Pages

မျက်စိညောင်းညာခြင်းကို လျော့ပါးစေတဲ့ မျက်စိလေ့ကျင့်ခန်း

Computer အကြည့်များတဲ့သူတွေအသုံးဝင်မှာပါ။

**************************************
မျက်စိညောင်းညာခြင်းကို လျော့ပါးစေတဲ့ မျက်စိလေ့ကျင့်ခန်း


ခပ်သွက်သွက်ပြေးတာပဲဖြစ်ဖြစ်၊ ရေကူးတာပဲဖြစ်ဖြစ် လေ့ကျင့်ခန်းတစ်ခုခုကို နေ့စဉ် ပြုလုပ်ပြီး ခန္ဓာကိုယ်ကို ကြံ့ခိုင်အောင်
ထိန်းသိမ်းစောင့်ရှောက်ဖို့က အရေးပါတဲ့ ကိစ္စတစ်ရပ်ဖြစ်တယ်ဆိုတာကို လူတိုင်းနီးပါး  သိထားတဲ့ ကိစ္စတစ်ခုပါ။ ဒါပေမယ့်
သင့်မျက်လုံးကိုလည်း လေ့ကျင့်ခန်းလုပ်ပေးလို့ ရတယ်ဆိုတာကိုသိထားပါသလား။ မျက်လုံး လေ့ကျင့်ခန်း လုပ်ပေးခြင်းဖြင့်
မျက်လုံးကျန်းမာရေးကို ကောင်းမွန်စေသလိုမျက်စိညောင်းညာခြင်းကိုလည်း လျော့ပါးစေပါတယ်။


ဒါကြောင့် မျက်လုံးလေ့ကျင့်ခန်းလေးတွေကို လုပ်ပြီး မျက်စိကို ကောင်းမွန်အောင် ထားနိုင်ကြဖို့ အောက်မှာ လွယ်ကူရိုးရှင်း
တဲ့မျက်လုံးလေ့ကျင့်ခန်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။


၁။ ကုလားထိုင်မှာ သက်တောင့်သက်သာအနေအထားနဲ့ ထိုင်ပါ။ လက်ဖဝါးနှစ်ဖက်ကို ပူနွေးလာတဲ့အထိပွတ်ပါ။ပူနွေးလာ
ရင် မျက်လုံးနှစ်လုံးကိုညင်သာစွာမှိတ်ပြီး လက်ဖဝါးနဲ့အုပ်ထားပါ။မျက်စိကိုဖိပြီးအုပ်မထားပါနဲ့။လက်ဖဝါးအခွက်ထဲနဲ့ မျက်စိ
ကိုအုပ်၊ အလင်းရောင် မဝင်အောင်လက်ချောင်းလေးတွေကို မဟအောင်ထားပါ။ နှာတံနဲ့လက်ဖဝါးကိုလည်း ထိ နေအောင်
ထားပါ။မှောင်မည်းတဲ့ပတ်ဝန်းကျင်လိုသဘောထားပြီးအမှောင်ထဲကို အာရုံစူးစိုက်လိုက်ပါ။အသက်ပြင်းပြင်းရှုသွင်းလိုက်ပါ။
ပျော်ရွှင်ဖွယ် အမှတ်တရလေးတွေကို စဉ်းစားနေပါ။ မှောင်မည်းတဲ့ ဝန်းကျင်ကိုသာ မြင်ရပြီဆိုရင် လက်ဖဝါးကိုအသာလေး
ဖယ်လိုက်ပါ။ဒီလိုမျိုးလေ့ကျင့်ခန်းကို ၃ မိစ်လောက် လုပ်ပေးပါ။

၂။ မျက်စိကို တင်းတင်းလေးမှိတ်လိုက်ပါ။ ၅ စက္ကန့်လောက်ကြာရင် ပြန်ဖွင့်ပါ။ ၅ စက္ကန့်လောက် ကြာရင်တင်းတင်းလေးပြန်
မှိတ်ပါ။ ဒီလိုမျိုးလေး ၇ ကြိမ်၊ ၈ ကြိမ်လောက် လုပ်ပေးပါ။


၃။ မျက်လုံးလေးမှိတ်ပြီး လက်ချောင်းလေးတွေနဲ့ စက်ဝိုင်းပုံသဏ္ဍာန်လှုပ်ရှားမှုနဲ့ နှိပ်ပေးပါ။ တအားဖိပြီးမနှိပ်ပါနဲ့။ အားဖျော့
ဖျော့လေးနဲ့နှိပ်ပါ။


၎။ လက်ချောင်းသုံးချောင်းနဲ့ အပေါ်မျက်ခွံကို ဖိပေးပါ။ ၂ စက္ကန့်လောက် ဖိပြီး လျော့ချလိုက်ပါ။ ၅ ကြိမ်ခန့် လုပ်ပေးပါ။


၅။ သက်တောင့် သက်သာ အနေအထားနဲ့ ထိုင်ပါ။ မျက်လုံးကို နာရီလက်တံ အတိုင်း လှည့်ပါ။မျက်တောင်ခတ်ပါ။ နောက်
နာရီလက်တံပြောင်းပြန်လှည့်ပါ။ ငါးကြိမ်လောက်လုပ်ပေးပါ။


၆။ မှန်ပြတင်းပေါက်နဲ့ ၆ လက်မလောက် အကွာမှာ ထိုင်ပါ။ မျက်စိ အနေအထားနဲ့ အနေအတော် လောက်မှာထင်သာမယ့်
အရောင်တခုနဲ့ အမှတ်လေးချစ်လိုက်ပါ။ အဲဒီအမှတ်လေးနေတစ်ဆင့် အဝေးတစ်နေရာကို ၁၅ စက္ကန့်လောက်စူးစိုက်ကြည့် 
လိုက်ပါ။ ပြီးရင်အမှတ်ကလေးကိုပဲ ၁၅ စက္ကန့်လောက်ပြန်ကြည့်ပေးပါ။ဒါမှမဟုတ် ခဲတံတစ်ချောင်းကိုလက်တစ်ကမ်းအကွာ
မှာကိုင်ပြီးစူးစိုက်ကြည့်ပါ နှာခေါင်းနားရောက်အောင်တဖြည်းဖြည်းဆွဲယူလာပါ။ပြီးရင် လက်တကမ်းအကွာကိုတဖြည်းဖြည်း
ပြန်ရွှေ့လိုက်ပါ။ ၁ဝ ကြိမ်လုပ်ပေးပါ။


၇။ နံရံတစ်ခုနဲ့ မျက်နှာချင်းဆိုင်ထိုင်ပါ။ ပြီးရင် ခေါင်းကို မလှုပ်ပဲ မျက်လုံးနဲ့ နံရံပေါ်မှာ စာရေးပါ။ ပထမတော့ ခက်ခဲတဲ့လေ့
ကျင့်ခန်းတစ်ခုဖြစ်ပါတယ်။လေ့ကျင့်ရင်း နဲ့ ပျော်စရာလေးတစ်ခု ဖြစ်လာတာကို တွေ့ရမှာပါ။ စာလုံး ကြီးကြီး ရေးလေ ထိ
ရောက်မှု ပိုရှိလေပါပဲ။


၈။ ရှေ့မှာနာရီကြီးကြီးတစ်လုံးရှိနေတယ်လို့မှတ်ယူထားပါ။ နာရီရဲ့အလည်ဗဟိုတည့်တည့်ကိုကြည့်နေပါ။နာရီမှတ်ကိုကြည့်
ပါ။ ဗဟိုကိုပြန်လာပါ။ နောက်နာရီမှတ် တစ်ခုကို ထပ်ကြည့်ပါ။ ဗဟိုကိုပြန်ကြည့်ပါ။ နာရီလက်တံ ၁၂ ခုပြည့်အောင် လုပ်ပြိး
သွားရင် လုံလောက်ပါပြီး။ ဒီလေ့ကျင့်ခန်းကို မျက်လုံးမှိတ်ပြီးတော့လည်း လုပ်လို့ရပါတယ်။


၉။ ပေ ၁၅ဝ အကွာအဝေးလောက်မှာရှိတဲ့ အရာဝတ္ထုတစ်ခုခုကို စက္ကန့်အနည်းငယ်လောက်စူးစိုက်ကြည့်ပါ။တဖြည်းဖြည်းနဲ့
ပေ ၃ဝ အောက်ရှိတဲ့ အရာဝတ္ထုဆီကို အကြည့်ပြောင်းလိုက်ပါ။စက္ကန့်အနည်းငယ်လောက်ကြာရင် အဝေးမှာရှိတဲ့အရာဝတ္ထု
ဆီကိုပြန်ကြည့်လိုက်ပါ။ ငါးကြိမ်လောက်လုပ်ပေးပါ။


၁ဝ။ ဝေးနိုင်သမျှ ဝေးတဲ့နေရာမှာရှိတဲ့အရာဝတ္ထုတစ်ခုကို ကြည့်ပါ။နာရီဝက်အကြာမှာ တခါလောက်အဝေးကိုကြည့်ပေးပါ။
ဒီလိုမျိုး  ကြည့်ပေးခြင်းဟာ မျက်လုံး အမြင်စွမ်းအားကို ထိန်းထား ပေးနိုင်သလို၊ အမြင်အာရုံယိုယွင်းလာခြင်းကိုလည်း ထိ
ရောက်စွာ ကာကွယ်ပေးနိုင်ပါတယ်။


၁၁။ မျက်လုံးကို အပေါ်ကြည့် အောက်ကြည့် ကြည့်ပေးပါ ။ ၈ ကြိမ်လောက်လုပ်ပြီး၊ ညာကြည့်၊ ဘယ်ကြည့်  ကြည့်ပေးပါ။
၈ ကြိမ်လောက်လုပ်ပါ။ ကြည့်အခါမှာ မျက်လုံးကို ဖိပြီး မကြည့်ပါနဲ့။ ဖိပြီးကြည့်ရင် အမြင်အာရုံကို ပိုမိုဆိုးဝါးစေတာကြောင့်
ဖွဖွလေးပဲမျက်လုံးကို ရွှေ့လျားပါ။လေ့ကျင့်ခန်းတစ်ခုကို အချိန်ကြာကြာလုပ်တာထက်စာရင် မှန်မှန်လေးလုပ်ဖို့က ပိုအရေး
ကြီးပါတယ်။ ကွန်ပျူတာသုံးလို့ပဲဖြစ်ဖြစ် အလုပ်တစ်ခုကို အာရုံစိုက်ပြီး အချိန်အကြာကြီး အလုပ်လုပ် နေစဉ်မှာ မျက်လုံးကို
ဟိုဟို၊ ဒီဒီရွှေ့လျားအလုပ်လုပ်စေပါ။ အလုပ်လုပ်နေစဉ်အတွင်းမှာလည်း အဝေးတနေရာကိုကြည့်ပြီးမျက်လုံးညောင်းညာမှု
ကို ဖြေလျှော့ပါ။ လက်ဖဝါး နှစ်ဖက်ကို ပူအောင် ပွတ်ပြီး မျက်လုံးပေါ်မှာ အုပ်ပေးထားတဲ့ နည်းကတော့ အကောင်းဆုံးပါပဲ။
ခဏ ခဏ မျက်တောင် ခတ်ပါ။ မျက်လုံး ညောင်းပြီး စပ်နေတဲ့အခါ  အခြေအနေ ပေးရင် ရေအေးလေးနဲ့ မျက်လုံးကို ဆေး
ကြောပေးလိုက်ပါ။



Computer အကြည့်များတဲ့သူတွေအသုံးဝင်မှာပါ။

**************************************


credit to .>>>( Sarmicmantra)

No comments:

Post a Comment