လွန်ခဲ့သော နှစ်ပေါင်း ၂၅၀၀ ကျော်လောက်က တကယ်ဖြစ်ခဲ့တဲ့ ဇတ်လေးတစ်ပုဒ်ကို အရင်ပြောပြရအောင်ပါ။
ကာလအနေနဲ့ပြောရင် မြတ်စွာဘုရား ပွင့်တော်မူနေတဲ့ကာလပါ။ ပြည်က ဝေသာလီပြည်မှာပါ။ အဲဒီကာလ အဲဒီဝေသာလီ ပြည်မှာပဲ မ၀ိမလာလို့ အမည်ရတဲ့ အမျိုးသမီးလေး တစ်ယောက် ရှိခဲ့ဖူးပါတယ်။ ၀ိမလာရဲ့ အဓိပ္ပါယ်က အညစ်အကြေးအကြေး ကင်းစင်သူ၊ သန့်ရှင်းစင်ကြယ်သူပါ။ ဒါက တင်စားတဲ့ ရုဠီနာမည်ပါ။ တကယ့်အရှိ အနွတ္တအမည်မဟုတ်ပါဘူး။
ဝိမလာဟာ ဝေသာလီပြည်မှာ အလှဆုံးစာရင်းဝင်တစ်ယောက်ပါ
ဝေသာလီပြည်သားတွေရဲ့ ပါးစပ်ဖျားမှာလည်း ”၀ိမလာ ၀ိမလာ” ဆိုပြီး ရေပန်းစားနေပါတယ်။ ၀ိမလာရဲ့ဆီကို သူဌေးသူကြွယ်တွေလောက်ပဲ သွားနိုင်ပါတယ်။ ကျန်တဲ့ သာမန်လူတွေတော့ မသွားနိုင်ပါဘူး။ ၀ိမလာ ကိုယ်တိုင်ကလည်း သူ့ရဲ့အလှ သူရဲ့အောင်မြင်ကျော်ကြားမှုအ
ဒီလိုနဲ့ တစ်နေ့မှာတော့ အရှင်မဟာမောဂ္ဂလာန်ဟာ ဝေသာလီပြည်ထဲကို ဆွမ်းခံကြွလာပါတယ်။ ကြွလာရင်း ၀ိမလာရဲ့ အိမ်ရှေ့ရောက်တော့ တိုက်တိုက်ဆိုင်ဆိုင် ၀ိမလာက အိမ်ထဲကနေ အပြင်ကို ထွက်အကြည့်နဲ့ ဆုံသွားပါတယ်။ ၀ိမလာက အရှင်မဟာမောဂ္ဂလာန်ကို မြင်လိုက်တာနဲ့ တစ်ပြိုင်နက် ရင်ခုန်သွားပါသတဲ့။ ပြီးတော့ ချစ်တဲ့စိတ်လည်း ဖြစ်သွားပါသတဲ့။
တစ်စုံတစ်ယောက်ကိုချစ်မိရင်
စိတ်တိုင်းကျပြင်ပြီးပြီိဆိ
ပြီးတော့ အရှင်မဟာမောဂ္ဂလာန်ကို သံယောဇဉ်ရှိတဲ့အကြောင်း နှုတ်ကဖွင့်ပြောလို့မ၇တဲ့အတ
"နှမ ၀ိမလာ သင်ရဲ့ခန္ဓာကိုယ်ဟာ စက်ဆုပ်ရွံရှာဖွယ် တွေနဲ့ ပြည့်နေတယ်။ ပြီးတော့ အပုပ်နံ့တွေနဲ့လည်း နံစော်နေတယ်။ သူတစ်ပါးရဲ့ ခန္ဓာကိုယ်ဟာလည်း ဒီအတိုင်းပဲ။ သင့်နှမဟာ စက်ဆုပ်ဖွယ်ဖြစ်တဲ့ ခန္ဓာကိုယ် အချင်းချင်း တပ်မက်နေတယ်"
အရှင်မဟာမောဂ္ဂလာန်က ၀ိမလာရဲ့နှလုံးသားထဲအထိ ရောက်သွားအောင် ၀ိမလာသဘောပေါက်သွားအောင် အသုဘတရားကို အကျယ်ဟောပြပါတယ်။ အရှင်မဟာမောဂ္ဂလာန်က ဂါထာတွေအများကြီးနဲ့ဟောပြတာ
အတိတ်အတိတ်ဘ၀တွေက ပါရမီပါလာခဲ့သူလည်းဖြစ်၊ ဟောနေတဲ့သူကလည်း အရှင်မဟာမောဂ္ဂလာန်ဖြစ်ဆိုတေ
ဝိမလာဟာ အိမ်ရောက်တော့ အရှင်မဟာမောဂ္ဂလာန် ဟောခဲ့တဲ့တရား၊ ဟောလိုက်တဲ့တရားက ခေါင်းထဲက မထွက်တော့ပါဘူး။ ဒါကြောင့် နဖူးပေါ် လက်တင်ပြီး စဉ်းစားပါတယ်။
” လူ့ဘ၀ကို ရရှိဖို့ရာလည်း သိပ်ပြီးခဲယဉ်းတယ်၊ အသက်ရှင်နေဖို့လည်း ခဲယဉ်းတယ်၊ တရားတော်ကို နားကြားခွင့် ရဖို့လည်း ခဲယဉ်းတယ်၊ မြတ်စွာဘုရား သာသနာနဲ့ တွေ့ကြုံဖို့လည်း ခဲယဉ်းတယ်။ ငါဟာ ရခဲတဲ့ခဲယဉ်းတဲံ တရားလေးပါးကို ရနေတယ်။ ရခဲခြင်းတရားလေးပါးကို ရနေခိုက်မှာ အရှင်မဟာမောဂ္ဂလာန် မျှော်လင့်တဲ့ ရစေချင်တဲ့ အရဟတ္တဖိုလ်ကို ရအောင်ရှာမှပဲ”
ဝိမလာဟာ အဲဒီလိုစဉ်းစားပြီး သူရဲ့လုပ်နေကျ ပြည့်တန်ဆာအလုပ်ကို ရပ်ပစ်လိုက်ပါတယ်။ သူ့ဆီလာနေကျ ပုဂ္ဂိုလ်တွေကတော့ တောက်တခေါက်ခေါက်နဲ့ပေါ့။
ဝိမလာကတော့ ဂရုမစိုက်ပါဘူး။ ပြီးတော့ ” ငါ ဒီအတိုင်း ထိုင်နေလို့တော့ အရဟတ္တဖိုလ်က သူ့အလိုလို ငါ့ဆီ ရောက်လာမှာမဟုတ်ဘူး။ တရားအားထုတ်မှပဲ။ တရားအားထုတ်တဲ့နေရာမှာလည်း ငါ့မှာ လောကီအတွက် ဘာမှငဲ့စရာမရှိတော့ ဘိက္ခူနီဝတ်ပြီး တရားအားထုတ်တာက အကောင်းဆုံးပဲ” ဆိုပြီး ဘိက္ခုနီမ ၀တ်လိုက်ပါတယ်။ ဆိတ်ငြိမ်တဲ့နေရာတစ်ခုမှာသွ
ဝိမလာဟာ အရှင်မဟာမောဂ္ဂလာန်ဆီကို သွားတုန်းက ရာဂစိတ်နဲ့ သွားခဲ့တာပါ။ သာမန်အားဖြင့်တွေးရင် ရာဂစိတ် တဏှာစိတ်ကလည်းပြင်းထန်၊ လုပ်တဲ့အလုပ်ကလည်း ပြည့်တန်ဆာအလုပ်ဆိုတော့ ဘယ်လိုမှ တရားထူး တရားမြတ်ရနိုင်စရာ အကြောင်းမရှီပါဘူး။
★ဒါပေမယ့် လူဟာ ပစ္စုပ္ပန်တည့်တည့်မှာ ကိုယ်ဖြစ်နေတဲ့ စိတ်နဲ့ ရုပ်ကို တည့်တည့် ဥာဏ်နဲ့ စိုက်ကြည့်လိုက်နိုင်ဖို့ပါ
★ဥာဏ်နဲ့တည့်တည့် စိုက်ကြည့်လိုက်တာနဲ့ တစ်ပြိုင်နက် လက်ရှိရပ်တည်နေတဲ့ ရပ်တည်ချက်ရဲ့ အမှန်အမှားကို သိခွင့်ရသွားတတ်ပါတယ်။
★လူဟာ ကိုယ့်ဘ၀ကိုယ် အမှန်အတိုင်းသိသွားဖို့ပဲ အရေးကြီးပါတယ်။ ပုထုဇဉ်ပီပီ ဘယ်သူမှ အပြစ်မကင်းကြပါဘူး။
အပြစ်ဆိုလို့ ဆရာနန္ဒာသိန်းဇံရဲ့ ” မနက်ဖြန်ကို ဖြတ်သန်းနေသော စိတ်ကူးများ” စာအုပ်ထဲက ပုံဝတ္တုလေးတစ်ပုဒ်ကို သွားသတိရပါတယ်။ အဲဒီပုံဝတ္တုလေးထဲကို ခပ်ကျဉ်းကျဉ်းလောက် ပြန်ပြောပြရအောင်ပါ။
တစ်ခါတုန်းက ဘာသာရေးပုဂ္ဂိုလ်တွေအပါအ၀င် လူတစ်စုဟာ ဂျီးဇက် ( Jesus Christ) ဆီကို ပြည့်တန်ဆာမတစ်ဦးကို ခေါ်လာကြတယ်။ အဲဒီအမျိုးသမီးဟာ မကောင်းတဲ့အကျင့်ကို ပြုတဲ့အတွက် အပြစ်ရှိတယ်ဆိုပြီး ဒီလူတွေက ခေါ်လာကြတာပါ။ ဂျီးဇက်ဆီကိုရောက်တဲ့အခါကျေ
ဂျီးဇက်ဟာ သူတို့ကို မော့မကြည်ဘဲ သူ့လက်ချောင်းနဲ့ မြေကြီးပေါ်မှာစာရေးနေပါတယ်တ
သူတို့အားလုံးပြန်သွားမှ ဂျီးဇက်က ပြည့်တန်ဆာမကို နောက်ထပ်အပြစ်တွေ မကောင်းမှုတွေ မလုပ်နဲ့လို့ ဆုံးမပြီး သွားလိုရာ သွားဖို့ ခွင့်ပြုလိုက်ပါတယ်။
သူတစ်ပါးအပြစ်အကြောင်း စဉ်းစားမိတိုင်း ဆရာနန္ဒာသိန်းဇံပြောပြတဲ့ ပုံဝတ္တုလေးကို သတိရမြဲပါ။ ဒီပုံဝတ္တုလေးက ဂျာနယ်မှာပါလာကတည်းက စွဲခဲ့တဲ့ပုံဝတ္တုလေးပါ။
ဟိုတလောလေးကပဲ သတင်းတစ်ခုရောက်လာပါတယ်။
"မ၀ိမလာတို့လို အမျိုးသမီးတွေကို အမှတ်-၁၈၊ နတ်မောက်လမ်းသွယ်(၁) ဗဟန်းမှာရှိတဲ့ လူမှုဝန်ထမ်းဦးစီးဌာနမှ ပြုပြင်စောင့်ရှောက်ပေးထားတယ်တဲ့။ ဆွမ်းဒါနပြုမယ်ဆိုရင်လည်း တစ်နေ့တာလုံးမှ လေးသောင်းပဲကျပါတယ်တဲ့။ ကိုယ်နိုင်ရာ အရုဏ်ပဲဖြစ်ဖြစ် ၊ နေ့လယ်ဆွမ်းပဲဖြစ်ဖြစ် ခွဲကျွေးရင်လည်း ရပါတယ်တဲ့။
သူတို့လေးတွေဟာ တကယ့်ပထမအရွယ်လေးတွေပါ။ ဒီပထမအရွယ်လေးတွေမှာ ဘ၀လမ်းကြောင်းမှားနေတာဟာ သိတဲ့လူတိုင်းမှာတာဝန် ရှိပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ သံသရာမှာ ဆွေမျိုးမတော်ခဲ့သူဆိုတာ ရှိကိုမရှိပါဘူး။ အမေပဲဖြစ်ဖြစ်၊ အစ်မပဲဖြစ်ဖြစ်၊ ညီမပဲဖြစ်ဖြစ်၊ နောက်ဆုံးဇနီးမယားပဲဖြစ်ဖြစ
★ ယောဆရာတော်ဘုရား မကြာခဏဟောသလို "ဘ၀တွေဝေးသွားလို့ တစိမ်းတွေ" ဖြစ်သွားကြတာပါ။ အားလုံးဟာ ဆွေမျိုးတွေချည်းပါပဲ။ သံသရာတစ်ကွေ့မှာ ဆွေမျိုးတော်ခဲ့ရင် သူတို့ရဲ့ကျေးဇူးလေးတွေ ရှိခဲ့မှာပါ။ အဲဒီကျေးဇူးလေးတွေကို အာရုံပြုပြီး ကိုယ်က သူတို့ကို ကူညီလို့ရတဲ့ အနေအထားနဲ့ ကူညီပေးဖို့ပါ။★
တကယ်တော့ သူတို့ဟာ ဖြစ်ချင်လို့ဖြစ်သွားရတာမဟု
စိတ်ကြောင့်ဖြစ်ရတဲ့ ဒဏ်ရာကို စိိတ်ကို အခြေခံပြီး ရှုရတဲ့ ၀ိပဿနာနဲ့ ကုလိုက်တာဟာ အထိရောက်ဆုံးဖြစ်မယ်လို့ ထင်ပါတယ်။ ဒါက တရားသဘော ဓမ္မရှုထောင့်ကပြောတာပါ။
ဌာနက ပြုစုစောင့်ရှောက်နည်းတွေနဲ
သတင်းကြားကတည်းက စိတ်ထဲမှာ တေးထားလိုက်တာပေါ့လေ။ ဆွမ်းလည်းကျွေးရင်းပေါ့လေ။ ပြီးတော့ တရားလည်း ဟောချင်ခဲ့ပါတယ်။ အထူးသဖြင့်တော့ ၀ိပဿနာတရား အဓိကထား ဟောခဲ့ချင်ပါတယ်။ ထိုင်မှတ် မှတ်တဲ့အခါ ဘယ်လိုမှတ်ရတယ်။ စင်္ကြန်ကြွတဲ့အခါ ဘယ်လို ကြွရတယ်၊ အိပ်ရာထတဲ့အခါ ၊ မျက်နှာသစ်တဲ့အခါ၊ ထမင်းစားတဲ့အခါ၊ အောက်ထစ်ဆုံး ကျင်ကြီးကျင်ငယ် စွန်တဲ့အခါ စသည်ဖြင့်ပေါ့လေ။ ဘယ်လိုမှတ်ရတယ်ဆိုတာ ဟောပြပေးခဲ့ချင်တာပါ။
ဒီလိုအနေအထားရောက်နေတဲ့သူတင
အားထုတ်ခါစမှာတော့ ချက်ချင်းဝင်လာဦးမှာ မဟုတ်ဘူး။ ရက်ကလေးရလာတာနဲ့ ၀င်လာမှာပါ။ ရုပ်နဲ့ နာမ် ခွဲခြားပြီး သိသွားတာ၊ အကြောင်းနဲ့ အကျိုးကို ခွဲခြားသိသွားတာ၊ မမြဲတဲ့သဘော ဆင်းရဲတဲ့သဘော အစိုးမရတဲ့သဘောတွေကို မြင်လာတာ စသည်ဖြင့်ပေါ့။ ဥာဏ်စဉ်တွေဝင်လာတာနဲ့ ကိုယ့်လုပ်နေတဲ့အလုပ် မှားသလား မှန်သလားဆိုတာပါ သိသွားမှာပါ။ ပါရမီပါခဲ့ရင် ၀ိမလာတို့လို တရားထူး တရားမြတ်တွေတောင် ရသွားနိုင်ပါတယ်။ ပြီးတော့ ငယ်တုန်းက တရားအားထုတ်ရတာ အကောင်းဆုံးပါပဲ။ အသက်ကြီးလာရင် ရုပ်ကလဲ အို၊ နာမ်ကလဲ အိုလာပြီး တရားအားထုတ်ရတာ မကောင်းတော့ပါဘူး။
ဘာပဲပြောပြော ကိုယ်က လူ့ဘ၀ကို ပီပီပြင်ပြင်ရထားတယ်။ ပြီးတော့ ရခဲခြင်းလေးပါးကို ရထားတယ်။ ဒီတော့ ၀ိပဿနာတရားကို အားထုတ်လိုက်ရင် ဘ၀ရဲ့အမှန်တရားကို အလင်းတစ်ခုအနေနဲ့ သိခွင့်ရလိုက်ကြမှာပါ။
ဒီဆောင်းပါးကို မဟာစည်ဆရာတော်ဘုရားကြီးရဲ့ လင်္ကာလေးတွေနဲ့ပဲ နိဂုံးချုပ်လိုက်ကြရအောင်ပါ
၁။ လူတစ်ယောက်ဟာ ၊ ဖြစ်ဖို့ရာ၊ လွန်စွာခဲယဉ်းသည်။
ဖြစ်ခဲလှစွာ၊ လူဆိုတာ၊ ဖြစ်ကာနေကြပြီ။
၂။ လူတစ်ယောက်ဟာ ၊ ရှင်ဖို့ရာ၊ လွန်စွာခဲယဉ်းသည်။
ရှင်ခဲလှစွာ ၊ သက်ဆိုတာ၊ ရှင်ကာနေကြပြီ။
၃။ တရားတော်ဟာ၊ နာဖို့ရာ၊ လွန်စွာခဲယဉ်းသည်။
နာရခဲစွာ၊ တရားဟာ၊ တွေ့ကာနေကြပြီ။
၎။ သာသနာဟာ၊ တွေ့ဖို့ရာ၊ လွန်စွာခဲယဉ်းသည်။
တွေ့ခဲလှစွာ၊ သာသနာ၊ တွေ့ကာနေကြပြီ။
အကြောင်းလေးဖြာ၊ ဆုံဖို့ရာ၊ လွန်စွာခဲယဉ်းသည်။
ဆုံးခဲလှစွာ၊ ကြောင်းလေးဖြာ၊ ဆုံကာနေကြပြီ။
ကျမ်းကိုး
ထေရီအဠကာ၊
ဝိမလာထေရီဝတ္တု
Future Light မဂ္ဂဇင်း
ဖေဖော်ဝါရီ၊ ၂၀၀၅။
စာရေးသူ -ရဝေနွယ် (အင်းမ)
Honey Lay'
ဒီနေရာမှကူးယူ မျှဝေပါသည်။
No comments:
Post a Comment