Pages
(Move to ...)
စိတ်ကူးအိမ်
ဘာသာရေး
ကျန်းမာရေး
သတင်း
နည်းပညာ
ထူးထူးဆန်းဆန်း
ဗဟုသုတ
မိဘမေတ္တာ
တရားတော်များ
ပန်းချီ
အနုပညာ
အလှအပ
စာအုပ်၊စာပေ
စားဖိုဆောင်
ဟာသ
ရသ
ပုံရိပ်
သံဝေဂ
စိုက်ပျိုးရေး
ပညာရေး
ပုံပြင်
တီးဝိုင်း
တက်ကျမ်း,
▼
ဂုဏ်သိက္ခာ.. သတ္တိနဲ့ ကိုယ့်ကိုယ်တန်ဖိုးထားမှု
ဘူတာရုံငယ်လေးတစ်ခုမှာ မားမားမတ်မတ်ရပ်နေတဲ့သူကတော့ 
Maya ဖြစ်ပါတယ်... သူမဟာ အသက် ၄၀ ရှိပြီး ၁၂ နှစ်အရွယ် သားတစ်ယောက်ရဲ့
အမေလည်းဖြစ်ပါတယ်... သူမရဲ့ခင်ပွန်းကတော့ လွန်ခဲ့တဲ့တစ်နှစ်ကပဲ
လူ့လောကကြီးကနေ စွန့်ခွာသွားခဲ့ပါပြီ... သူမဟာ ဒီဘူတာရုံလေးရဲ့
တစ်ဦးတည်းသော အမျိုးသမီးအထမ်းသမားလည်းဖြစ်ပါတယ်...
သူမဟာ တောင်းရမ်းပြီး.. ချေးငှားပြီး.. ဒါမှမဟုတ် ခိုးယူပြီး နေမယ့်အစား
ခရီးသည်တွေရဲ့ အိတ်တွေကို ခေါင်းပေါ်မှာရွက်ပြီး ဂုဏ်သိက္ခာရှိရှိ
ခြစ်ခြုတ်နေထိုင် လုပ်ကိုင်စားသောက်ဖို့ကိုပဲ ရွေးချယ်ခဲ့ပါတယ်... Maya ဟာ အကြွေးငွေ ရူပီးသိန်းဂဏန်းလောက်ကိုလည်း
ထမ်းပိုးထားရပါသေးတယ်.. သူမရဲ့အမျိုးသားဖြစ်သူ Ram Kumar ဟာ
အထမ်းသမားအလုပ်ကို ကျန်းမာရေးအခြေအနေအရ အနားပေးခံရချိန်ထိ
ဆယ်နှစ်ကျော်လုပ်လာခဲ့ပါတယ် ..
Kumar သေဆုံးတဲ့အခါမှာ မီးရထားအာဏာပိုင်တွေက Maya ကို Kumar ရဲ့နေရာမှာ
အလုပ်ဝင်လုပ်ဖို့ ကမ်းလှမ်းခဲ့ပါတယ်.. သူမက မဆိုင်းမတွလက်ခံခဲ့ပါတယ်... "ကျွန်မဘဝရပ်တည်မှုအတွက် တောင်းရမ်းမစားချင်သလို ကျွန်မယောက်ျားကျောရိုးဝေဒနာအတွက် ကုသမှုကုန်ကျစရိတ် အကြွေးတွေအတွက်လည်း မတောင်းပန်ချင်ပါဘူး... တကယ်တော့ မိန်းမတစ်ယောက်အတွက် ခရီးသည်တွေနောက်ကိုအပြေးအလွှားလိုက်ဖို့နဲ့
လူတွေရဲ့ ထေ့ငေါ့ပြောဆိုတာတွေကို သည်းခံနိုင်ဖို့မလွယ်ကူတဲ့
အလုပ်တစ်ခုပါပဲ... ဒါပေမဲ့ ကျွန်မသားအတွက် ဒီအလုပ်ကိုလုပ်ဖို့
ကျွန်မဆုံးဖြတ်ခဲ့ပါတယ်..." လို့ Maya ကပြောပါတယ်...
ဒီအလုပ်ဟာ အလွန်ခက်ခဲပင်ပန်းတဲ့ ၁၂ နာရီအလုပ်ဖြစ်ပါတယ်... မနက် ၅ နာရီကနေ
ညနေ ၅ နာရီအထိ အလုပ်လုပ်ရပါတယ်... ဘူတာရုံပိုင်နဲ့
ဒေသဆိုင်ရာရထားမန်နေဂျာတို့ ရဲ့ အဆိုအရ သူမဟာ ဒေလီမြို့မြောက်ပိုင်းမှာရှိတဲ့ တစ်ဦးတည်းသော အထမ်းသမားအမျိုးသမီးလို့လည်းသိရပါတယ်... သူမဟာ အရှက်တရားအစား ဂုဏ်သိက္ခာကိုရွေးချယ်ခဲ့ပါတ ယ်... လွယ်လင့်တကူ တောင်းရမ်းစားသောက်မဲ့အစား ကျောကော့အောင်ပင်ပန်းလှတဲ့ အထမ်းသမားအလုပ်ကိုရွေးချယ်ခဲ့ပါတယ်... ဒီအမျိုးသမီးရဲ့ မာကျောခိုင်မာတဲ့စိတ်ဓာတ်ကို ကျွန်တော်တို့ အလေးအမြတ်ပြုကြပါစို့.... (မြန်မာနိုင်ငံမှာလည်း ဒီလို သတ္တိရှိ သိက္ခာရှိတဲ့ မိန်းကလေးတွေအများကြီးတွေ့ရ ပါတယ်... ဆင်းရဲပင်ပန်းပေမဲ့ ရိုးသားတဲ့ဘဝမှာပဲ ရုန်းကန်ရှင်သန်နေကြပါတယ်.. . ဒီလိုမိန်းကလေးမျိုးတွေကိုလ ည်း တတ်နိုင်သလောက် လေးစားစောင့်ရှောက်သင့်ပါတယ်...) -------------------------- -------------------------- ------------ Ref: Only an Engineering Student can understand the value of study on Last Night နှိုင်းရင့်နွေ
No comments:
Post a Comment