အသက်က ၂၇နှစ်ကျော်နေပြီဖြစ်သည်။ အိမ်ထောင်ကမကျသေး။ တရုတ်နိုင်ငံ၌ ထိုကဲ့သို့အမျိုးသမီးမျိုးကို အစိုးရကိုယ်တိုင်က ““ပျိုကျန်ရစ်ကြီးများ””ဟူ၍ ကင်ပွန်းတပ်ပေလိမ့်မည်။ မည်သို့ပင်ဆိုစေကာမူ ပညာတတ်တရုတ်အမျိုးသမီးတချို့ က အပျိုကြီးတစ်ကိုယ်တည်းအခြေအ နေမျိုးဖြင့်ပင် ဘ၀ကို ပျော်ပျော် ရွှင်ရွှင်ဖြတ်သန်းနေကြသည်။
ဘေဂျင်းအသံလွှင့်ရုံတစ်ခု၌ တာဝန်ထမ်းဆောင်နေသော ဟွန်ယွမ်ယွမ်ဆိုသည့်အမျိုးသ မီးမှာ
အချိန်လွန်သည်အထိ အလုပ်၌နစ်မြုပ်နေသည်။ သူမအနေနှင့်
နောက်လာမည့်ရက်ပိုင်းတွင် ရင်ဆိုင်ကြုံတွေ့ ရမည့် အရာတစ်ခုအတွက်လည်း
ရတက်မအေးဖြစ်နေရသည်။ မကြာမီရက်ပိုင်းအတွင်း သူမ၏အသက်က ၂၉
နှစ်ပြည့်တော့မည်ဖြစ်သည်။
ဘေဂျင်းအသံလွှင့်ရုံတစ်ခု၌ တာဝန်ထမ်းဆောင်နေသော ဟွန်ယွမ်ယွမ်ဆိုသည့်အမျိုးသ
““တကယ့်ကိုတုန်လှုပ်စရာပါပဲ။ ကျွန်မအသက်က နောက်ထပ်တစ်နှစ် ကြီးလာတော့မယ်။ ကျွန်မအတွက်တော့ စိတ်မသက်မသာဖြစ်စရာပါ””ဟု သူမကဆိုသည်။ အဘယ်ကြောင့် ထိုသို့ဆိုသနည်း။
““ဘာဖြစ်လို့လဲဆိုတော့ အခုထိ ကျွန်မက တစ်ကိုယ်တည်းလေ။ ကျွန်မမှာ ရည်းစားမရှိဘူး။ အိမ်ထောင်ပြုဖို့အတွက် ကြီးကြီးမားမားဖိအားပေးတာတွေ ကျွန်မ ခံနေရတယ်””
ဟွန်မှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတစ်ခုတော့ရှိသည်။ သူမသည် လုပ်ခလစာမြင့်မြင့်မားမားရရှိသည့် ကိုယ်ရည်ကိုယ်သွေးမြင့်မားေ သာအမျိုးသမီးငယ်တစ်ဦးဖြစ်သ ည်။ သူမတွင် အိုးပိုင်အိမ်ပိုင်ရှိသည်။ တရုတ်ထိပ်တန်းတက္ကသိုလ်တစ်ခု မှ မဟာဝိဇ္ဇာဘွဲ့ရရှိထားသည်။ သူမသည် ချမ်းသာသောမိသားစု အသိုင်းအ၀ိုင်းမှ ဖြစ်သည်။
““ဘာဖြစ်လို့လဲဆိုတော့ အခုထိ ကျွန်မက တစ်ကိုယ်တည်းလေ။ ကျွန်မမှာ ရည်းစားမရှိဘူး။ အိမ်ထောင်ပြုဖို့အတွက် ကြီးကြီးမားမားဖိအားပေးတာတေ
ဟွန်မှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတစ်ခုတော့ရှိသည်။ သူမသည် လုပ်ခလစာမြင့်မြင့်မားမားရရ
သို့ပေမဲ့ ယခုအချိန်အခါတွင် တရုတ်နိုင်ငံ၌ သူမကဲ့သို့ မြို့ပြ၌နေထိုင်သော ပညာတတ် တစ်ကိုယ်တည်း အမျိုးသမီးများကို ရှင်နု (ပျိုကျန်ရစ်ကြီးများ)ဟူ၍ ခေါ်ဆိုသမုတ်ကြသည်ကိုလည်း သူမသိရှိထားသည်။ ထိုသို့ ခေါ်ဝေါ်ခံရခြင်းက သူမကို စူးနစ်နာကျင်စေသည်။ လူလွတ်တစ်ယောက်ဖြစ်နေခြင်းအ
တရုတ်အစိုးရက အထောက်အပံ့ပြုထားသည့် အမျိုးသမီးရေးဝါဒီ အုပ်စုဖြစ်သော တရုတ်အမျိုးသမီး ထုဖက်ဒရေးရှင်း၏ ၀က်ဘ်ဆိုက် စာမျက်နှာမှာပင် ပျိုကျန်ရစ်ကြီးများအကြောင်
တရုတ်နိုင်ငံ၌ လူဦးရေတိုးပွားမှုကိုထိန်းချုပ်သော တစ်အိမ်ထောင်ကလေးတစ်ဦး မူဝါဒကြောင့် သားယောက်ျားလေးရရှိရန် မိဘများက ကြိုးပမ်းလာကြရာမှ ယင်းသို့မညီမျှမှုဖြစ်ပေါ်လြာ ခင်းဖြစ်သည်။ တရုတ်လူ့အသိုင်းအ၀ိုင်း၌ သားယောက်ျားလေးကို ပိုမိုတန်ဖိုးထားလိုချင်ကြ ပီး
ကိုယ်ဝန်ဆောင်စဉ်အတွင်း မိန်းကလေးမှန်းသိရပါက ကလေးဖျက်ချ
သည့်အဖြစ်အပျက်များကြောင့် အမျိုးသမီးဦးရေထက် အမျိုးသားဦးရေက
ပိုမိုလာခဲ့ခြင်းဖြစ်သည်။ အဆိုပါ လူဦးရေမညီမျှမှုမှာ တရုတ်နိုင်ငံအတွက်
အထူးအလေးထားစရာပြဿနာတစ်ရပ် ဖြစ်နေသည်။
တရုတ်အမျိုးသားစာရင်းအင်းဗျူရိုမှထုတ်ပြန်သော
အချက်အလက်များ၌ လက်ရှိအနေအထားတွင် အသက်၃၀အောက် အမျိုးသမီးဦးရေမှာ အသက် ၃၀
အောက်အမျိုးသားဦးရေထက် သန်း၂၀ခန့် ပိုများနေသည် ဟု ဖော်ပြထားသည်။
တရုတ်အမျိုးသားစာရင်းအင်းဗျ
၂၀၀၇ခုနှစ်ကတည်းကပင် တရုတ်အစိုးရမီဒီယာများမှတစ်
တရုတ်နိုင်ငံ၏ သန်းခေါင်စာရင်းအချက်အလက်မျ
““ပထမတန်းစားဆိုတဲ့ယောက်ျား
သို့သော် တရုတ်အစိုးရအနေနှင့်မူ ဉာဏ်ပညာကြီးမား၍ ပညာတတ်သော ပထမတန်းစားအမျိုးသမီးများကိ
တရုတ်နိုင်ငံရှိ အချို့သော ပြည်နယ်အစိုးရများက ငယ်ရွယ်သည့်ပညာတတ်အမျိုးသမီ
လူမှုရေးဆိုင်ရာ ကသောင်းကနင်းများစွာဖြစ်ပေါ်
လာစေ နိုင်သည့် ဂနာမငြိမ်ဖြစ်နေသော လူပျိုလူလွတ်များစွာကို တတ်နိုင်သမျှ
အရေအတွက်လျှော့ချနိုင်ရေး အတွက် အဆိုပါအမျိုးသားများကို
လက်တွဲဖော်ရှာဖွေပေးရန်နှင့်  အိမ်ထောင်တစ်ခု၌ အကျဉ်းချခြင်းဖြင့် လူမှုရေးဆိုင်ရာ အရှုပ်အထွေးများကို လျှော့ချရန်ရည်ရွယ်ပုံရသည်ဟု သူမကရှုမြင်သည်။
သို့သော် တရုတ်နိုင်ငံ၌ အရွယ်လွန်အပျိုဟိုင်းများအေ ပါ် အထင်အမြင်သေးသည့်သဘောထားများက အစိုးရ၏လှုံ့ဆော်တိုက်တွန်းမှုတစ်ခုတည်းကြောင့် ပေါ်ထွက်လာခြင်းတော့မဟုတ်ပေ။ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ
အကြံပေးကုမ္ပဏီတစ်ခုတွင် လုပ်ကိုင်နေသော ချင်ဟူသောအမျိုးသမီး
(အမည်ရင်းမဟုတ်)က ယင်းအချက်ကို ကောင်းစွာသဘောပေါက် နားလည်ထားသည်။ သူမက
ဘေဂျင်းမြို့တော်တွင် တစ်ကိုယ်တည်းဘ၀ဖြင့် ပျော်ရွှင်မွေ့လျော်နေသူဖြစ် သည်။ သို့သော် သူမမိဘများက ဘေဂျင်းမြို့တော်မှအလှမ်းကွာသည့် ရှေးရိုးစွဲသောတောင်ပိုင်ြး မို့ကြီးတစ်မြို့တွင် နေထိုင်ကြသူများဖြစ်သည်။
သို့သော် တရုတ်နိုင်ငံ၌ အရွယ်လွန်အပျိုဟိုင်းများအေ
မိဘများမှာ လက်မထပ်ရသေးသော ၃၈ နှစ် အရွယ်သမီးတစ်ဦးဖြစ်သည့်သူမ ကြောင့် အရှက်ရနေကြသည်ဟု သူမကဆိုသည်။““ကျွန်မမိဘတွေက လူကြားသူကြားထဲ ကျွန်မကိုခေါ်မသွားချင်ကြဘူး ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ရဲ့သမီး အိမ်ထောင်မကျသေးဘူးဆိုတာကို တခြားသူတွေသိသွားမှာစိုးလို့ လေ။
သူတို့ရဲ့ မိတ်ဆွေသူငယ်ချင်းတွေ၊ အိမ်နီးနားချင်းတွေက ကျွန်မကို
ပုံမှန်မဟုတ်ဘူးဆိုပြီး အထင်အမြင်သေးသွားမှာလည်း သူတို့ကြောက်တယ်။
ကျွန်မမိဘတွေက သူတို့ရဲ့မိတ်ဆွေ သူငယ်ချင်းတွေ သိပ်မကြာခင်ပဲ
မြေးတွေချီနေရပြီဆိုတာသိရတဲ့ အခါ လည်းကျရော သူတို့တွေ လုံးဝကိုမျက်နှာထားစရာမရှိေ အာင် ဖြစ်သွားရရှာတာ””ဟု သူမကပြောပြသည်။
ချင်၏မိဘများက သူတို့၏သမီး အိမ်ထောင်ကျနိုင်ရေးအတွက် ကြင်ဖက်တွေ့ဆုံမှုကိုလုပ်ပေး ပြီး ကြိုးပမ်းအားထုတ်နေခဲ့ကြသည် ။ နောက်ဆုံးတွင် သူမ၏ဖခင်က သူမအနေနှင့် နှစ်မကုန်ခင်အိမ်ထောင်ပြုနိုင်ခြင်းမရှိပါက သားသမီးအဖြစ်မှစွန့်လွှတ်တော့ မည်ဖြစ်ကြောင်း ခြိမ်းခြောက်ခဲ့ သည်။
ချင်၏မိဘများက သူတို့၏သမီး အိမ်ထောင်ကျနိုင်ရေးအတွက် ကြင်ဖက်တွေ့ဆုံမှုကိုလုပ်ပေး
ယခုအခါ မိဘများက သူမကို ယောက်ျားတစ်ယောက်ရအောင် မရှာနိုင်လျှင် အိမ်ပြန်လာ၍ သူတို့နှင့်အတူနေထိုင်ရန် ပြောဆိုလာသည်။ ချင်အနေနှင့် သူမလိုချင်သောအရာ၊ ဖြစ်ချင်သောဆန္ဒကို ကိုယ်တိုင်သိရှိ ပြီးသားဖြစ်သည်။ ရိုးသား၍ တာဝန်ယူမှုရှိသည့် အဖော်မွန်ကောင်းတစ်ဦးကို သူမ ရည်မှန်းထားသည်။ သို့မဟုတ်ပါက မည်သူမျှမရလည်း နေပါစေတော့ဟူ၍ စိတ်ပိုင်းဖြတ်ထားသူဖြစ်သည်
ယင်းအခြေအနေမှာပင် အစိုးရထိန်းချုပ်သော မီဒီယာများက ဇီဇာကြောင်သော ပညာတတ်အမျိုးသမီးများကို ရည်ရွယ်သောဝေဖန်ပြောဆိုမှုမျ
၂၀၁၁ခုနှစ် မတ်လတွင် တရုတ်အမျိုး သမီးထု
ဖက်ဒရေးရှင်း၏ ၀က်ဘ်ဆိုက်စာမျက်နှာ၌ ရေးသားထားသော ဆောင်းပါးတွင်
““လှပသောအမျိုး သမီးများမှာချမ်းသာ၍ သြဇာကြီးမားသော မိသားစုအတွင်းမှ
အမျိုးသားနှင့်ကြင်ဖက် ဖြစ်နိုင်ရေးအတွက် ပညာများစွာတတ်ရန် မလိုအပ်ပေ။
သို့သော် သာမန်ရွက်ကြမ်း ရေကျိုအဆင့်နှင့် ရုပ်ရည်မပြေပြစ်သော
မိန်းကလေးများမှာမူ ယင်းကဲ့သို့အဆင့်အတန်းမြင့် သော အမျိုးသားကို ရှာဖွေရန်ခက်ခဲမည်ဖြစ်သည်”” ဟု ဖော်ပြထားသည်။
““အဆိုပါအမျိုးသမီးများမှာ သူမတို့၏(အိမ်ထောင်ဖက်ရှာရာ ၌)ပြိုင်ဆိုင်နိုင်စွမ်းကို မြှင့်တင်ရန် ပညာအရည်အချင်းကိုအသဲအမဲ တွန်းတင်လာကြသည်။ သို့သော်ငယ်ရွယ်စဉ် လက်ထပ်ရန်အခါ ကောင်း၌ပညာဖြင့်လုံးပန်းနြေ ပီး မဟာဘွဲ့၊ ဒေါက်တာဘွဲ့များရရှိချိန်တွ င် အရွယ်လွန် တစ်စိတ်ဟိုင်း၍ တစ်ကိုယ်တည်း အပျိုကြီးများဖြစ်ရကုန်၏””ဟု ယင်းဆောင်းပါးတွင် ရေးသားထားသည်။ ယင်း ၀က်ဘ်ဆိုက်စာ မျက်နှာတွင် ““ပျိုကျန်ရစ်ကြီးများ””ဟု၎င်း တို့
သုံးနှုန်းခေါ်ဝေါ်သည့် အချိန်တန်အိမ် ထောင်မပြုသေးသော
အမျိုးသမီးများအကြောင်း ရေးသားထားသည့် ဆောင်းပါးပေါင်း၁၅ပုဒ်ထက် မနည်းဖြင့်
လှုံ့ဆော်ပညာပေးရန် အားထုတ်ထားသည်။
““အဆိုပါအမျိုးသမီးများမှာ သူမတို့၏(အိမ်ထောင်ဖက်ရှာရာ
ဆောင်းပါးများတွင် အမျိုးသမီးများ
လူကြားထဲ ပေါ်လွင်ထင်ရှားအောင်လုပ်ဆော င်ရမည့် နည်းလမ်းများ၊ အောင်သွယ်အကြံပေးချက်များအြ ပင် အရွယ်လွန်မှအိမ်ထောင်ပြုချင်စိတ်ပေါက်လာသော (ကြီးမှဝက်သက်ပေါက်သော)စိတ် ပိုင်းဆိုင်ရာ အခြေအနေ အပေါ်လေ့လာဆန်းစစ်ချက်များပင် ပါဝင် သည်။ လွန်ခဲ့သောလအနည်းငယ်က အဆိုပါဝက်ဘ်ဆိုက်စာမျက်နှာမှ ““ပျိုကျန်ရစ်ကြီးများ””ဟူေ သာ
အသုံးအနှုန်းကို ဖယ်ရှားခဲ့သည်။ ယခုအခါ ယင်းနေရာတွင် လက်မထပ်ရသေးသော
“အရွယ်လွန်”အမျိုးသမီးများ (အသက်၂၇နှစ် ကျော်၊ တစ်ခါတစ်ရံ ၃၀ ကျော်
အရွယ်ကိုရည်ညွှန်း၍) ဟူ၍ အစားထိုးဖော်ပြသည်။ သို့သော်မူလ
အသုံးအနှုန်းဖြစ်သော““ပျိုကျ န် ရစ်ကြီးများ””ကို အခြားနေရာများ၌ တွင်တွင်ကျယ်ကျယ် အသုံးပြုနေကြသည်။
““ဒီအသုံးအနှုန်းကို ပေါ်ပင်တစ်ခုလို သုံးနေကြတယ်။ ဒါဟာ လက်မထပ်ရသေးတဲ့ အရွယ်လွန်အမျိုးသမီး တွေကို အမြင်သေးသိမ်အောင်လုပ်တာပါ။
အသက် ၂၇နှစ် သို့မဟုတ် ၃၀နှစ် အရွယ် အမျိုးသမီးများကို““ပျိုကျန
၁၉၅၀တွင် တရုတ်မြို့ပြမှ အမျိုးသမီးများ၏ အိမ်ထောင်ပြုသည့် ပျမ်းမျှအသက်အရွယ်မှာ၂၀အနီး သို့
ပထမဆုံးအကြိမ် အဖြစ်ရောက်ရှိခဲ့သည်။ ၁၉၈၀ ပြည့်လွန်နှစ်များတွင်မူ
ပျမ်းမျှအရွယ်မှာ ၂၅နှစ် အထိဖြစ်သွားပြီး ယခုမျက်မှောက် ၌မူ ၂၇
နှစ်ဝန်းကျင်ခန့်သို့ ရောက်ရှိနေပြီဖြစ်သည်။ အဲလစ်ဆာဟု အင်္ဂလိပ်နာမည်
ပေးထားသော ၂၉နှစ်အရွယ် ဈေးကွက်အမှုဆောင်အရာရှိအမျိုးသမီးက သူမ၏အရွယ်နှင့်အိမ်ထောင်မရှိဖြစ်နေခြင်းမှာများစွာ မဆိုးလှကြောင်း ပြောကြားသည်။
““တစ်ယောက်တည်းနေတော့ ကျွန်မကြိုက်တာကျွန်မလုပ်နိုင်တယ်။ ကြိုက်တဲ့အချိန် သူငယ်ချင်းတွေနဲ့ အချိန်ဖြုန်းလို့ ရတယ်။ ကျွန်မရဲ့အလုပ်ကို ကျွန်မချစ်တယ်။ ကျွန်မဘာသာကျွန်မလုပ်နိုင်တဲ့ အရာတွေမှ အများကြီးပဲ။ စာဖတ်တာ၊ ရုပ်ရှင်သွားကြည့်တာစသဖြင့် ပေါ့။
ကျွန်မ ပတ်ဝန်းကျင်မှာလည်း တစ်ကိုယ်ရေနေ ထိုင်တဲ့သူငယ်ချင်းတွေ
အများကြီးရှိတယ်။ ဒါကြောင့်လည်း ကျွန်မတို့တွေ အချင်းချင်း အချိန်တွေအများ
ကြီးဖြုန်းနေလို့ရတယ်လေ””ဟု သူမကပြောဆိုသည်။
““တစ်ယောက်တည်းနေတော့ ကျွန်မကြိုက်တာကျွန်မလုပ်နိ
သို့သော် သူမ၏မိဘများက နေ့လည် စာစားချိန် ခဏတာအား လပ်သည့်အတောအတွင်း ကြင်ယာဖက်ရှာစေလိုကြသည်။ သူမအနေနှင့်လည်း မိဘများ ဆန္ဒအရ ကြင်ယာဖက်တွေ့ဆုံမှုများကို ပြုလုပ်ခဲ့ဖူးသည်။ သို့သော် သူမတွေ့ဆုံခဲ့ရသည့်သူများမှ
အဲလစ်ဆာက သူမအနေနှင့်သင့်တော်သည့် အမျိုးသားကို တွေ့ဆုံချစ်ကြိုက်ရန် ရည်မှန်းထား သော်လည်းဆောက်ဖြစ်မှသာ ကျောင်းဒကာဟု ဆိုနိုင်တော့မည်ဖြစ်ကြောင်း
Ref: China's leftover women', unmarried at 27 BY Mary Kay Magistad, RRI's The World, Beijing
မြန်မာသံတော်ဆင့်
Like This Page · 9 hours ago
No comments:
Post a Comment