ယ္ခုဆိုလျှင် ဗုဒ္ဓသာသနာ ပေါ်ထွန်းခဲ့သည်မှာ၊နှစ်ပေါင်(၂၅၅၆) ခုနှစ်တိုင်ခဲ့လေပြီ၊ သာသနာတ၀က်ကျော်ခဲ့ပြီဟုဆိုလျှင်လဲမမှားနိင်ပါ၊ သာသနာ
(၂၅၀၀)ကျော်ပါက (၀ိမုတ္တိယုဂ)ခေတ်သို့ ပြန်လည်ရောက်ရှိလာပါပြီ၊ ၀ိမုတ္တိယုဂ ခေတ်ဆိုသည်မှာ ဘုရားရှင်သက်ရှိ ထင်ရှား ရှိဘိအလား တမဂ်၊တဖိုလ် စွဲနိင်သော အိမ်ရာထောင်
အရိယာများအလွန်ပေါများသော ခေတ်ဖြစ်ပါသည်။ သာသနာတော်(၂၅၀၀)ကျော်မှစ၍ အရိယာများ တနေ့တခြား တိုးတက် ပေါများ လာကြပေ
တော့မည်၊သာသနာတော် ခေတ်ငါးပါးကို တင်ပြရလျှင်....
၁။ ၀ိမုတ္တိယုဂခေတ်- နှစ်ပေါင်း-၅၀၀
၂။သမာဓိယုဂခေတ်- နှစ်ပေါင်း-၅၀၀
၃။သီလယုဂခေတ်- နှစ်ပေါင်း-၅၀၀
၎။သုတယုဂခေတ်- နှစ်ပေါင်း-၅၀၀
၅။ဒါနယုဂခေတ်- နှစ်ပေါင်း-၅၀၀
--------
သာသနာတ၀က်နှစ်ပေါင်း- ၂၅၀၀
အထက်ပါနှစ်ပေါင်း(၂၅၀၀)ပြည့် သောအခါ ၀ိမုတ္တိယုဂ ခေတ်မှ စပြီးပြန်၍ အစဉ်အတိုင်း ရေတွက်ရမည်ဖြစ်သည်၊ဤနည်းအားဖြင့်နောင်နှစ်ပေါင်း(၂၅၀၀)ပြည့်သောအခါ သာသနာတော် နှစ်ပေါင်း (၅၀၀၀) ကုန်မည်ဖြစ်သည်။
နှစ်ပေါင်းငါးရာ တခေတ်ချင်းစီ ရှင်းပြရလျှင် ...
၁။ဝိမုတ္တိယုဂခေတ် -မြတ်စွာဘုရား စပွင့်တော်မူ ကာစ အချိန်ကာလ ဖြစ်သည်။
ယ္ခုအချိန်လည်း ထိုခေတ်ကအတိုင်း တရားဒေသနာ များစွာနာ ကြားဆည်းကပ်၊အားထုတ်ကြပြီး
အရိယာသူတော်ကောင်း များ၊တိုးတက်များပြား လာပြီး၊ သစ္စာတရားများ ကိုရှင်းလင်းစွာ လမ်းညွှန် ဟောကြား ဆိုဆုံးမနိင်သော ဆရာတော်များ
လူ ပုဂ္ဂိုလ်များအလွန်ပေါ်ထွက်သည့်ကာလဖြစ်သည်။
၂။သမာဓိယုဂခေတ် - သမာဓိအလွန်ထူထောင် နိင်သူ ပေါများပြီး ဈန်အဘိညာဉ်ရ ပုဂ္ဂိုလ်များ၊ များစွာပေါ်ထွန်းသောခေတ် ဖြစ်သည်၊
(ရှေးသီဟိုဋ္ဌ် သာသနာတော်ခေတ်မျိုး)
၃။သီလယုဂခေတ် - အကျင့်သီလပြည့် စုံကြသောပုဂ္ဂိုလ်များ အလွန်ပေါ်ထွန်းသော ခေတ်ဖြစ်သည်(ရှေးမြန်မာမင်းများ၏ခေတ်မျိုး)
၎။သုတယုဂခေတ် - စာပေကျန်းဂန် ဗဟုသုတအရာ၌ အလွန်လိမ်မာ တတ်ကျွမ်းသူများ လှိုင်လှိုင်ပေါ်ထွန်းသောခေတ် ဖြစ်သည်။
(ကျစွာမင်းလက်ထက် ကဲ့သို့ စာတက်၊ ပေတက် ပေါများသောခေတ်)
၅။ဒါနယုဂခေတ် - ဤခေတ်တွင် ပေးကမ်း လှူတန်း စွန့်ကြဲ၍ ဒါနကုသိုလ်၊ကာမာဝါစရ ကုသိုလ်ရှင်များ ပေါများထွန်းပေါက်သောခေတ် ဖြစ်သည်၊(မင်းတုန်းမင်းလက်ထက် မှစ၍ ကောဇာ သက္ကရာဇ် (၁၃၁၈) ထိခေတ်မျိုး)
ထိုကြောင့်ဗုဒ္ဓဘာသာ ၀င်သူတော်ကောင်း အပေါင်းတို့အနေဖြွင့် ဘုရားရှင်ပွင့်ခဲ့သည့်အလား ၀ိမုတ္တိယုဂ ခေတ်ကြီးအတွင်း သာသနာတော်နှင့်
တွေ့ဆုံကြုံကြိုက်ပြီး ၀ိပဿနာ တရားတော်များ လှိုင်လှိုင်နာကြား ဖတ်ရှု လေ့လာ ကျိုးစား အားထုတ်နိင်ကြ သဖြင့် အရိယာသူတော်ကောင်းများ များစွာပေါ်ထွက် လာကြမည်ကို ၀မ်းမြောက်ဖွယ် သတင်းကောင်းပါးအပ်ပါသည်။
(၀ိဖ္ဇာစရဏသမ္ပတော)
No comments:
Post a Comment