Pages

ပထမခလေးရဲ့ ပျက်စီးသွားသောစိတ်




      ကျွန်မတို့ ပတ်ဝန်ကျင်မှာ ဖြစ်နေကျ အရာတစ်ခုပါ လူတိုင်းလူတိုင်း မိသားစုတိုင်းက ပထမဆုံးမွေးတဲ့ ခလေးကို သားဦး သမီးဦးလေးဆိုပြီး အရမ်းချစ်ကျပါတယ် မွေးလာပြီးတော့လဲ အရမ်း ဂရုစိုက်ကျပါတယ်။ များသောအားဖြင့်လိုချင်တာဖြစ်ချင်တွေကို အတတ်နိုင်ဆုံးလုပ်ပေးပြီး အရမ်းချစ်ပေးကျ ဂရုစိုက်ပေးကျပါတယ်။ အဲလိုနဲ့ ဒီကလေလေး နည်းနည်းအရွယ်ရလာတော့ မိဘတွေက နောက်ထပ် ကလေး ထပ်ယူကျတယ်။ ကလေးကလဲ သူမှာ ကစားဖော် ရတော့မယ် မောင်လေး ဒါမှမဟုတ် ညီမလေး ရတော့မယ်ဆိုပြီး ပျော်နေတတ်ကျပါတယ်။

      အဲဒီလိုနဲ့ ဒုတိယကလေးမွေးလားတဲ့ အခါလဲကျရော ပထမ ကလေးက အရွယ်ရောက်နေပြီးလေ အကြီးထက် အငယ်ကို ပိုဂရုစိုက်ရမယ်ဆိုပြီး ဂရုစိုက်လာကျတော့ ပထမ ကလေးကို အရင်လောက် ဂရုမစိုက်နိုင်ကျတော့ဘူး။ အဲဒီ မှာ ပထမ ကလေးရဲ့ စိတ်ဟာတဖြည်းဖြည်းနဲ့ ပြောင်းလဲလာတတ်တယ် အရင်ကတော့ ချစ်စရာ မောင်လေး ညီမလေး ရလို့ ပျော်နေတဲ့ ကလေးက ကြာလာတော့ ငါကို ဖေ နဲ့ မေ က မချစ်တော့ဘူး သူကိုပဲ ပိုချစ်တယ် ငါ့နေရာက သူက လုသွားတာဆိုတဲ့ မကောင်းတဲ့ စိတ်ခလေး ၀င်လာတတ်ပါတယ်။

             မိဘကတော့ မချစ်လို့မဟုတ်ဘူး သားသမီးတိုင်းကို အတူတူ ချစ်တယ်ဆိုပေမယ့် အကြီးကိုတော့ငါတို့ ဖြည့်ဆည်းပေးခဲ့ပြီးပြီ သူလဲတော်ယုံသူဟာသူလုပ်တတ်နေပြီဆိုတော့ အငယ်လေးကို ပိုဂရုစိုက်ရမယ်ဆိုပြီး စိုက်လိုက်ကျတာပါ။ အဲလိုလုပ်လိုက်တဲ့အတွက် အမြဲတမ်း ပထမ ဖြစ်ခဲ့တဲ့ ပထမ ကလေးက တဖြည်းဖြည်းနဲ့ နေရာပျောက်လာသလိုဖြစ်လာတယ်။ အရင်လို သူမပျော်တော့ဘူး သူကိုချီးပွေ့ရ နမ်းရမယ့် နေရာမှာ အငယ်လေးက နေရာယူလာတော့ သူက တဖြည်းဖြည်း ဘေးရောက်သွားတယ်လို့ ခံစားလာရတယ်။

            မေ နဲ့ ဖေက ငါ့ကိုတော့ မချစ်တော့ဘူး အငယ်လေးကိုပဲချစ်တော့တယ် ငါ့နေရာကို အငယ်လေးက လုသွားပြီ ဘယ်လိုလုပ်ရင်ကောင်းမလဲဆိုပြီး သူကို ဂရုစိုက်လာအောင် ဆိုးပြမယ် အငယ်ကို အနိုင်ကျင့်ချင်လာမယ် ဘာကိုမှ မလုပ်တတ်ချင်ယောင်ဆောင်လာတတ်ကျပါတယ်။ တဖြည်းဖြည်းနဲ့ပထမကလေးက မကောင်းတဲ့စိတ်၊ မကောင်းတဲ့ လမ်းကြောင်းကို ဦးတည်သွားတတ်ပါတယ်။

ခလေးရဲ့စိတ်ကို ခံစားနားလည်နိုင်ပါစေ
Rose White
3.3.2013

မှတ်ချက် ။ ။ ဒီ post လေးဟာ ဘယ်သူ့ကိုမှ ထိခိုက်စေချင်တဲ့ ရည်ရွယ်ချက်မပါပါဘူး လိုအပ်နေတာလေးရှိရင်တော့ ဖြည့်ပြီးဖတ်ပေးပါနော် သားသမီးနဲ့ မိဘ ကြားက နားလည်မှု လွဲနေတာလေးကိုပဲ အဆင်ပြေပြီး ခလေးတွေရဲ့ ရင်ထဲက စိတ်ဒဏ်ရာကို လျှော့နည်းစေချင်တဲ့ ရည်ရွယ်ချက်နဲ့ ရေးထားတာပါ ...
(ပြန်ရှယ်လိုက်သည်)

No comments:

Post a Comment