မှတ်မှတ်ရရ ထိုနေ့က စာရေးသူအပါအ၀င် စိတ္တသုခမြန်မာဘုန်းတော်ကြီး
ထိုဒကာပြန်သွားပြီးနောက်တွင
ကြီးစဉ်ငယ်လိုက် သွားရမည့်အခြေအနေများသည် ပြောင်းပြင်ဖြစ်နေခဲ့၏။
ကျန်းမာရေး အသည်းအသန်ဖြစ်နေသည့် ဆရာတော်၏ စကားကိုသာ
ပြန်လည်ကြားယောင်နေခဲ့မိ၏။ ဆရာတော်က အသဲကင်ဆာ ခံစားနေရသည့် တပည့်ဖြစ်သူကို
ကြည့်ပြီး ``ဒီကောင့်ကို ပိုပြီးဂရုစိုက်ကြပါ… င့ါရောဂါအခြေအနေထက်
သူ့အခြေအနေက ပိုဆိုးတယ်… `` ဟု မိန့်တော်မူဖူး၏။
ဆရာတော်အမိန့်ရှိသကဲ့သို့ပင်
စာရေးသူ၏ ညီတော်သူငယ်ချင်း၊ ဆရာတော်ကြီး၏ တပည့်အရင်းက ဆရာတော့်အရင်
သေဆုံးသွားခဲ့ရှာပေပြီ။ ထို့အတူ အထက်မှာ တင်ပြခဲ့သည့် ဒကာ၏ အခြေအနေသည်လည်း
``အဖေ… သမီးအတွက်ဘာမှ မစိုးရိမ်နဲ့ သမီးဘာမှ မဖြစ်ဘူး..`` ဟု ပြောခဲသည့်
သမီးက အဖေ့အရင် သေဆုံးသွားခဲ့ရှာပေပြီ။ အချိန်မရွေး လာနေသည့်
သေခြင်းတရားကား အမှန်ပင် သံဝေဂဖြစ်စရာ၊ ကြောက်လန့်စရာပင်။
စင်စစ် ပုထုဇင်ဖြစ်၍သာ စာရေးသူအနေဖြင့် မည်သည့်အရာက အရင်ဖြစ်သင့်သည်၊ မည်သည့်ပုဂ္ဂိုလ်က အရင်သွားသင့်သည့် စသည့်အတွေးများ ဖြစ်နေသော်လည်း တရားသဘောအရ၊ သဘာဝဓမ္မအရ ကြည့်မည်ဆိုလျှင် မည်သည့်အရာမျှ တစ်သမှတ်တည်း တွက်ဆ၍မရပေ။ လောကကြီးသည် မိမိဖြစ်ချင်သည့်အတိုင်း ဖြစ်ခွင့်မရှိ၊ သူ့သဘာဝအတိုင်းသာ ဖြစ်နေခြင်းဖြစ်၏။ ဤသဘောအတိုင်းပင် သေခြင်းတရား ဟူသည်မှာလည်းအသက်အရွယ်အစဉ်အတိုင်း ဖြစ်ပေါ်လာတတ်သည့် သဘောမဟုတ်၊ အရွယ်မရွေး ဖြစ်ပေါ်တတ်သည့် သဘောရှိ၏။ သားသမီးထက်အရင် မိဘသည် လောကကြီးအတွင်းသို့ ရောက်လာသဖြင့် လောကကြီးမှ ပြန်လည်ထွက်ခွာသည့်အခါ မိဘကအရင် ထွက်ခွာရမည် ဖြစ်သော်လည်း မိဘအရင် သားသမီးက ထွက်ခွာသွားနေကြသည်မှာလည်း အားလုံးမျက်မြင်ကိုယ်တွေ့ဖြ စ်၏။
ထို့အတူ ဆရာနှင့်တပည့်၊ အစ်ကိုနှင့်ညီ စသူတို့သည်လည်း မည်သူကအရင်
သေကြရမည်၊ မည်သူကအရင် လောကကြိးက ထွက်ခွာသွားကြရမည်ဟူ၍ သတ်မှတ်ထားချက်မရှိ၊
ကြိုတင်၍လည်း မှန်းဆသိနိုင်ခွင့်လည်း မရှိပေ။ ထို့ကြောင့်လည်း
ဗုဒ္ဓစာပေများတွင် လောက၌ သတ္တ၀ါများ ကြိုတင်၍ မသိနိုင်သည့်
အရာငါးမျိုးရှိကြောင်း ဖော်ပြထားခြင်းဖြစ်၏။ သဂါထာဝဂ္ဂသံယုတ် အဋ္ဌကထာနှင့်
ဇာတကအဋ္ဌကထာတို့တွင် လောက၌ သတ္တ၀ါများ ကြိုတင်၍ မသိနိုင်သည့် အရာငါးမျိုးကို
အောက်ပါအတိုင်း ဖော်ပြထား၏။ စာပေ၌ ဖော်ပြထားသည်မှာ
``ဇီဝိတံ ဗျာဓိ ကာလောစ၊ ဒေဟနိက္ခေပနံ ဂတိ။
ပဉ္စေ တေ ဇီဝလောကသ္မိံ၊ အနိမိတ္တာ န နာယရေ`` ဟူ၍ဖြစ်၏။ ဤဂါထာတွင် ဖော်ပြသည့် လောက၌ သတ္တ၀ါများ ကြိုတင်၍ မသိနိုင်သည့် အရာငါးမျိုးကို အများနားလည်စေရန် သရုပ်ထုပ်ပြရလျှင်…
၁။ မည်သည့်အရွယ်တွင် သေကြရမည်ဟု ကြိုတင်၍ မသိနိုင်ခြင်း
၂။ မည်သည့်ရောဂါဖြင့် သေကြရမည်ဟု ကြိုတင်၍ မသိနိုင်ခြင်း
၃။ မည်သည့်အချိန်တွင် သေကြရမည်ဟု ကြိုတင်၍ မသိနိုင်ခြင်း
၎။ မည်သည့်နေရာတွင် သေကြရမည်ဟု ကြိုတင်၍ မသိနိုင်ခြင်း
၅။ သေပြီးနောက် မည်သည့်ဘုံဌာနတွင် ပြန်လည်ဖြစ်ကြရမည်ဟု ကြိုတင်၍ မသိနိုင်ခြင်း တို့ပင်ဖြစ်၏။
မှန်၏။ ပုထုဇင်ပုဂ္ဂိုလ်သတ္တ၀ါတို့သည်
သေကြရမည်ကို သေချာတိကျစွာ သိနိုင်ကြသော်လည်း မည်သည့် အသက်အရွယ်တွင်
သေကြရမည်ဟူသည်ကိုကား ကြိုတင်၍ မသိနိုင်ကြပေ။ အချို့ဆိုလျှင် သက်တမ်းပြည့်
နေသွားကြသော်လည်း အချို့မှာ ငယ်ငယ်ရွယ်ရွယ်နှင့် သေသွားကြရ၏။ အချို့လည်း
မွေးပြီးတစ်လ၊ နှစ်လအလွန်တွင် သေကြရပြီး အချို့ဆိုလျှင် မွေးမွေးချင်း
သေသွားကြရ၏။ သေခြင်းတရားတွင် မည်သည့်အရွယ်၌ သေကြရမည်ဟု ကြိုတင်သတ်မှတ်ချက်
မရှိ၊ အချိန်မရွေး သေနိုင်ကြ၏။ ထို့ကြောင့်လည်း မည်သို့မျှ
မျှော်လင့်မထားသည့် အရာများ ဖြစ်နေကြခြင်းဖြစ်၏။ နေ့မြင်ညပျောက်
ဖြစ်သွားခဲ့ကြ၏။ မနေ့တစ်နေ့ကပင် ထိုသူနှင့် မိမိတွေ့ကြုံစကားပြောခဲ့ကြေ သး၊
ယခု သူကမရှိတော့ဟူသည် ခံစားမှုမျိုး ကြုံတွေ့ဖူးကြမည်ဖြစ်၏။ ထို့ကြောင့်
မည်သည့်အရွယ်တွင် သေရမည်ကိုသာ ကြိုတင်၍ မသိနိုင်သော်လည်း သေခြင်းတရားသည်
အရွယ်မရွေးလာနိုင်သည် ဟူသည့် အချက်မှာ အတိအကျဖြစ်သဖြင့် သေခြင်းတရား
မိမိထံရောက်မလာမီ ထိုသေခြင်းတရားကို ရင်ဆိုင်နိုင်အောင်
ကြိုတင်ပြင်ဆင်ထားသင့်၏ဟု ဆိုခြင်းဖြစ်၏။
ထို့အတူ သတ္တ၀ါတို့ ကြိုတင်၍ မသိနိုင်သည့် အရာတစ်ခုမှာ မည်သည့်ရောဂါဖြင့် သေရမည်ဟူသည့် အချက်ပင်ဖြစ်၏။ မျက်မှောက်ခေတ်တွင် ရောဂါများသည် အမျိုးမျိုး ပေါ်ပေါက်လျက်ရှိ၏။ အထူးသဖြင့် ဖွင့်ဖြိုးဆဲနိုင်ငံများတွင်
ကျန်းမာရေး စောင့်ရှောက်မှု အားနည်းသဖြင့် ရောဂါဖြစ်ပွားမှု
ပို၍များပြားသည်ကို တွေ့နိုင်၏။ နှလုံးရောဂါ၊ ဆီးချိုရောဂါ၊ သွေးတိုးရောဂါ၊
ကင်ဆာရောဂါ၊ ခုခံအားကျဆင်းမှု ကူးဆက်ရောဂါ စသည်ဖြင့် ဖြစ်လျင်သေနိုင်သည့်
ရောဂါများ ဆွဲကပ်မှုသည် တစ်ဆတစ်ဆ များများလာ၏။ ထိုရောဂါများသည်
မိမိထံသို့လည်း အချိန်မရွေးလာနိုင်၏။ မိမိသည်လည်း ထိုရောဂါတစ်ခုခု
ဆွဲကပ်ခံရပြီး အချိန်မရွေး သေနိုင်၏။ မည်သည့် ရောဂါဖြင့် သေမည်ကိုသာ
ကြိုတင်၍ မသိနိုင်သော်လည်း ရောဂါတစ်ခုခုဖြင့် သေရမည်ကား အမှန်ပင်ဖြစ်၏။
အဘယ့်ကြောင့်ဆိုသော် ခန္ဓာကိုယ်ရှိနေခြင်းကပင် ရောဂါအစုကြီး
ရှိနေသောကြောင့်ပင်ဖြစ်၏။ ထို့ကြောင့် ရောဂါအစုကြီးဖြစ်သည့်
ခန္ဓာကိုယ်ကြီးကို ပိုင်ဆိုင်ထားပြီးဖြစ်သည့် မိမိတို့အနေဖြင့်
မည်သည့်ရောဂါဖြင့် သေမည်ကို ကြိုတင်၍ မသိနိုင်သော်လည်း ရောဂါတစ်ခုခုဖြင့်
သေကြရမည်ဆိုသည့် အချက်ကို အမြဲသတိပြု ဆင်ခြင်သင့်လှ၏။
ထို့အပြင် မည်သည့်အချိန်တွင် သေကြရမည်ဟူသည်ကိုလည်း မည်သူမျှ ကြိုတင်၍ မသိနိုင်ကြပေ။ မနက်သေမည်လား၊ နေ့လယ်သေမည်လား၊ ညနေသေမည်လား၊ ညသေမည်လား စသည်ဖြင့် လားပေါင်းများစွာဖြင့်သာ သေရမည့်အချိန်ကို စောင့်နေကြရ၏။ သေခြင်းတရားကား အချိန်ကိုလည်း တိတိကျကျ သတ်မှတ်ထားခြင်း မရှိပေ။ အချို့လည်း အလုပ်လုပ်နေချိန် သေကြရ၏။ အချို့လည်း တရားထိုင်နေစဉ် သေကြရ၏။ အချို့လည်း အိပ်နေစဉ် သေကြရ၏။ အခြေအနေအမျိုးမျိုးတွင် တစ်မျိုးမျိုးဖြင့် သေနေကြရသော်လည်း တိကျသည့် အချိန်သတ်မှတ်ချက်ကိုကား ကြိုတင်မပြောပြနိုင်၊ ကြိုတင်မသိနိုင်ကြပေ။ သေချာသည်ကား အချိန်မရွေးသေနိုင်သည်ဟူသည့်
အချက်ပင်ဖြစ်၏။ ထို့ကြောင့် မည်သည့်အချိန်တွင် သေကြရမည်ကို ကြိုတင်၍
မသိနိုင်ကြသဖြင့် မနက်၊ နေ့၊ ည အချိန်မရွေး ရောက်လာနိုင်သည့်
သေခြင်းတရားကို ရင်ဆိုင်နိုင်ရန် ပြင်ဆင်ထားသင့်၏။
မည်သည့်နေရာတွင် သေကြရမည်ဆိုသည့် အချက်သည်လည်း သတ္တ၀ါများ ကြိုတင်၍ မသိနိုင်သည့် အချက်တစ်ခုဖြစ်၏။ အချို့ဆိုလျှင် မွေးသည့်နေရာက တစ်နေရာ၊ သေသည့်အခါ တစ်နေရာဖြစ်သွားသည်ကို တွေ့ကြရမည်ဖြစ်၏။ တောမှာ မွေးပြီး မြို့မှာ လာသေကြရသူများ ရှိသကဲ့သို့ မြို့မှာမွေးပြီး တောသို့ အလည်သွားသည့် အခိုက် တောမှာသေကြရသူများလည်း ရှိ၏။ ခရီးသွားစဉ် ကားပေါ်၊ ရထားပေါ်၊ သဘောင်္ပေါ်၊ လေယာဉ်ပေါ် စသည့်နေရာ အမျိုးမျိုးတွင် ပုံစံအမျိုးမျိုးဖြင့် သေကြရသူများလည်း ရှိ၏။ နိုင်ငံအနေဖြင့် ပြောလျှင် မြန်မာနိုင်ငံတွင် မွေးပြီး ဂျပန်၊ ကိုရီးယား၊ စင်္ကာပူ၊ အာရှ၊ ဥရောပ၊ အမေရိက စသည့် နိုင်ငံခြား တိုင်းပြည်များမှာ သွားရောက်သေကြရသူများလည်း မရေတွက်နိုင်အောင် များပြားလှ၏။ ဤသည်မှာ သေခြင်းတရားသည် အချိန်မရွေးဖြစ်ပေါ်နေပြီး မည်သည့်နေရာတွင် သေကြရမည်ဆိုသည်ကို မသိနိုင်ကြသောကြောင့်ပင် ဖြစ်၏။ သေချာသည်ကား မည်သည့်နေရာတွင် ရှိရှိ သေကြရမည်၊ သေနိုင်သည်ဟူသည့် အချက်ပင်ဖြစ်၏။ ထို့ကြောင့် သေခြင်းတရားမှ လွတ်အောင်ရှောင်တိမ်းနိုင်သ ည့်
နေရာဟူသည် မရှိနိုင်သည့်အပြင် မည်သည့်နေရာတွင် သေမည်ကိုလည်း ကြိုတင်၍မသိနိုင်သဖြင့် ရောက်သည့်နေရာတိုင်းတွင် သေခြင်းတရားကို မမေ့ကြရန်
သတိပြုဆင်ခြင်ထားကြရန် လိုအပ်လှ၏။
အရေးကြီးဆုံးအချက်ဖြစ်သည့် သတ္တ၀ါများ ကြိုတင်၍ မသိနိုင်သည့် အချက်တစ်ခုမှာ သေပြီးနောက် မည်သည့်ဘုံဌာနတွင် ပြန်လည်ဖြစ်ကြရမည် ဟူသည့်အချက်ပင်ဖြစ်၏။ နိဗ္ဗာန်မရသေးသမျှ သတ္တ၀ါအားလုံး သေပြီးနောက် ဘ၀သံသရာ ကျင်လည်ကြရမည်ဖြစ်ပြီး ယခုဘ၀ မိမိတို့လုပ်နေကြသည့် ကုသိုလ်ကံ၊ အကုသိုလ်ကံတို့၏ အရှိန်ဖြင့် တစ်နေရာရာ ဘုံဌာနတစ်ခုခုတွင် ပြန်လည်ဖြစ်ရမည်ဖြစ်၏။ သို့သော် မည်သည့်ဘုံဌာနတွင် ဖြစ်မည်ကိုကား ကြိုတင်မသိနိုင်ကြပေ။ သေပြီးနောက် နတ်ဘုံနတ်နန်းတွင် စံမြန်းနိုင်ကြသူများ ရှိနိုင်သကဲ့သို့ လူ့ဘ၀တွင် ပြန်လည်မွေးဖွားသူများလည်း ရှိနိုင်၏။ အကုသိုလ်တစ်ခုခုကြောင့် ငရဲပြည်သို့ ရောက်ရှိသွားနိုင်သူများ ရှိသကဲ့သို့၊ အစွဲတစ်ခုခုကြောင့် ပြိတ္တာအဖြစ်၊ တိရိစ္ဆာန်အဖြစ် ပြန်လည်ပဋိသန္ဓေ ယူကြရသူများလည်း ရှိနိုင်၏။ မည်သို့ပင်ဖြစ်စေ သေပြီးပြန်လည် ကျင်လည်ရမည့် ဘ၀ကိုကား တိတိကျကျ သိနိုင်ရန် မလွယ်ကူလှပေ။ ထို့ကြောင့် နောင်ဘ၀မည်သို့ ဖြစ်မည်ကို ကြိုတင်မသိနိုင်ကြသဖြင့် ယခုဘ၀တွင် မိမိတို့ လုပ်နေသည့်အလုပ်များကို အထူးဂရုစိုက်လုပ်သင့်လှ၏။
အချုပ်အားဖြင့် ပုထုဇင်မှန်သမျှ မည်သူမဆို မည့်သည့်အရွယ်၊ မည့်သည့်ရောဂါ၊ မည်သည့်အချိန်၊ မည်သည့်နေရာတွင် သေကြရမည်ဟူသည်ကို မသိနိုင်ကြသည့်အပြင် သေပြီးနောက် မည်သည့်ဘ၀တွင် ပြန်လည်ဖြစ်ကြရမည်ဟူသည်ကို ကြိုတင်၍ မသိနိုင်ကြသဖြင့် တိကျသေချာသည့် ယခုလက်ရှိအချိန်ကို တန်ဘိုးရှိရှိ အသုံးပြုရန် လိုအပ်လှ၏။ တန်ဘိုးရှိရှိ အသုံးပြုသင့်သည်ဟူသည်မှာ မကောင်းသည့်အလုပ်များ မလုပ်ကြရန်နှင့် ကောင်းမှုကုသိုလ်များကို ရသမျှ ပြုလုပ်စုဆောင်းကြရန်ကို ဆိုလို၏။ ထိုကြိုတင်၍ မသိနိုင်သည့် အရာများ ရောက်မလာမီ တိကျသေချာသည့် ယခုအချိန်တွင် အကောင်းဆုံးဖြစ်အောင် ကြိုးစားသင့်လှ၏။ ယခုအချိန်တွင်မှ ရသမျှ ကုသိုလ်အစုကို စုဆောင်းရှာဖွေ အားထုတ်မထားနိုင်လျင် အချိန်မရွေးရောက်လာနိုင်သည့်
ထိုတရားများ ရောက်လာသည့်အခါ အလွန်နောက်ကျသွားနိုင်ပေ၏။ ထို့ကြောင့်
မတိကျမရေရာသည့်၊ ကြိုတင်၍ မသိနိုင်သည့်အရာများ ရောက်လာသည့်အခါ
ရဲရဲရင်ဆိုင်နိုင်ရန် တိကျသေချာသည့် ယခုအချိန်တွင် ကောင်းမှုအစုကို
ကြိုးစားပြုကြပါဟု သတိပေးတိုက်တွန်းရင်း စာရေးသူ၏ ဆရာတော်ကြီး
ဈာပနအခမ်းအနားတွင် စာရေးသူကိုယ်တိုင် နောက်ဆုံးသီကုံး
ပူဇော်ကန်တော့ခဲ့သည့် ကြိုတင်၍ မသိနိုင်သည့်အရာများအကြောင်း သံဝေဂကဗျာလေးကို ပြန်လည်မျှဝေရင်း….
ကောင်းမှုအစု ကြိုးစားပြုလော့
ဘယ်အရွယ်မှာ၊ ဘယ်ရောဂါဖြင့်
ဘယ်ရပ်ဒေသ၊ ဘယ်ကလ၌
သေကြရမည်၊ မသိနိုင်တာ ဓမ္မတာတည်း။
သေပြီးတစ်ဖန်၊ ပြန်ဖြစ်ပြန်လည်း
ဖြစ်ရာဘ၀၊ ဘုံဌာနကို
ကြိုတင်တိကျ၊ မသိရ၍
တိကျသေချာ၊ ခုချိန်ခါ၌
ကောင်းမှုအစု၊ ကြိုးစားပြုလော့။ ။
===================
စာရေးသူ = မနာပဒါယီ အရှင်ဝိစိတ္တ(ဒိုက်ဦး)
" မနာပဒါယီ " ဆိုဒ်မှကူးယူဖော်ပြခြင်းဖြင့် ဓမ္မဒါနပြုပါသည်။
မြတ်ဗုဒ္ဓအလင်း
စင်စစ် ပုထုဇင်ဖြစ်၍သာ စာရေးသူအနေဖြင့် မည်သည့်အရာက အရင်ဖြစ်သင့်သည်၊ မည်သည့်ပုဂ္ဂိုလ်က အရင်သွားသင့်သည့် စသည့်အတွေးများ ဖြစ်နေသော်လည်း တရားသဘောအရ၊ သဘာဝဓမ္မအရ ကြည့်မည်ဆိုလျှင် မည်သည့်အရာမျှ တစ်သမှတ်တည်း တွက်ဆ၍မရပေ။ လောကကြီးသည် မိမိဖြစ်ချင်သည့်အတိုင်း ဖြစ်ခွင့်မရှိ၊ သူ့သဘာဝအတိုင်းသာ ဖြစ်နေခြင်းဖြစ်၏။ ဤသဘောအတိုင်းပင် သေခြင်းတရား ဟူသည်မှာလည်းအသက်အရွယ်အစဉ်အတိုင်း ဖြစ်ပေါ်လာတတ်သည့် သဘောမဟုတ်၊ အရွယ်မရွေး ဖြစ်ပေါ်တတ်သည့် သဘောရှိ၏။ သားသမီးထက်အရင် မိဘသည် လောကကြီးအတွင်းသို့ ရောက်လာသဖြင့် လောကကြီးမှ ပြန်လည်ထွက်ခွာသည့်အခါ မိဘကအရင် ထွက်ခွာရမည် ဖြစ်သော်လည်း မိဘအရင် သားသမီးက ထွက်ခွာသွားနေကြသည်မှာလည်း အားလုံးမျက်မြင်ကိုယ်တွေ့ဖြ
``ဇီဝိတံ ဗျာဓိ ကာလောစ၊ ဒေဟနိက္ခေပနံ ဂတိ။
ပဉ္စေ တေ ဇီဝလောကသ္မိံ၊ အနိမိတ္တာ န နာယရေ`` ဟူ၍ဖြစ်၏။ ဤဂါထာတွင် ဖော်ပြသည့် လောက၌ သတ္တ၀ါများ ကြိုတင်၍ မသိနိုင်သည့် အရာငါးမျိုးကို အများနားလည်စေရန် သရုပ်ထုပ်ပြရလျှင်…
၁။ မည်သည့်အရွယ်တွင် သေကြရမည်ဟု ကြိုတင်၍ မသိနိုင်ခြင်း
၂။ မည်သည့်ရောဂါဖြင့် သေကြရမည်ဟု ကြိုတင်၍ မသိနိုင်ခြင်း
၃။ မည်သည့်အချိန်တွင် သေကြရမည်ဟု ကြိုတင်၍ မသိနိုင်ခြင်း
၎။ မည်သည့်နေရာတွင် သေကြရမည်ဟု ကြိုတင်၍ မသိနိုင်ခြင်း
၅။ သေပြီးနောက် မည်သည့်ဘုံဌာနတွင် ပြန်လည်ဖြစ်ကြရမည်ဟု ကြိုတင်၍ မသိနိုင်ခြင်း တို့ပင်ဖြစ်၏။
မှန်၏။ ပုထုဇင်ပုဂ္ဂိုလ်သတ္တ၀ါတို့သည
ထို့အတူ သတ္တ၀ါတို့ ကြိုတင်၍ မသိနိုင်သည့် အရာတစ်ခုမှာ မည်သည့်ရောဂါဖြင့် သေရမည်ဟူသည့် အချက်ပင်ဖြစ်၏။ မျက်မှောက်ခေတ်တွင် ရောဂါများသည် အမျိုးမျိုး ပေါ်ပေါက်လျက်ရှိ၏။ အထူးသဖြင့် ဖွင့်ဖြိုးဆဲနိုင်ငံများတွင
ထို့အပြင် မည်သည့်အချိန်တွင် သေကြရမည်ဟူသည်ကိုလည်း မည်သူမျှ ကြိုတင်၍ မသိနိုင်ကြပေ။ မနက်သေမည်လား၊ နေ့လယ်သေမည်လား၊ ညနေသေမည်လား၊ ညသေမည်လား စသည်ဖြင့် လားပေါင်းများစွာဖြင့်သာ သေရမည့်အချိန်ကို စောင့်နေကြရ၏။ သေခြင်းတရားကား အချိန်ကိုလည်း တိတိကျကျ သတ်မှတ်ထားခြင်း မရှိပေ။ အချို့လည်း အလုပ်လုပ်နေချိန် သေကြရ၏။ အချို့လည်း တရားထိုင်နေစဉ် သေကြရ၏။ အချို့လည်း အိပ်နေစဉ် သေကြရ၏။ အခြေအနေအမျိုးမျိုးတွင် တစ်မျိုးမျိုးဖြင့် သေနေကြရသော်လည်း တိကျသည့် အချိန်သတ်မှတ်ချက်ကိုကား ကြိုတင်မပြောပြနိုင်၊ ကြိုတင်မသိနိုင်ကြပေ။ သေချာသည်ကား အချိန်မရွေးသေနိုင်သည်ဟူသည့
မည်သည့်နေရာတွင် သေကြရမည်ဆိုသည့် အချက်သည်လည်း သတ္တ၀ါများ ကြိုတင်၍ မသိနိုင်သည့် အချက်တစ်ခုဖြစ်၏။ အချို့ဆိုလျှင် မွေးသည့်နေရာက တစ်နေရာ၊ သေသည့်အခါ တစ်နေရာဖြစ်သွားသည်ကို တွေ့ကြရမည်ဖြစ်၏။ တောမှာ မွေးပြီး မြို့မှာ လာသေကြရသူများ ရှိသကဲ့သို့ မြို့မှာမွေးပြီး တောသို့ အလည်သွားသည့် အခိုက် တောမှာသေကြရသူများလည်း ရှိ၏။ ခရီးသွားစဉ် ကားပေါ်၊ ရထားပေါ်၊ သဘောင်္ပေါ်၊ လေယာဉ်ပေါ် စသည့်နေရာ အမျိုးမျိုးတွင် ပုံစံအမျိုးမျိုးဖြင့် သေကြရသူများလည်း ရှိ၏။ နိုင်ငံအနေဖြင့် ပြောလျှင် မြန်မာနိုင်ငံတွင် မွေးပြီး ဂျပန်၊ ကိုရီးယား၊ စင်္ကာပူ၊ အာရှ၊ ဥရောပ၊ အမေရိက စသည့် နိုင်ငံခြား တိုင်းပြည်များမှာ သွားရောက်သေကြရသူများလည်း မရေတွက်နိုင်အောင် များပြားလှ၏။ ဤသည်မှာ သေခြင်းတရားသည် အချိန်မရွေးဖြစ်ပေါ်နေပြီး မည်သည့်နေရာတွင် သေကြရမည်ဆိုသည်ကို မသိနိုင်ကြသောကြောင့်ပင် ဖြစ်၏။ သေချာသည်ကား မည်သည့်နေရာတွင် ရှိရှိ သေကြရမည်၊ သေနိုင်သည်ဟူသည့် အချက်ပင်ဖြစ်၏။ ထို့ကြောင့် သေခြင်းတရားမှ လွတ်အောင်ရှောင်တိမ်းနိုင်သ
အရေးကြီးဆုံးအချက်ဖြစ်သည့် သတ္တ၀ါများ ကြိုတင်၍ မသိနိုင်သည့် အချက်တစ်ခုမှာ သေပြီးနောက် မည်သည့်ဘုံဌာနတွင် ပြန်လည်ဖြစ်ကြရမည် ဟူသည့်အချက်ပင်ဖြစ်၏။ နိဗ္ဗာန်မရသေးသမျှ သတ္တ၀ါအားလုံး သေပြီးနောက် ဘ၀သံသရာ ကျင်လည်ကြရမည်ဖြစ်ပြီး ယခုဘ၀ မိမိတို့လုပ်နေကြသည့် ကုသိုလ်ကံ၊ အကုသိုလ်ကံတို့၏ အရှိန်ဖြင့် တစ်နေရာရာ ဘုံဌာနတစ်ခုခုတွင် ပြန်လည်ဖြစ်ရမည်ဖြစ်၏။ သို့သော် မည်သည့်ဘုံဌာနတွင် ဖြစ်မည်ကိုကား ကြိုတင်မသိနိုင်ကြပေ။ သေပြီးနောက် နတ်ဘုံနတ်နန်းတွင် စံမြန်းနိုင်ကြသူများ ရှိနိုင်သကဲ့သို့ လူ့ဘ၀တွင် ပြန်လည်မွေးဖွားသူများလည်း ရှိနိုင်၏။ အကုသိုလ်တစ်ခုခုကြောင့် ငရဲပြည်သို့ ရောက်ရှိသွားနိုင်သူများ ရှိသကဲ့သို့၊ အစွဲတစ်ခုခုကြောင့် ပြိတ္တာအဖြစ်၊ တိရိစ္ဆာန်အဖြစ် ပြန်လည်ပဋိသန္ဓေ ယူကြရသူများလည်း ရှိနိုင်၏။ မည်သို့ပင်ဖြစ်စေ သေပြီးပြန်လည် ကျင်လည်ရမည့် ဘ၀ကိုကား တိတိကျကျ သိနိုင်ရန် မလွယ်ကူလှပေ။ ထို့ကြောင့် နောင်ဘ၀မည်သို့ ဖြစ်မည်ကို ကြိုတင်မသိနိုင်ကြသဖြင့် ယခုဘ၀တွင် မိမိတို့ လုပ်နေသည့်အလုပ်များကို အထူးဂရုစိုက်လုပ်သင့်လှ၏။
အချုပ်အားဖြင့် ပုထုဇင်မှန်သမျှ မည်သူမဆို မည့်သည့်အရွယ်၊ မည့်သည့်ရောဂါ၊ မည်သည့်အချိန်၊ မည်သည့်နေရာတွင် သေကြရမည်ဟူသည်ကို မသိနိုင်ကြသည့်အပြင် သေပြီးနောက် မည်သည့်ဘ၀တွင် ပြန်လည်ဖြစ်ကြရမည်ဟူသည်ကို ကြိုတင်၍ မသိနိုင်ကြသဖြင့် တိကျသေချာသည့် ယခုလက်ရှိအချိန်ကို တန်ဘိုးရှိရှိ အသုံးပြုရန် လိုအပ်လှ၏။ တန်ဘိုးရှိရှိ အသုံးပြုသင့်သည်ဟူသည်မှာ မကောင်းသည့်အလုပ်များ မလုပ်ကြရန်နှင့် ကောင်းမှုကုသိုလ်များကို ရသမျှ ပြုလုပ်စုဆောင်းကြရန်ကို ဆိုလို၏။ ထိုကြိုတင်၍ မသိနိုင်သည့် အရာများ ရောက်မလာမီ တိကျသေချာသည့် ယခုအချိန်တွင် အကောင်းဆုံးဖြစ်အောင် ကြိုးစားသင့်လှ၏။ ယခုအချိန်တွင်မှ ရသမျှ ကုသိုလ်အစုကို စုဆောင်းရှာဖွေ အားထုတ်မထားနိုင်လျင် အချိန်မရွေးရောက်လာနိုင်သည့
ကောင်းမှုအစု ကြိုးစားပြုလော့
ဘယ်အရွယ်မှာ၊ ဘယ်ရောဂါဖြင့်
ဘယ်ရပ်ဒေသ၊ ဘယ်ကလ၌
သေကြရမည်၊ မသိနိုင်တာ ဓမ္မတာတည်း။
သေပြီးတစ်ဖန်၊ ပြန်ဖြစ်ပြန်လည်း
ဖြစ်ရာဘ၀၊ ဘုံဌာနကို
ကြိုတင်တိကျ၊ မသိရ၍
တိကျသေချာ၊ ခုချိန်ခါ၌
ကောင်းမှုအစု၊ ကြိုးစားပြုလော့။ ။
===================
စာရေးသူ = မနာပဒါယီ အရှင်ဝိစိတ္တ(ဒိုက်ဦး)
" မနာပဒါယီ " ဆိုဒ်မှကူးယူဖော်ပြခြင်းဖြင
မြတ်ဗုဒ္ဓအလင်း
ဒီနေရာမှ ကူးယူမျှဝေပါသည်။
No comments:
Post a Comment