Pages

ရဲဘော်၊ သူငယ်ချင်း




 

ဖိုးကျော် ။ ..... ။ " ကောင်လေး ခန ကွာ "
ကောင်လေး ။ .... ။ " အေ ပြောလေ သူငယ်ချင်း ယောက်ဖ "

ဖိုးကျော်က ပြောပြောဆိုဆို နဲ့  ကောင်လေး အားလှမ်းဖက်လိုက်ပြီး
ဖိုးကျော် ။ .... ။" ငါ မင့်ကို အခုတည်းက နူတ်ဆက်ခဲ့ပါတယ်နော် "
ကောင်လေး ။ ...... ။" ဟားးး ပေါက်တတ်ကရ တွေ သူငယ်ချင်းယောက်ဖ ရာ ဒီတိုက်ပွဲမှာ မင်းရော ငါရော အသက်ရှင်မှာပါ .. "

ဖိုးကျော် ။ ...... ။" မဟုတ်ဘူးလေ ယောက်ဖ ရ ငါက ကြိုဖြစ်နိုင်းးးးး "
ကောင်လေး ။ ..... ။ " မင်းကွာ တော်တော် ဆိုးတယ် ငါ့ကို နူတ်ဆက်ပါတယ် ဆိုတဲ့စကားကို မပြောပါနဲ့  ငါကို အသေသတ်နေတာနဲ့ အတူတူဘဲ လို့ ငါခံစားရတယ် ... "

ဖိုးကျော် ။ ... .။" အေးပါကွာ မပြောတော့ပါဘူး "
ကောင်လေး ။ ..... ။ " ဒီလို မှ ပေါ့ ယောက်ဖ ရ "

စစ်သားလေး ဖိုးကျော် ပြောခဲ့သလို ပါဘဲ ဖိုးကျော် အဲဒီတိုက်ပွဲအပြီးမှာ အိမ်မပြန်ပါမလာခဲ့တော့ပါဘူး ။ သေလာ ရှင်လား ဆိုတာကိုတောင် ကောင်လေးသိခွင့် မရခဲ့တော့ဘူးလေ ။

ကောင်လေး ။ ..... ။" ငါ .. ငါကို တကယ်ဘဲနူတ်ဆက်ထားခဲ့ပေါ့ သူငယ်ချင်း ယောက်ဖ ရယ် မင်းဘယ်ဆီကို ဘဲ ရောက်ရောက် ငါရင်ထဲမှာ ရှိနေမှာပါ မင်းထွက်သွားခဲ့လို့ ငါငိုနေမှာ မဟုတ်ဘူး ။ ဘာဖြစ်လို့ လဲ ဆိုတော့ မင်းက တိုင်ပြည်ရဲ့ သူရဲကောင်တွေလေး ။ ငါ မျက်ရည် ကျနေမိတယ်ဆိုရင်တောင် ငါ ဂုဏ်ယူလို့ ကျတဲ့ မျက်ရည် ဖြစ်မှာပါလေ ... "

သူနဲ့ နောက်ဆုံး နူတ်ဆက်ခဲ့တဲ့ နေရာလေးမှာ ကောင်လေး အားရအောင် ငိုပြီးနောက် သူလှည့်ထွက် ခဲ့ပါတယ် ။ သူမျက်ရည်သုတ်ဖို့  အိပ်ထဲမှာ လက်ကိုင် ပုဝါ ရှိလို ရှိညား နိုက်ကြည့်တော့ စာတစ်စောင် ရောက်နေပါတယ်

စာထဲမှာပါတာကတော့
" သူငယ်ချင်း ယောက်ဖ ရေ မင်းဒီစာကို ဖတ်နေတဲ့အချိန် ငါ လူလောကကြီးမှာ ရှိချင်မှ ရှိပေလိမ့်မယ် ။ ဒါပေမယ့် မင်းနဲ့ ငါ နဲ့ ထားခဲ့ ကျတဲ့ ကတိကိုတော့ ငါ ဘယ်တော့မှ ဖျက်မှာ မဟုတ်ဘူး ။ ဒီစာထဲက လိပ်စာ အတိုင်းသွားပါ ။ အဲဒီမှာ ငါ့ ညီမလေး ရှိနေလိမ့်မယ် ။ မင်း ငါ့ကိုယ် စားစောင့်ရှောက်ပေးပါ နော် "

ဒီတစ်ခါတော့ ကောင်းလေး မျက်ရည် မကျဖို့ မစွမ်းသာခဲ့ပါ ။

" စိတ်ချပါ သူငယ်ချင်း ယောက်ဖ ရာ ။ ငါတို့ ထားခဲ့ကြတဲ့ ကတိကို ငါ သေတဲ့ထိ ထိန်းမှာပါ ...... "

http://www.facebook.com/photo.php?fbid=393227404108430&set=a.351047714993066 

........................................................................................................................
ဒါလေးကိုလည်း ဆက်ဖတ်ကြည့်ပါဦး။ သင့်ကို တစ်ခုခုတော့ ပေးနိုင်လိမ်မည် ထင်ပါတယ်။


                                  ချစ်သူငယ်ချင်းကတိအတိုင်း ဂါဝန်စိမ်းဝတ်သူ

၂၀၀၉ ခုနှစ် စက်တင်ဘာလ ၂၀။ ။ အာဖဂန်နစ္စတန်မှာတုန်းက အတူ လက်တွဲ တိုက်ပွဲ ဝင်ခဲ့တဲ့ ဗြိတိန်စစ်သား နှစ်ဦး ရှိပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် ရင်းနှီးချစ်ခင်ပြီး သစ္စာရှိကြပါတယ်။

တိုက်ပွဲမှာ တစ်ယောက်ယောက်က ကျရှံးရင် အုတ်ဂူမှာ ဂါဝန်အစိမ်းရောင် အကြပ်နဲ့ လာထိုင်ငိုရမယ်လို့ ကတိသစ္စာပြုထားခဲ့ကြပါတယ်။

Barry Delaney ဆိုတဲ့ တစ်ယောက် ကတိတည်ပါတယ်။ တိုက်ပွဲမှာ တာလီဘန်သတ်ဖြတ်မှုကြာင့် သေဆုံးသွားတဲ့ အချစ်ဆုံး သူငယ်ချင်း Kevin Elliott ရဲ့  အုတ်ဂူမှာ ဂါဝန်စိမ်းကိုယ်ကြပ်ဝတ်လို့ လာငိုတာကို ယခုလို မြင်တွေ့ရပါတယ်။
--
Ref: guardian.co.uk
 
 ဒီနေရာမှ ကူးယူမှဝေပါသည်။

                                                                     လေးစားစွာဖြင့်    ....    မောင်မြင့်

No comments:

Post a Comment