇနီး၊ သားသမီး တို့အားဝေနေယျများစွာ သတ္တဝါတို့အတွက်လောကအကျိုးစီးပွားအလို့ငှာကြိမ်
ဖန်များစွာ စွန့်လွှတ်အနစ်နာခံကာ လှူဒါန်းခဲ့သည်။

 

အလွန့်အလွန် မွန်မြတ် သော အလှူဒါနပါရမီ ဖြစ်ပါသည်။ ထို့ကြောင့် တမလွန်မှ အလင်းပေးသွားသော မျက်ကြည်လွှာအ
လှူရှင် ဒေါ်ဖုန်းမေအား နာရေးကူညီမှု အသင်း(ရန်ကုန်)မှ လိုက်လံပို့ဆောင်သင်္ဂြိုလ်လိုက်ရသည့်အတွက်အလှူရှင်များနှင့်
တကွ နာရေးကူညီမှုအသင်း (ရန်ကုန်)၏ အသင်းသား/သူများ၊  ဝန်ထမ်းများတို့မှ   ကုသိုလ်အကျိုးထူးများရရှိသဖြင့် မျက်
ကြည်လွှာ အလှူရှင် ဒေါ်ဖုန်းမေ အား သာဓု .. သာဓု ..သာဓု ခေါ်ဆိုလိုက်ရပါတော့သည်။မျက်စိလှူကြ၊ မျက်ကြည်ရ၊မြတ်
သည့်လှူဒါန တစ်ခုဖြစ်သည်။
REF; FACEBOOK\\ U KYAW THU ထံမှကူးယူပါသည်။

http://www.mmcfamily.org/profiles/blogs/3003595:BlogPost:2017384

No comments:

Post a Comment