Pages

ကမ္ဘာ့ အသက် အငယ်ဆုံး အမျိုးသမီး စီအီးအို



Marissa Mayer လို့ အမည်ရတဲ့ အမျိုးသမီး ဖြစ်ပြီး အသက် ၃၇ နှစ်သာ ရှိပါ သေးတယ်။ ၂၀၁၃ ခုနှစ်မှာပဲ Yahoo! ရဲ့  စီအီးအို အဖြစ် အခန့်အပ် ခံရပါ တယ်။

Yahoo! မတိုင်မီက ၁၉၉၉ ခုနှစ်ကစလို့ Google မှာ စတင် လုပ်ကိုင်ခဲ့ သူ ဖြစ်ပါတယ်။ Google ရဲ့  အယောက် ၂၀ မြောက်ဝမ်းထမ်း၊ ပထမဦးဆုံး အမျိးသမီး အင်ဂျင်နီယာ ဝန်ထမ်းအဖြစ်လည်း အသိ အမှတ်ပြု ခံခဲ့ရပါတယ။် Google မှာ တုန်းကလည်း လုပ်သက်ရှည်ပြီး အရေးအကြီးဆုံး ခေါင်းဆောင် ပုဂ္ဂိုလ်များ စာရင်းထဲမှာ ပါဝင်ခဲ့ပါတယ်။ တကယ်လည်း လုပ်ကိုင်ခဲ့ပါတယ်။

ဒါကြောင့် ၂၀၁၂ ခုနှစ်မှာ ကမ္ဘာ့သြဇာလွမ်းမိုးမှု အရှိဆုံး အမျိုးသမီး စီးပွားရေး လုပ်ငန်းရှင် စာရင်းမှာ အဆင့် ၁၄ အနေနဲ့ ပါဝင်ခဲ့ပါတယ်။ မီလျံနာ တစ်ဦး ဖြစ်ပြီး Yahoo! အပြင် အခြားသော စီးပွားရေးလုပ်ငန်း၊ ပရဟိတ လုပ်ငန်း အဖွဲ့ အစည်း များစွာမှာလည်း တာဝန်ယူ ဝင်ရောက် လုပ်ကိုင်လျက် ရှိပါတယ်။

၂၀၀၉ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့က Zachary Bogue အမည်ရ ရှေ့ နေနဲ့ ရင်းနှီးမြှုပ်နှံသူနဲ့ အိမ်ထောင်ကျပြီး ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့က ကလေးမွေးလို့ မိခင်တစ်ဦး ဖြစ်လာ ပါတယ်။ မိခင်ဖြစ်ပေမယ့် အိမ်မှုကိစ္စထပ် စီးပွားရေး လုပ်ငန်းမှာ ပိုမိုအားစိုက်သူ ဖြစ်ပါတယ်။

သူ တာဝန်လွဲပြောင်း ယူတဲ့ Yahoo! ဟာ ၂၀၁၃ မှာ အလားအလာကောင်း များ မြင်တွေ့နေရတဲ့ အတွက် ၂၀၁၃ ခုနှစ် အတွက်လည်း သြဇာ အရှိဆုံး အမျိုးသမီး စီးပွားရေး လုပ်ငန်းရှင်များ စာရင်းတွင် ပါဝင်နိုင်တယ်လို့ ခန့်မှန်း ထားကြ ကြောင်း သိရပါတယ်။

Ref: wiki
From : International news for myanmar

http://www.facebook.com/photo.php?fbid=551791904851682&set=a.452811328083074. 

No comments:

Post a Comment