အခါတပါး၌ မြတ်စွာဘုရားသည် ၀ိသာခါဆောက်လုပ်လှူဒါန်းသော
ထိုအချိန်ဝယ် ဆံကျစ်ထုံးရသေ့ ခုနစ်ယောက်၊
နိဂဏ္ဌတက္ကတွန်း ခုနစ်ယောက်၊
အစေလကတက္ကတွန်း ခုနစ်ယောက်၊
တိတ္ထိ ခုနစ်ယောက်၊
ပရဗိုလ် ခုနစ်ယောက်တို့သည် မြတ်စွာဘုရား၏ မနီးမဝေးမှဖြတ်၍ လျှောက်သွားကြသည်။
ပသေနဒီ ကောသလမင်းကြီးသည် နေရာမှထကာ ဤပုဂ္ဂိုလ် ၃၅-ယောက်ရှိရာသို့ ရှိခိုးကာ ရိုသေစွာ နှုတ်ဆက်၏။
ထို့နောက် မင်းကြီးသည် မြတ်စွာဘုရား၏ အနီးသို့ပြန်လာကာ
ထိုရသေ့၊ တက္ကတွန်း၊ ပရဗိုလ်တို့သည် ရဟန္တာများဖြစ်ကြသည်-ဟု လျှောက်ထား၏။
မြတ်စွာဘုရားက ပသေနဒီ ကောသလမင်းကြီးအား လူ့စည်းစိမ်ခံစားနေသော သင်မင်းကြီးသည် မည်သူသည်
ရဟန္တာဟု ခွဲခြား၍ မသိစွမ်းနိုင်၊
ပုဂ္ဂိုလ်တယောက်၏
အကျင့်သီလ စင်ကြယ်ခြင်း၊
ဘေးရန်ရှိသောအခါ ဉာဏ်ပညာရှိခြင်းတို့ကို အတူတကွ ကြာမြင့်စွာနေ၍ လေ့လာမှသိနိုင်၏။
♦နှလုံးသွင်းမှ သိနိုင်၏။
♦ပညာရှိသူသာ သိနိုင်၏။
♦ပညာမဲ့သူ မသိနိုင်-ဟု မိန့်ဆိုတော်မူသည်။
ပသေနဒီ ကောသလမင်းကြီးသည် မြတ်စွာဘုရား၏
စကားတော် မှန်ကန်ကြောင်းကို ထုတ်ဖော်ချီးကျူး၏။
ထိုပုဂ္ဂိုလ် ၃၅-ဦးတို့သည် မိမိ၏ သူလျှိုများသာ ဖြစ်ကြ၏-ဟု လျှောက်ထား၏။
မြတ်စွာဘုရားက ပြင်ပအဆင်းသဏ္ဌာန်ကို မြင်ရုံမျှဖြင့်
အကျွမ်းမ၀င်သင့်။
ကိုယ်နှုတ်နှလုံးတို့ကို မစောင့်စည်းသူတို့သည် စောင့်စည်းသူယောင်ဆောင်၍ လှည့်လည်ကြကုန်၏။
အတွင်း၌မစင်ကြယ်သောသူတို့သည
ရွှေရည်စိမ် ကြေးနားတောင်းတို့ကဲ့သို့ အပြင်၌ တင့်တယ်သလို ဖုံးလွှမ်းကုန်၍ လှည့်လည်ကြကုန်၏-ဟု ဟောတော်မူသည်။
ကျမ်းကိုး။ ။ သဂါထာဝဂ္ဂ၊ ကောသလသံယုတ်၊ ဒုတိယ၀ဂ်၊ သတ္တဇဋိလသုတ်။
ဦးငွေအောင်မွန်
( မြတ်မင်္ဂလာ ၂၀၀၇-ခု စက်တင်ဘာလ)
Young Buddhist's Association
http://www.facebook.com/photo.php?fbid=393423167422187&set=a.351047714993066.76
No comments:
Post a Comment