Like This Page · 3 hours ago
သင်းခွေချပ် (Pangolin) သည် အကြေးခွံပါသော သတ္တဝါတစ်မျိုးဖြစ်သည်။ များသောအားဖြင့် သင်းခွေချပ်များ၏ ခန္ဓာကိုယ်ကို မာကျောသော အကြေးခွံ များဖြင့် ဖုံးအုပ်ထားသည်။ ထိုအကြေးခွံများသည် တခုနှင့်တခု ထိစပ်နေပြီး ခန္ဓာကိုယ်ကို အခြားပြင်ပ အန္တရာယ်များမှ ကာကွယ်နိုင်ရန် သံချပ်ကာ ဝတ်စုံ သဖွယ် ဖန်တီးပေး ထားသည်။ အန္တရာယ်နှင့် ကြုံလာသောအခါ သင်းခွေချပ် များသည် ဘောလုံးသဖွယ် ကိုယ်ကို လုံးလိုက်ခြင်း အားဖြင့် မာကျောသော အလုံးကြီး ဖြစ်သွားသည်။
သင်းခွေချပ်တို့သည် ဤနည်းအားဖြင့် အသက်ရှင် ရပ်တည်နေကြသည်။ အချို့သော သင်းခွေချပ်များသည် သစ်ပင်တက် တတ်သော်လည်း အများ စုမှာ မတက် တတ်ကြပေ။ သင်းခွေချပ်သည် နှုတ်သီးရှည်၍ ပုရွက်ဆိတ် စားကောင် (Anteater)နှင့် သဏ္ဍာန်တူသည်။ ပုရွက်ဆိတ် စားကောင် (Anteater)သည် အကြေးခွံမပါပဲ အမွှေးများသာ ပါရှိသည်။
သင်းခွေချပ်သည် အမေရိကတိုက်တွင် တွေ့ရသော မျောက်ပျင်း၊ ပုရွက် စားကောင်၊ အာမာဒီလိုကောင် တို့နှင့် အတူ ဖော်လီဒိုးတားမျိုးဝင် သွား မရှိသည့် နို့တိုက်သတ္တဝါချင်း တူသော်လည်း မျိုးရင်းကားမတူချေ။ သင်းခွေချပ် သည် မင်နီဒီးမျိုးရင်းတွင် ပါဝင်၍ ပါဏဗေဒ အလိုအရ မေနစ်ကရပ်စီ ကော်ဒေးတား ဟုခေါ်သည်။ သင်းခွေချပ်များကို မြန်မာနိုင်ငံ အပါအဝင် အရှေ့ တောင်အာရှ၊ အရှေ့အိန္ဒိယ ကျွန်းစုနှင့် အာဖရိကတိုက်ရှိ ဆာဟာရသဲကန္တာရ တောင်ပိုင်းဒေသ များတွင်တွေ့ရသည်။ သင်းခွေချပ်သည် ဦးခေါင်းမှ ကိုယ်ထည် အထိ အမြီးမပါဘဲ နှစ်ပေမှ နှစ်ပေခွဲအထိ ရှည်၍ အမြီး သပ်သပ်သည် တစ်ပေခွဲ ရှည်သည်။
သင်းခွေချပ် အမျိုးမျိုးရှိရာတွင် အချို့အမျိုးတွင် အမြီးသည် ကိုယ်ထည် တစ်ခုလုံးထက် တို၍ အချို့အမျိုးတွင် နှစ်ဆမျှ ရှည်သည်လည်း ရှိတတ်သည်။ သင်းခွေချပ်၏ ဝမ်းပိုက်ပိုင်းမှ တစ်ပါး အခြား ကိုယ်ထည် တစ်ခုလုံးသည် အိမ် အမိုးတွင် အုတ်ကြွပ်ပြားများ မိုးထားဘိသကဲ့သို့ မာကျောသော အကြေးခွံ ကြီးများဖြင့် တစ်ခုနှင့်တစ်ခု အနားချင်းထပ်ကာ ဖုံးအုပ်လျက် ရှိနေလေသည်။ အရောင်မှာ အညိုရင့်ရောင် ဖြစ်သည်။ နှာတံရှည်၍ ချွန်သည်။ အပြင်သို့ ထုတ်နိုင်သော ရှည်၍ စေးကပ်သည့် လျှာလည်း ရှိသည်။ ခြေလက်တိုသည်။ သင်းခွေချပ်သည် မိမိကိုယ်ကိုယ်မိမိ ခုခံကာကွယ်သည့် အခါ တစ်ကိုယ်လုံးကို ဘောလုံးကဲ့သို့ လုံးနေအောင် ကွေးလိုက်ရာ တော်ရုံအားဖြင့် ပြန်၍ မဆန့်နိုင်ချေ။ အကြေးခွံများသည် အကာအကွယ် လက်နက်သဖွယ် ကြံ့ကြံ့ခံ နိုင် လေသည်။ ဝမ်းဗိုက်ပိုင်းတွင် အမွေးကြမ်းများ ကျိုးတိုးကျဲတဲပေါက်၍ အကြေးခွံများ ကြားတွင်လည်း အနည်းငယ်စီ ရှိကြသည်။
သင်းခွေချပ်များသည် များသောအားဖြင့် မြေတွင်းအောင်း၍ နေကြပြီးလျှင်
ခြနှင့် ပုရွက်ဆိတ် တောင်ပို့များကို တူးကာ ခြ၊ ပုရွက်ဆိတ်နှင့် ယင်းတို့၏ ဥများကိုသာ အဓိကထား၍ စားသောက် ကြသည်။ ဤသို့တောင်ပို့များကို တူးနိုင်ရန် ရှည်၍ အနည်းငယ် ကောက်နေသော လက်သည်း ခြေသည်းများ ရှိသည်။ မြေတူးရာ၌ ရှေ့လက်နှင့် တူးသောကြောင့် ရှေ့လက်သည်း များသည် နောက် ခြေသည်းများထက် ရှည်သည်။
ခြတောင်ပို့တစ်ခုကို တွေ့သည့်အခါ ရှေ့လက်ရှိ သန်မာသော လက်သည်း များနှင့် ပြိုအောင်ဖြိုပြီးလျှင် ခြအုံရှိရာ တွင်းထဲသို့ ၎င်း၏ ချွန်နေသော နှာတံကို ထိုးသွင်း၍ စေးကပ်လျက်ရှိသော လျှာရှည်ဖြင့် လျက်ကာလျက်ကာ ခြများကို မျိုသွင်း လေသည်။ လမ်းလျှောက်သည့်အခါ သင်းခွေချပ်သည် ခါးကို အနည်းငယ် ကုန်းထားပြီးလျှင် အမြီးကို ထောင်ထား တတ်သည်။ နောက်ခြေ များဖြင့် မတ်တပ်ရပ်၍ အဘက်ဘက်သို့ ကြည့်နိုင်သည်။ သင်းခွေချပ်သည် မြေကြီးပေါ်၌ ကျက်စားလေ့ ရှိသော်လည်း သစ်ပင်ပေါ်သို့လည်း အလွယ်တကူ တက်နိုင်သည်။ သစ်ပင်ပေါ်၌လည်း ပုရွက်ဆိတ်များကိုလိုက်လံစာ
သင်းခွေ ချပ်၏
မျက်စိများသည် ငယ်၍ နားရွက်မှာ မရှိသလောက် ဖြစ်သဖြင့် မြင်မသန် သည့် အပြင်
ကောင်းကောင်းလည်း မကြားချေ။ အရှေ့တောင် အာရှ တိုင်းပြည် များတွင် တွေ့ရသော
သင်းခွေချပ်များသည် ညဥ့်အခါမှသာ တွင်းမှထွက်၍ သွားလာ ကျက်စား တတ်သောကြောင့်
နေ့တွင် တွေ့ရခဲသည်။ နေ့အချိန်၌ကား မြေတွင်းထဲ၌ဖြစ်စေ၊ ကျောက်တုံး
ကျောက်ဆောင်များ ကြားတွင် ဖြစ်စေ ကွေး၍ နေတတ်ကြသည်။ အိပ်သည့်အခါ ခေါင်းကို
လုံးနေအောင် ကွေးထားသည့် ရှေ့ခြေနှင့် အမြီးကြားတွင် ထား၍ အိပ်သည်။
မွေးခါစ သင်းခွေချပ် ကလေးများသည် အကြီးမြန်၍ အကြေးခွံ ကလေးများမှာ ပျော့နေသည်။ ၁၈ လက်မခန့် ရှည်သော သင်းခွေချပ် သားငယ်ကလေးသည်
အမိနို့ရည် ကိုစို့ရင်း လေးလအတွင်း အလေးချိန် နှစ်ဆအထိ တိုးလာ လေသည်။ မိခင် သင်းခွေချပ်သည် သားကလေးအား အမြီးပေါ်တင်၍ သွားရာသို့ သယ်ဆောင်သွားလေ့ ရှိသည်။ သားငယ်ကလည်း မိခင်၏ အမြီးတွင် ကန့်လန့်ဖြတ် ထိုင်၍ လက်သည်းများဖြင့် ကုပ်တွယ် ထားသည်။ အကြောင်း တစ်ခုခုကြောင့် ထိတ်ထိတ် လန့်လန့်ဖြစ်ခဲ့သော် မိခင်သည်
လုံးနေအောင် ကွေးလိုက်ပြီးလျှင် သားငယ်ကို ရင်ခွင်တွင်ထား၍ ကာကွယ် စောင့်ရှောက် တတ်သည်။ သင်းခွေချပ် အသားသည် အလွန်ကောင်းသည် ဆိုကာ အချို့လူများ ကြိုက်နှစ်သက် ကြသည်။
Ref > my.wikipedia.org
No comments:
Post a Comment