တရား စကားတွေပြောပြီး တရား အားထုတ်တယ်သာဆိုတယ် (ဒေါသ) က ကြီးလိုက်တာလို့ ကိုယ့်အိမ်က ဇနီးနဲ့သား၊သမီးတွေက ပြောလာကြတာ ဟာ ပြောတဲ့သူရဲ့ အပြစ်မဟုတ်ဘူး ...။
အပြောခံရသူနဲ့ သူ့ရဲအပြစ် ဖြစ်နေပါတယ်၊တရား အားထုတ်လျက်နဲ့ ဘယ်နှယ့်ကြောင့် ဒေါသကြီးနေရသလဲ ???
အဲဒါ စဉ်းစားဖို့ ကောင်းပါတယ် ...။
မြတ်စွာဘုရားရဲ့ တရားတော်ဟာ မြတ်စွာဘုရားကိုယ်တိုင် တာဝန်ယူထား တာပါ ...။
ဒီ တရား အားထုတ်လို့ရှိရင် (လောဘ၊ဒေါသ၊မောဟ) တွေ နည်းတယ် လို့ မြတ်စွာဘုရား က တာဝန်ယူထားတာ .......
ကိုယ်က တရားအားထုတ်ပါလျက်နဲ့ ကိုယ့်(စိတ်) က ထူးမလာဘဲ ကိုယ့်ကို (ဒေါသ) ကြီးလိုက်တာလို့ အပြောခံရတာဟာ ကိုယ်အားထုတ်တဲ့ တရားဟာ တစ်ခုခု လွဲမှားနေလို့ပဲ မှတ်ပါ ...။
ဘုရားဟောက ဘယ်နေရာမှ မလွဲပါဘူး ...။အင်မတန်ကို ထောင့်စေ့ပါတယ်။
လူတွေအတွက် ညံ့ဖျင်းစေတဲ့ ကြောက်စရာအကောင်းဆုံး လုပ်ရပ်ဟာ (သတိ) မပါ၊(ဥာဏ်) မပါတဲ့ လုပ်နည်းလုပ်ဟန်တွေပါပဲ ...။
ဒီလုပ်နည်း လုပ်ဟန်တွေဟာ (လောကီ) အတွက်မှာလည်း ဘ၀ကို ညံ့ ဖျင်း စေပါတယ် ...။
(လောကုတ္တရာ) အတွက်မှာလည်း (သတိ)မပါ(ဥာဏ်)မပါရင် (လောဘ ၊ဒေါသ၊မောဟ) တွေ ၀င်မှာပဲ ...။
(လောဘ) က ခိုင်းသလို ဖြစ်မယ်။(ဒေါသ) က ခိုင်းသလိုဖြစ်မယ်။(မောဟ) က ခိုင်းသလိုဖြစ်မယ်...။
(သတိ)မပါ(ဥာဏ်)မပါတာကို ပါဋ္ဌိလို (အဝိဇ္ဇာ)၊(မောဟ)၊(ပပ္မာဒ)လို
(သတိ) ပါရင် ဝိဇ္ဇာ (သိမှု) ဖြစ်ပါတယ် ...။
(သတိ)ပါရင် (ဥာဏ်) ပါရင် = (အမောဟ) လို့ ခေါ်ပါတယ် ...
(အပ္ပမာဒ) လို့ ခေါ်ပါတယ် ...
(အပ္ပမာဒေန သမ္မာဒေထ) နဲ့ ပြည့်စုံတယ် ...။
တရားအားထုတ်ပြီး (ဒေါသ) ကြီးနေတဲ့ အဖြစ်ဟာ (သတိ)မပါ၊(ဥာဏ်)မပါ ဘူးဆိုတာ တွက်လို့ ရပါတယ် ...။
(သတိ) ပါတဲ့ (ဥာဏ်) ပါတဲ့ (သတိပဋ္ဌာန်)တရားအားထုတ်သူဟာ (ဒေါသ) ဖြစ်ဖြစ်ခြင်း (သိ)တယ် ...
ဖြစ်ကြော မရှည်တော့ဘူး ...။
ဒီ(ဒေါသ) စိတ်ကလေးကို မိမိရဲ့ (သတိဥာဏ်) အားနဲ့ စိတ်အေးအေးထား ပြီး သေသေချာချာ ကြည့်ပြီး (သိ)နေရင် (ဒေါသ) ဖြစ်တဲ့ စိတ် မလာတော့ ပါဘူး ...။
(သတိပဋ္ဌာန်) တရားအားထုတ်လို့ ရင့်ကျက်လာတဲ့သူဟာ (စိတ္တာနုပဿနာ) ကိုလည်း သိတော့ (ဒေါသ) စိတ် ဖြစ်လာတာနဲ့ (သိ)တယ် ...(သိ)တာ နဲ့ ဒီ (စိတ်) မရှိတော့တာကိုလည်း (သိ) တယ် ...။
ဒါကြောင့် .......
တရားအားထုတ်ကြတယ်ဆိုတာ အရမ်း (Blind) အားမထုတ်သင့်ပါဘူး ...။
မြတ်စွာဘုရားရှင်က ကောသလတိုင်း၊ကေသမုတ္တိရွာသား
ထင်ပေါ်ကျော်ကြားခဲ့တဲ့ ငါကိုယ်တော်ကြီးက ဟောတာပဲ ...။
ဒါအမှန်ပဲလို့ ဒီလိုလည်း အတည်မယူကြပါနဲ့။(ကာလာမသုတ္တံ
လူတိုင်းဟာ ကိုယ်ပိုင်ဥာဏ်၊ကိုယ်ပိုင်ထ
*** ဓမ္မောဟဝေရက္ခတိဓမ္မာစာရိံ ၏ (သတိပဋ္ဌာန်တရား နှင့် ၀ိပဿနာတရားအားထုတ်နည်း) စာအုပ်မှ ကောက်နုတ်ဖော်ပြသည် ***
~~~ ဓမ္မမိတ်ဆွေ သူတော်စင်အပေါင်း ကျန်းမာရွှင်လန်း ငြိမ်းအေးနိုင်ကြ ပါစေ ~~~
နှလုံးသား၏ ဓမ္မသံစဉ်
http://www.facebook.com/photo.php?fbid=393208884110282&set=pb.351018658329305.-
No comments:
Post a Comment