Pages

ညဘက်တွင် နှစ်ခြိုက်စွာအိပ်စက်ရသည့် ကလေးများ မှတ်ဉာဏ် ပိုကောင်းလေ့ရှိ



အိပ်ရေးဝဝ မအိပ်ရသည့် ကလေးများ ကျောင်းသင်ခန်းစာများကို သင်ယူဆည်းပူးရာတွင် အခက်တွေ့လေ့ရှိသည့် အခြေခံ ကောက်ချက်ကို ဦးတည်သော လေ့လာမှုတွင် ယခု ရလဒ်ကို တွေ့ရှိနိုင်ခဲ့ခြင်းဟု သိရသည်။

ညဘက်တွင် နှစ်ခြိုက်စွာ အိပ်စက်ရလေ့ရှိသည့် ကလေးငယ်များသည် ဘဝတစ်လျှောက်တွင် မှတ်ဉာဏ် ပိုကောင်းလေ့ ရှိတတ်ကြောင်း သုတေသီများက ပြောကြားခဲ့သည်။ အသစ်တွေ့ရှိသည့် သုတေသန ရလဒ်အရ ကလေးများသည် ကောင်းမွန် ကျေနပ်စွာ အိပ်စက်ရခြင်းနှင့် မှတ်ဉာဏ်ကဏ္ဍ၌ ကောင်းကျိုးများ ဆက်နွယ်နေကြောင်း ဖော်ထုတ်နိုင်ခဲ့သည်။ အိပ်ရေးဝဝ မအိပ်ရသည့် ကလေးများ ကျောင်းသင်ခန်းစာများကို သင်ယူဆည်းပူးရာတွင် အခက်တွေ့လေ့ရှိသည့် အခြေခံ ကောက်ချက်ကို ဦးတည်သော လေ့လာမှုတွင် ယခု ရလဒ်ကို တွေ့ရှိနိုင်ခဲ့ခြင်းဟု သိရသည်။ ဂျာမနီနိုင်ငံ၊ တူဘီဂန် တက္ကသိုလ်မှ သုတေသီများက မှတ်ဉာဏ်နှင့် အိပ်ရေးဝမှုကြား ဆက်စပ်မှုကို လေ့လာခဲ့ကြခြင်း ဖြစ်သည်။

စိတ်တွင် သိုလှောင် မှတ်သားနိုင်သည့် အသိပညာ ဗဟုသုတများ တည်မြဲစေရန်အတွက် နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်ခြင်းက သဘာဝ တွန်းအားတစ်ရပ်ဖြစ်ပြီး ယင်းအချက်သည် ကလေးငယ်ဘဝတွင် ပိုမို သိသာကြောင်း တူဘီဂန် တက္ကသိုလ်မှ ဒေါက်တာ ယန်ဘောင်းက ရှင်းပြခဲ့သည်။ ပုံမှန် နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်ရသော ကလေးများသည် မှတ်ဉာဏ် ဖွံ့ဖြိုးတိုးတက်မှုတွင် အကျိုးရှိပြီး ယင်းအားသာချက်ကို လူကြီးများနှင့် နှိုင်းယှဉ်ကြည့်သည့်အခါ ကလေးများတွင် ထင်ထင်ရှားရှား မြင်တွေ့နိုင်ခဲ့ကြောင်းလည်း ဒေါက်တာဘောင်းက ပြောကြားသွားသည်။

(ဂျာမနီနိုင်ငံရှိ တူဘီဂန်တက္ကသိုလ်)

အိပ်စက်ခြင်း၏ အနက်ရှိုင်းဆုံး အချိန်ပိုင်းတွင် ဦးနှောက်အတွင်း၌ ကြိမ်နှုန်း နှေးကွေးသည့် လျှပ်စစ်လှိုင်းလေးများ ရိုက်ခတ်လေ့ရှိပြီး ယင်းသည် တစ်ညလျှင် ယေဘုယျ အကြိမ်(၁၀၀၀)ဝန်းကျင် ရှိတတ်သည်။ အဆိုပါ လှုပ်ရှားမှုများသည် မှတ်ဉာဏ် သိစိတ်ကို သိုလှောင်နိုင်ခြင်းနှင့် သင်ယူစွဲမြဲခြင်းတို့အတွက် အရေးအပါဆုံး ဇီဝကမ္မ ဖြစ်စဉ်များဟု ပညာရှင်များက သတ်မှတ်ထားသည်။ ထို့ကြောင့် နှစ်ခြိုက်ပြည့်ဝစွာ မအိပ်ရသည့် ကလေးများသည် ညစဉ်ညတိုင်း ယင်းဖြစ်စဉ်များကို သာမန်ထက် လျော့နည်းပေါ်ပေါက်စေနိုင်ကြောင်း ဒေါက်တာဘောင်းက ထောက်ပြခဲ့သည်။

"တိကျတဲ့ ရလဒ်အဖြေ တစ်ခုအနေနဲ့ ကလေးတွေဟာ ပြည့်ပြည့်ဝဝ အိပ်စက်ခြင်းကနေ မှတ်ဉာဏ်ဆိုင်ရာ အကျိုးထူးတွေ ရရှိစေတယ်လို့ သိလာရပါတယ်။ ဒါဟာ လူကြီးတွေမှာထက် ကလေးတွေမှာ ပိုပြီး သိသာ ထင်ရှားတယ်။ ကလေးတွေရဲ့ ဦးနှောက်မှာ ညအိပ်ချိန် ဖြစ်တည်နေတဲ့ လှိုင်းအနှေး လှုပ်ရှားမှုတွေဟာ ဦးနှောက်ရဲ့ hippocampal အပိုင်းကို ပိုပြီး အားကောင်း သန်မာလာစေတတ်တယ်။ ကျွန်တော်တို့ ရရှိထားတဲ့ အချက်အလက်တွေအရ အိပ်ရေးဝဝ အိပ်ရတဲ့ ကလေးတွေရဲ့ ဦးနှောက်ဟာ ပိုပြီးလှုံ့ဆော် ခံရသလို မှတ်ဉာဏ် တည်ဆောက်မှု အပိုင်းမှာပါ အကျိုးထူး ဖြစ်စေတာ တွေ့ရပါတယ်"ဟု ဒေါက် တာ ဘောင်း က ပြောကြားသွားသည်။


Planet Myanmar Network

http://www.facebook.com/photo.php?fbid=393504577414046&set=a.351047714993066.76 

No comments:

Post a Comment