Pages

တရားထိုင်ခြင်းကြောင့် နိုင်ငံရေးအတွေးအမြင်ပြောင်းလဲနိုင်




တရားထိုင်ခြင်းသည် ကျန်းမာရေးကောင်းကျိုးများအပြင် လွတ်လပ် ပြီးသမာသမတ်ကျသည့် အတွေးအမြင် များပါရရှိစေကြောင်း ကနေဒါနိုင်ငံ သုတေသီများကဆိုသည်။

“ဘာသာရေး ယုံကြည်မှုတွေ ဟာ နိုင်ငံရေး အတွေးအခေါ်များ အပေါ်များစွာ သက်ရောက်မှုရှိပါတယ်”ဟု ကနေဒါနိုင်ငံ တိုရွန်တိုတက္ကသိုလ်မှ ဒေါက်တာ
ဂျော်ဒန်ပီတာဆင် ကဆိုသည်။

“တရားရှုမှတ် လေ့ကျင့်ခန်းတစ်ခုနှင့် စိတ်ပိုင်းဆိုင်ရာအတွေ့ အကြုံသစ် ရယူနိုင်ခြင်းဟာ လစ်ဘ ရယ်ပါတီဝင်၊ ကွန်ဆာဗေးတစ်ပါတီ ၀င်အားလုံးကို လွတ်လပ်မျှတတဲ့ နိုင်ငံရေးအတွေးအမြင်တွေ ရရှိစေ ပါတယ်” ဟု ၎င်းက
ဆိုသည်။

ဘာသာတရားကိုင်းရှိုင်းမှုတွင် ဓလေ့ရိုးရာထိန်းသိမ်းခြင်း၊ အဆုံးအမ များလိုက်နာခြင်း၊ ဥပဒေသများနာခံ ခြင်းစသည်တို့ပါဝင်ပြီး စိတ်ပိုင်းဆိုင် ရာ အတွေ့အကြုံသစ်တွင် မိမိကိုယ် မိမိအထွတ်အထိပ် ရောက်နေသည် ဟုခံစားရကာတစ်ဦးနှင့်တစ်ဦးဆက်သွယ်လျက်ရှိသည်ဟုသိမြင်လာကြောင်း
သုတေသီဂျက်ကော့ဟက်ရှ် က ဆိုသည်။

တရားထိုင်ရှု မှတ်ထားသူများ သည် ဘာသာရေးအတွေ့အကြုံသစ်များ ပိုမိုရရှိကြပြီး လွတ်လပ်မျှတ သည့် နိုင်ငံရေးအတွေးအမြင်များ ရှင်သန်
လာခြင်း၊ မှုခင်းများအား အကြမ်းနည်းသုံး၍ အရေးယူမှုများအပေါ်
ထောက်ခံမှုကျဆင်းခြင်း၊ မျှမျှ တတလွတ်လပ်စွာတွေးခေါ်တတ်သည့်
နိုင်ငံရေးသမားများကို ထောက်ခံခြင်း စသည်တို့ကို တွေ့ရသည်။

ဇော်ကို
Source:IANS
Health Updates Journal

ဒီနေရာမှကူးယူမှဝေပါသည်။ 

No comments:

Post a Comment