ဗီဇာမလိုသည့် အကြမ်းဖက်သမား သို့မဟုတ် သဘာဝဘေးကြိုးတန်းပေါ်က ကံတရားများ
အမေရိကန်၏ အထိမ်းအမှတ် လေဘာတီရုပ်တုကို
မိုးသည်းသည်း နှင့် လေပြင်းမုန်တိုင်းအောက်တွင် မှုန်ပျပျသာ မြင်ရသည်။
ရေတွေက မြို့တွင်း ကားလမ်း တစ်ေ လျှာက် ဒလဟောစီးဝင်ဖုံးလွှမ်းထားသည်။
ကြောက်မက်ဖွယ် လေပြင်းအောက် လည်စင်း ခံပေးထားရသော အ ဆောက်အအုံများ၊
ကားများနှင့် လူ တို့၏ မျက်နှာပေါ် မှ ဆောက်တည် ရာမဲ့ ခံစားမှု။
သဘာဝဘေးအန္တရာယ် တစ်ခု ဖြစ်သည့်
မုန်တိုင်းကို ဇာတ်ကွက် ဆင် ရိုက်ကူးထားသည့် ဗီဒီယို ကားတစ်ကားမဟုတ်ပါ။
အောက်တို ဘာလကို ကြမ်းတမ်းစွာ နှုတ်ဆက် သွားခဲ့သည့် အမေရိကန်တို့အတွက်
စန္ဒီမုန်တိုင်း တစ္ဆေညများ ဖြစ်သည်။ ”မုန်တိုင်း အခြေအနေကို တီဗီက လွှင့်တာ
ကြည့်နေရင်း မြန်မာနိုင်ငံ မှာ နာဂစ်တုန်းက မသေသင့်ဘဲ သေခဲ့ရသူတွေအတွက်
ဝမ်းနည်းနေ မိတယ်” ဟုထိုကာလက အမေရိ ကန်သို့ရောက်ရှိနေသည့် မြန်မာ
အမျိုးသမီးတစ်ဦးကပြောခဲ့သည်။အတိတ်ကို ဆုပ်ကိုင်ထားခြင်း မဟုတ်။
လွန်လေပြီးသော အမှား များကို ပြန်လည်ခေါ်ယူခြင်းလည်း မဟုတ်ပါ။ သဘာဝ
ဘေးအန္တရာယ် ဟူသည် ကမ္ဘာပေါ်ရှိ မည်သည့် အရပ်၊ မည်သည့်တိုင်းပြည်ကိုမဆို
ဗီဇာမလိုဘဲ အချိန်မရွေး ဝင်ရောက် ၍ ဖျက်ဆီးနိုင်သည့် အကြမ်းဖက် သမားပင်
ဖြစ်သည်။ ခေတ်မီ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံကြီးဟူ၍ လည်း သဘာဝဘေးက
ကွေ့ရှောင် မသွား။ ဖွံ့ဖြိုးစနိုင်ငံငယ်ဖြစ်၍လည်း
ညှာတာရှောင်ဖယ်လိမ့်မည်မဟုတ်။
အမေရိကန် စန္ဒီမသည် မိုင်
ပေါင်းများစွာဝေးကွာလွန်း၍မသက် ဆိုင်ဟုယူဆနိုင်သော်လည်း ထိုဖြစ် ရပ်က
အားနည်းချက် များစွာနှင့် ကြီးကြီးမားမား ဆုံးရှုံးစေသည့်
နာဂစ်ခဲမှန်ခဲ့ဖူးသော မြန်မာနိုင်ငံ အတွက်မူ အနာဟောင်းကို ပြန်ဆွ ခြင်း
သို့တည်းမဟုတ် နိုင်ငံ၏မျှော် မှန်းထား၍မရသည့် သဘာဝဘေး အန္တရာယ်အပေါ်
ကြိုတင်ြ ပင်ဆင် ကာကွယ်ထားရှိမှုနှင့် လိုအပ်ချက် များအပေါ်
မေးခွန်းထုတ်ခြင်းလည်း ဖြစ်လာခဲ့သည်။
အချက်ပေးမှုများနှင့် ပြန်လည်နိုးထလာသော ၂ဝ၁၂
၂ဝ၁၂ ခုနှစ်သည် မာယာလူ မျိုးတို့၏ ဟောကိန်းများကြောင့် နာမည်ကျော်ခဲ့သော နှစ်ဖြစ်သည်။ ထိုဟောကိန်းများကို အခြေ တည် ၍ ပြောင်မြောက်စွာ ဖန်တီးခဲ့သော အမေရိကန်တို့၏ ‘ကမ္ဘာပျက်နေ့’ ဗီဒီယိုဇာတ်ကား ကြောင့်လည်း ၂ဝ၁၂ ခုနှစ်သည် ကမ္ဘာသားတို့ အတွက်ဗီလိန်။ သို့သော်ဒဏ္ဍာရီ ယုံတမ်းစကားအနေဖြင့်ပင် အား လုံးက ရယ်သွမ်းသွေးထားခဲ့ကြ သည်။ ယခုအမေရိကန်စန္ဒီကြောင့် ထိုယုံတမ်းစကားဆိုသည်က အစစ် အမှန်လားဟု သံသယနှင့် စိုးရိမ်မှု များပြန်လည်နိုးထလာခဲ့ ကြသည်။ဒဏ္ဍာရီပုံပြင်ပင်ဖြစ်စေ၊ ကမ္ဘာ ပျက်ရန် အကြောင်းမရှိဟု အ ကြောင်းတရားများစွာဖြင့် ငြင်းချက် ထုတ်သည်ဖြစ်စေ အချိန်မရွေး အလစ်အငိုက် ဝင်လာတတ် သည့် သဘာဝ ဘေးအန္တရာယ်အတွက် မြန်မာနိုင်ငံသည်ရော စိတ်ချယုံ ကြည်ထားရသည့် လုံခြုံမှုရှိပါ၏ လော သုံးသပ်သင့်သည်သာ ဖြစ် သည်။
”ဒီနှစ် ဒီဇင်ဘာလကုန် အထိ
ဆိုရင်တော့ဘင်္ဂလားပင်လယ်အော် မှာမုန်တိုင်းတစ်လုံးဖြစ်ဖို့ ရှိနေသေး ပေမယ့်
အဲဒီမုန်တိုင်းက မြန်မာနိုင်ငံ ကို မဝင်နိုင်ဘူး။ တခြားသ ဘာဝ ဘေးတွေအနေနဲ့
ဆိုရင်တော့ သိပ္ပံ ပညာရှင်တွေရဲ့ တွက်ချက်မှုအရ ၂ဝ၁၂ခုနှစ်မှာကမ္ဘာပါဝင်တဲ့
စကြ ဝဠာဟာ နဂါးငွေ့တန်းထဲဝင်ရောက် ဖြတ်သန်းပြီး နေနဲ့ တစ်တန်းတည်းကျ မယ်။
အဲဒီလိုနေနဲ့ ကမ္ဘာတို့တစ်တန်း တည်းကျတဲ့ အချိန်မှာ ပြင်းထန်တဲ့
ဆွဲငင်အားတွေကြောင့် ကမ္ဘာ့သံ လိုက်ဝင်ရိုးစွန်းတွေဟာ အရှေ့နဲ့ အနော
က်လွဲချော်မှုတွေ ဖြစ်ပြီး ငလျင်တွေလှုပ်ခတ်နိုင်တယ်။ ဒါက နှစ်ပေါင်းသန်း ၆ဝ
မှာ တစ်ကြိမ် ဖြစ်နေကျ။ ကမ္ဘာကြီးလုံးဝပျက်သွား မှာတော့မဟုတ်ဘူး။
အခုအချိန်
အထိ ဒီနှစ်အတွင်းမှာတော့ ငလျင် ကြီးကြီးမားမားလှုပ်တာမျိုးမရှိသေး တဲ့အတွက်
သတိထားဖို့လိုတယ်”ဟုမိုးလေဝသပညာရှင် ဒေါက်တာ ဦးထွန်းလွင်က ပြောသည်။ထို့အ
တူ မြန်မာနိုင်ငံ ငလျင် ကော်မတီ အတွင်းရေးမှူး ဦးစိုးသူ ရထွန်းက
နေပြည်တော်၊ ရန်ကုန်၊ ပဲခူးနှင့်မန္တလေးမြို့အနီးတွင် တည်ရှိ နေသော
စစ်ကိုင်းပြတ်ရွေ့ ငလျင် ကြောမှာ ၁၉၃ဝ ခုနှစ်တွင် လှုပ် ခတ်ခဲ့ပြီး
ယခုအချိန်အထိ ထပ်မံ၍ မလှုပ်ခတ်သည်မှာ နှစ်ပေါင်း ၈ဝ ကျော်လာပြီဖြစ်သည့်အတွက်
စိုးရိမ် စရာ အနေအထားတွင် ရှိကြောင်း၊ ယခုအချိန် ထိုငလျင် လှုပ်ခတ်ခဲ့ပါ က
အင်အားရစ်ခ်ျတာစကေး ၆ ဒသမ ၅ နှင့် ၇ အကြားတွင်သာ လှုပ်ခတ်နိုင်သော်လည်း
ငလျင် အန္တရာယ်အား ကြိုတင် သတိပေး ချက် မထုတ်ပြန်နိုင်ခြင်း၊ လူဦးရေ ထူထပ်၍
ငလျင်ဒဏ်မခံနိုင်သော အထပ်မြင့် အဆောက်အအုံအများ အပြား ရှိနေခြင်း၊
ထွက်ပြေးပုန်းခိုရန် နေရာများ သတ်မှတ်ထားမှု မရှိခြင်း နှင့်
အသိပညာပေးမှုအပိုင်း အား နည်းနေခြင်းများကြောင့် ထိခိုက်
ပျက်စီးဆုံးရှုံးမှုများ များစွာဖြစ်ပေါ် စေနိုင်သည်ဟု သုံးသပ်သည်။
အာရှနှင့်ပစိဖိတ်ဒေသအတွင်း သဘာဝဘေးအန္တရာယ်အများဆုံး ကျရောက်သောနိုင်ငံ ၁ဝ နိုင်ငံတွင် ပါဝင်လျက်ရှိသော မြန်မာနိုင်ငံအနေ ဖြင့် မုန်တိုင်း၊ မုန်တိုင်း ဒီရေလှိုင်း၊ ရေလွှမ်းမိုးခြင်း၊ မြေပြိုခြင်း၊ မြေ ငလျင်၊ ဆူနာမီ၊ မီးဘေးစသော သဘာဝ ဘေးအန္တရာယ်များအား နှစ်စဉ်နီးပါး ကြုံတွေ့နေရဆဲဖြစ် သည်။ မြန်မာနိုင်ငံ သဘာဝဘေး အန္တရာယ်လျော့ပါးရေး စီမံချက်စာ အုပ်တွင်ဖော်ပြချက်များအရ ၂ဝဝဝ ခုနှစ်မှ ၂ဝ၁ဝခုနှစ်အတွင်း သဘာဝ ဘေးအန္တရာယ်များ၏ ၇၃ ရာခိုင် နှုန်းသည် မီးဘေး၊ ၁၁ ရာခိုင်နှုန်း သည် ရေဘေး၊ ၁၂ ရာခိုင်နှုန်းသည် လေပြင်းမုန်တိုင်းဘေးနှင့်အခြား ၄ ရာခိုင်နှုန်းမှာ မြေငလျင်လှုပ်ခြင်း၊ ဆူနာမီနှင့်မြေပြိုခြင်းတို့ဖြစ်ကြောင်း သိရသည်။
ထို့အတွက် သဘာဝဘေး အန္တရာယ်များအား
လျှော့ချကာ ကွယ်နိုင်ရန်နှင့် ပြန်လည်ထူထောင်
ရေးလုပ်ငန်းများလျင်မြန်စွာဆောင် ရွက်နိုင်ရန်အတွက် ၂ဝ၁၁ ခုနှစ် မြန်
မာနိုင်ငံ သဘာဝဘေးအန္တရာယ် ကာကွယ် စောင့်ရှောက်ရေးအဖွဲ့ နှင့်
အမျိုးသားရှာဖွေကယ်ဆယ်ရေး ကော်မတီတို့ကို ဖွဲ့စည်းခဲ့သည့် အပြင်
ဘေးအန္တရာယ်လျော့ ပါးရေး လုပ်ငန်း စီမံချက်ကိုပါ ရေးဆွဲကာ
ဆောင်ရွက်လျက်ရှိကြောင်း တရား ဝင်ထုတ်ပြန်ထားသည့် စာတမ်းနှင့် စာအုပ်များအရ
သိရသည်။ ထိုသို့ ဆောင်ရွက်ရာတွင် တိုင်းဒေသကြီး နှင့် ပြည်နယ်အဆင့်များသာ
မက ခရိုင်၊မြို့နယ်၊ ကျေးရွာအုပ်စုအဆင့် အထိ သဘာဝ ဘေးအန္တရာယ်
ကာကွယ်စောင့်ရှောက်ရေးအဖွဲ့များ အားဖွဲ့စည်း ၍ ဆောင်ရွက်သွားမည်
ဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ် ဆယ်ရေးနှင့် ပြန်လည်နေရာချထား
ရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာ ရှိတစ်ဦးက ပြောသည်။
”လူ့အသက် ဆုံးရှုံးမှုတွေ၊
အသက်မွေးဝမ်းကျောင်း လုပ်ငန်း တွေနဲ့ ရရှိပြီးသား ဖွံ့ဖြိုးမှု အရှိန်
အဟုန်ကို အကာအကွယ်ပေးနိုင် ပြီး ပိုဘေးကင်းလုံခြုံတဲ့ သဘာဝ ဘေး
အန္တရာယ်တွေကနေ ခံနိုင်ရည် ရှိတဲ့ မြန်မာနိုင်ငံ ဖြစ်လာစေဖို့ ရည်ရွယ်ပြီး
သဘာဝဘေးအန္တရာယ် လျော့ပါးရေး လုပ်ငန်းစီမံချက်ကို ဝန်ကြီးဌာန ၁၃
ခုအပြင်ကုလသမဂ္ဂ အဖွဲ့အစည်းတွေ၊ NGOအဖွဲ့ အစည်းတွေနဲ့ ပူးပေါင်းရေးဆွဲထား
တာ။ ဒီစီမံကိန်းမှာ အကြမ်းအား ဖြင့် ကဏ္ဍ ၇ ခု ပါဝင်တယ်။ အဲဒီ ကဏ္ဍ ၇
ခုအောက်မှာမှ လုပ်ငန်း စီမံ ကိန်း စုစုပေါင်း ၆၅ ခုရှိတယ်။ ဒါပေမဲ့
ဒီစီမံကိန်းတွေကိုဆောင် ရွက်တဲ့နေရာမှာ ဘဏ္ဍာရေးအခြေ အနေတွေကြောင့်
အားလုံးကိုချက် ချင်း အကောင်အထည်ဖော်ဖို့ မလွယ်ကူတဲ့အတွက် တစ်ဆင့်ချင်း
နှစ်အလိုက်ဆောင်ရွက်သွားမယ်” ဟု ၄င်းက ဆိုသည်။
စီမံကိန်း၏ ကဏ္ဍများစွာအနက် အချို့ကို
လတ်တလော ဆောင် ရွက်လျက်ရှိပြီး အများအားဖြင့် မြန်မာနိုင်ငံ၌
ကျရောက်လေ့ရှိသော သဘာဝဘေး ကိုးမျိုးအနက် မုန် တိုင်းဘေး၊မီးဘေး၊ရေဘေး၊
ဆူနာ မီဘေးနှင့် မုန်တိုင်းဒီရေလှိုင်းဘေး တို့အား
ကြိုတင်ခန့်မှန်းနိုင်ရေးနှင့် ပြည်သူလူထုသို့ အချိန်မီ အသိပေး
အကြောင်းကြားနိုင်ရေး အတွက် ပြည်တွင်းပြည်ပ အဖွဲ့အစည်းများ နှင့်ပူးပေါင်း၍
ခေတ်မီရေဒါများ တပ်ဆင်ခြင်း၊ ကြိုတင် ဇာတ်တိုက် လေ့ကျင့်ခြင်းများအား
ပြုလုပ်နိုင်ပြီ ဖြစ်ကြောင်း၊ ထိုသို့ကြိုတင် အသိ ပေးမှုစနစ်နှင့်အရေးပေါ်
သဘာဝ ဘေးတုံ့ပြန်ရေးအစီအစဉ်များ ပြု လုပ်နိုင်ခဲ့သည့်အတွက် ၂ဝ၁ဝခုနှစ် တွင်
မြန်မာနိုင်ငံသို့ ဝင်ရောက် တိုက်ခတ် ခဲ့သည့် ဂီရိမုန်တိုင်းမှာ
နာဂစ်မုန်တိုင်းကဲ့သို့ ပြင်းထန်ခဲ့ သော်လည်း အသေအပျောက်နှင့်
ပျက်စီးဆုံးရှုံးမှု နည်းပါးခဲ့ရခြင်း ဖြစ်သည်ဟု မီးသတ်ဦးစီးဌာနမှ ညွှန်
ကြားရေးမှူး ဦးသင်းဌေးရွှေက ဆိုသည်။
သို့ရာတွင် အခြားသော နိုင်ငံ များနှင့်
နှိုင်းယှဉ်ပါက မြန်မာနိုင်ငံ ၏ သဘာဝဘေးအန္တရာယ် လျှော့ ချရေး
လုပ်ငန်းများမှာ လိုအပ်ချက် များစွာ ရှိနေသေးသည်ဟု ၄င်းက ပြောသည်။ ”အဓိက က
သဘာဝ ဘေးအန္တရာယ် တစ်ခုခု ကျရောက် တော့မယ်ဆိုရင် လူထုကို အချိန်မီ ကြိုတင်
သတိပေးနိုင်ဖို့က အရေး ကြီးသလို လူထုကလည်း လိုက်နာဖို့
လိုတယ်။နာဂစ်မှာတုန်းက ကြိုတင် သတိပေးချက်ထုတ်ခဲ့ပေမယ့် လူ ထုကမသိတာ၊
မလိုက်နာတာတွေ ကြောင့် မြန်မာနိုင်ငံမှာ အဆိုးရွား ဆုံး အခြေအနေနဲ့
ရင်ဆိုင်ခဲ့ရတာ။ အခုကျတော့ လူထုက သဘာဝ ဘေးနဲ့ပတ်သက်လာရင် တော်တော် လေး
အသိရှိလာတယ်။ ဒါပေမဲ့ သဘာဝဘေးကို ကြိုတင်အသိပေး လို့ရတာရှိပေ မယ့်
ကြိုတင်အသိပေး လို့ မရတဲ့ငလျင်လို၊ မြေပြိုတာလို ဟာမျိုးဆိုရင်တော့
ကြိုတင်ကာ ကွယ်ရေးအတွက်ပြင်ဆင် ဆောင် ရွက်ထားတာက နည်းနေသေး တယ်” ဟု ၄င်းက
ပြောသည်။
လိုအပ်ချက်များ ရှိနေဆဲ ဖြစ် သော်လည်း အစိုးရနှင့် သက်ဆိုင် ရာ
ဌာနနှင့်အဖွဲ့အစည်းများ အနေ ဖြင့် ဒီအတိုင်း ထိုင်နေကြခြင်းတော့ လည်း မ
ဟုတ်ပါ။ကျရောက်နိုင်သော သဘာဝ ဘေးအန္တရာယ်၊ ထိခိုက်ခံရနိုင်မှုနှင့်
ဆုံးရှုံးနိုင်မှု ဆန်းစစ်အကဲဖြတ်ရေး ကဏ္ဍ၊ သဘာဝ ဘေးအန္တရာယ် အမျိုးမျိုးအတွက်
ကြိုတင် သတိ ပေးခြင်းစနစ်များထူထောင် ဆောင် ရွက်ရေးကဏ္ဍ၊ အမျိုးသားအဆင့်၊
တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်အဆင့်များတွင် သဘာဝ ဘေးအန္တရာယ်
အတွက် ကြိုတင် ပြင်ဆင်ရေးနှင့် တုံ့ပြန်ဆောင်ရွက် ရေးကဏ္ဍ၊ ဖွံ့ဖြိုးတိုး
တက်ရေး လုပ်ငန်းစဉ်များတွင် သဘာဝဘေး အန္တရာယ်ကြောင့် ဆုံးရှုံးနိုင်ခြေ
လျော့ပါးရေး လုပ်ငန်းများ ပါဝင်စေ ရေးကဏ္ဍ၊ ရပ်ရွာအခြေပြု သဘာဝ ဘေးအန္တရာယ်
ကြိုတင်ပြင်ဆင်ရေး နှင့် ဆုံးရှုံးနိုင်ခြေ
လျော့ပါးရေးကဏ္ဍနှင့်သဘာဝဘေးအန္တရာယ်နှင့် ပတ် သက်၍ ပြည်သူလူထုအား အသိ
ပညာပေးခြင်း၊ လေ့ကျင့်သင်တန်း ပေးခြင်း စသည့်ကဏ္ဍများ ပါဝင် သည်။
သဘာဝဘေးအန္တရာယ် လျော့ပါးရေးစီမံချက်အရ စွမ်းနိုင် သမျှ လုပ်ဆောင်နေမှုများ
ရှိသည် ကိုလည်းငြင်းမရ။ သို့သော် အသံ တိတ်လူသတ်သမားဟုပညာရှင်များ
သုံးနှုန်းနေသည့် ငလျင်အန္တရာယ် အတွက်မူ ပြည်သူလူထု အား အသိ
ပညာဖြန့်ဝေနိုင်မှု၊ ဇာတ်တိုက် လေ့ကျင့်မှုနှင့် ကြိုတင်ကာကွယ်
ရေးအတွက်ပြင်ဆင်မှုများ ဆောင် ရွက်နိုင်မှုမရှိသေးဟု သဘာဝဘေး အန္တရာယ်ဆိုင်ရာ
ကျွမ်းကျင်ပညာ ရှင်များက သုံးသပ်ထားသည်။
မြန်မာနိုင်ငံ ငလျင်ကော်မတီ
အတွင်းရေးမှူး ဦးစိုးသူရထွန်းက ”ငလျင်နဲ့ပတ်သက်လို့ ပညာပေး နိုင်မှု
အတိုင်းအတာက တစ်နိုင်ငံ လုံးအနေနဲ့ ၂ဝ ရာခိုင်နှုန်းတောင် မရှိသေးဘူး။
အကယ်၍များ ရန် ကုန်နဲ့ကီလိုမီတာ ၃ဝ သာကွာဝေး တဲ့စစ်ကိုင်းပြတ်ရွေ့ငလျင်သာ
လှုပ် ခဲ့မယ်ဆိုရင် နုန်းတင်မြေနုများတဲ့ ရန်ကုန်အရှေ့ပိုင်းေ ဒသတွေဖြစ်တဲ့
ဒဂုံဆိပ်ကမ်း၊ ဒဂုံအရှေ့၊ တောင် ဥက္ကလာ၊ မြောက်ဥက္ကလာ၊ ရန် ကင်းနဲ့
မြစ်ကမ်းနဲ့နီးတဲ့နေရာတွေ ဖြစ်တဲ့ ကျောက်တံတား၊ လမ်းမ တော်၊ လသာ၊
ဗိုလ်တထောင်၊ ကြည့်မြင်တိုင်၊ ပုဇွန်တောင်စတဲ့ မြို့နယ်တွေက
ငလျင်ဒဏ်ခံရနိုင်ခြေ ပိုများတယ်”ဟု ဆိုသည်။ တကယ်တော့ငလျင်အကြောင်း
နှင့်သတင်းများက စာမျက်နှာများ ပေါ်တွင် မြင်တွေ့နေကျဖြစ်သည်။
သို့သော်ထိမှနာတတ်သည့်သဘာဝ အရ အလေးထားမှုနှင့် လေ့လာမှု အားနည်းခဲ့ကြသည်ကို
ငြင်းမရပါ။ အကယ်၍ သဘာဝဘေးအန္တရာယ် စိန်ခေါ်မှုတစ်ခုခုသာ ရှိခဲ့ပါမူ…။
”ငလျင်လှုပ်ရင် အရင်က ခုံ
အောက်မှာဝင်ပုန်းရင် ကာကွယ် နိုင်တယ်လို့ပြောပေမယ့် ဒီနေ့ခေတ်
အနေအထားအရတော့ မကာကွယ် နိုင်ဘူးလို့ ပြောရမှာပဲ။ ဘာေ ကြာင့် လဲဆိုတော့
မက္ကဆီကို နိုင်ငံက ကျောင်းတစ်ကျောင်းမှာ ငလျင်လှုပ် တဲ့အချိန်
ကလေးတွေကလွတ်မယ် ထင်ပြီး ခုံအောက်ဝင်ပုန်းလို့ကလေး တော်တော် များများ
သေကျေခဲ့ရတဲ့ သာဓကတွေရှိတယ်။ မြန်မာနိုင်ငံ လိုအနေအထားမျိုးနဲ့ကျတော့ အ
ထပ်မြင့်တိုက်တွေမှာ နေတဲ့သူတွေ အနေနဲ့ ငလျင်လှုပ်ချိန်မှာ အ ဆောက်အအုံ နဲ့
ဝေးရာမြေပြင်မှာ သွားနေမှပဲ လွတ်နိုင်မယ်။ ဂျပန် မှာကတော့
ငလျင်လှုပ်တဲ့အချိန် ပြည်သူတွေ ပုန်းခိုရှောင်တိမ်းနိုင်ဖို့ ပန်းခြံတွေမှာ
ငလျင်ဘေးကာကွယ် ရေးအ စီအမံတွေလုပ်ထားတာရှိ တယ်။ ကျွန်တော်တို့ရန်ကုန်မှာ
တော့ အထပ်မြင့်အဆောက်အအုံ တွေများတဲ့အပြင် ငလျင်လှုပ်လာ ခဲ့ရင် ပြည်သူတွေ
ခေတ္တတိမ်း ရှောင်နိုင် မယ့်နေရာမျိုးတွေသတ် မှတ်ပြီး လုပ်ထားတာမျိုးမရှိသေး
ဘူး။ ဒါမျိုးတွေလုပ်ဖို့ လိုအပ်နေ တယ်”ဟု မီးသတ်ဦးစီးဌာနမှ
ဒုညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦး ကပြော သည်။
ထို့အပြင် သဘာဝဘေးအန္တ ရာယ်ကျရောက်ပါက
ရှာဖွေကယ် ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက် နိုင်ရန်အတွက် မြို့နယ်တိုင်း၌
အရန်မီးသတ်နှင့်ကြက်ခြေနီတပ်ဖွဲ့ ဝင်များပါဝင်သော သဘာဝဘေး အန္တရာယ်
ကာကွယ်ရေးအဖွဲ့များ ကို လူအင်အား ၅ဝ ဦးစီဖြင့် ဖွဲ့ စည်းထားသော်လည်း
ခေတ်မီရှာ ဖွေ ကယ်ဆယ်ရေးပစ္စည်းများလို အပ်ခြင်း၊အရေးပေါ်သယ်ယူပို့ဆောင်
ရေးယာဉ်များ နည်းပါးခြင်းနှင့် စေ တနာ့ဝန်ထမ်းလုပ်အား ပေးပြည်သူ
များပူးပေါင်းပါဝင်မှု နည်းပါးခြင်း ပြဿနာများကို ရင်ဆိုင် ကြုံတွေ့
နေရသည်ဟု ၄င်းကဆိုသည်။ သဘာဝဘေးကား ရှောင်ရှား ၍မရ။ ဖြစ်ပေါ်လာလျှင်
ဆုံးရှုံးမှု အနည်းဆုံးဖြစ်စေရန်အတွက်သာ ဆောင်ရွက်နိုင်သော်လည်း ထိုသို့
ဆုံးရှုံးမှု နည်းပါးစေရေးနှင့်ကာကွယ် တားဆီးရေး လုပ်ငန်းများအား
အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးမှာ ပို့ဆောင်ဆက်သွယ်ရေး၊ အရေး
ပေါ်စီမံခန့်ခွဲမှု၊ ကြို တင်သတိပေး ရေး၊ ပြန်လည်ထူထောင်ရေးနှင့်
ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများမှာ များစွာအရေးပါသည်ဟုသိရသည်။
”တရုတ်နိုင်ငံ စီချွမ်မှာ ငလျင်
လှုပ်တဲ့အချိန်မှာ တကယ်သဘာဝ ဘေးဖြစ်တဲ့နေရာနဲ့ ပေကျင်းမှာရှိ တဲ့ သဘာဝဘေး
ကာကွယ်ရေး ဗဟိုအဖွဲ့တို့က လုံးဝဆက်သွယ် ရေးမပြတ်တဲ့အပြင် ဗဟိုက လှမ်း
ပြီးစီမံကွပ်ကဲနိုင်ခဲ့တဲ့အတွက် လျင် လျင်မြန်မြန်ကယ်ဆယ်ရေးတွေ
ဆောင်ရွက်နိုင်ခဲ့တယ်။ ပို့ဆောင် ရေးဆိုလည်း ထိုနည်းတူပဲ။ မြန်မာ
နိုင်ငံမှာကျတော့ ၂ဝ၁၁ ခုနှစ်က ပခုက္ကူရေဘေးနဲ့ကြုံတဲ့အခါ လမ်း
ပန်းဆက်သွယ်ရေးက မကောင်း တော့ ကယ်ဆယ်ရေး အဖွဲ့တွေ ချက်ချင်းလွှတ်ပေမယ့်
နောက်ကျမှ ရောက်တာတို့၊ ဆက်သွယ်ရေးတွေ ပြတ်တောက်သွားတာမျိုးတို့ ကြုံခဲ့
ရတယ်။ နောက်တစ်ခါ ရှာဖွေကယ် ဆယ်ရေးပစ္စည်း အလုံအလောက် မရှိတာမျိုး၊
စားနပ်ရိက္ခာ အခက် အခဲဖြစ်တာတွေပါကြုံခဲ့ရတယ်” ဟု ဦးသိန်းထွန်းဦးက
ပြောသည်။ငလျင်ကော်မတီ အတွင်းရေး မှူး ဦးစိုးသူရထွန်း ကလည်း ”နောက်တစ်ချက်က
ရန်ကုန်မြို့ပေါ် မှာ ငလျင်ဒဏ်ခံနိုင်တဲ့ အဆောက် အအုံအရေအတွက်က အင်မတန်
နည်းတဲ့အပြင် ၁၉၉၉ ခုနှစ်ကနေ ၂ဝဝဝ ခုနှစ်အကြား ဆောက်ထား တဲ့ကန်ထရိုက်
တိုက်အများစုက လည်း ဖြစ်ကတတ်ဆန်း ဆောက် ထားတာဖြစ်တဲ့အတွက် ငလျင်လှုပ် တာနဲ့
မြေကျွံဝင်တာ၊ ပြိုကျနိုင် တာတွေဖြစ်နိုင်တယ်။ ဒါ့အပြင် အခု နောက်ပိုင်း
မြို့ထဲမှာ အထပ် မြင့်အဆောက်အအုံ ဆောက်ရင် ကားပါကင်ထည့်ဆောက်ရမယ်ဆို
တဲ့အချက်ပဲ။ တချို့က မြေနေရာ ကျဉ်းကျဉ်းလေးမှာ အထပ်မြင့်တိုက် ဆောက်တဲ့
အခါကျတော့ ကားပါ ကင်ကိုမရ ရအောင် ထည့်ဆောက် တဲ့အတွက် အဆောက်အအုံ
အောက်ခြေပိုင်းမှာ ခိုင်ခံ့မှုနည်း တာတွေ ရှိနေတယ်။
ဒီလို အ ဆောက်အအုံမျိုး
ဟာ ဘူမိဗေဒ သဘောအရ ငလျင်လှုပ်တဲ့အချိန် မှာ အောက်ခြေပိုင်းခံနိုင်မှုနည်းတဲ့
အတွက် ပြိုကျနိုင်တယ်”ဟု ပြော သည်။အတိတ်တွင် ကျန်နေရစ်ခဲ့ သော နာဂစ်က
လူပေါင်း တစ်သိန်း ကျော်ကို အသက်နုတ်ယူသွားခဲ့ သလို လူဦးရေ ၂ ဒသမ ၄ သန်း
ကျော်ကို အိုးမဲ့အိမ်မဲ့ဖြစ်ပွား၍ ကျပ်ငွေ သန်းပေါင်း ၁၁ ဒသမ ၇
ထရီလျံကိုဆုံးရှုံးေ စခဲ့သည့်သာဓက ကိုကား မြန်မာနိုင်ငံသားတိုင်း ယနေ့အထိ
မေ့ပျောက်နိုင်ခြင်း မရှိ သေး။ နာဂစ်နည်းတူ နာဂစ်ထက် ပိုမို
အဖျက်စွမ်းအားကြီးသော စန္ဒီ ဆူပါတိုင်ဖွန်း မုန်တိုင်းကြီး အမေရိ
ကန်နိုင်ငံသို့ဝင်ရောက် တိုက်ခတ် ချိန်တွင်မူလူ ၁ဝဝ ကျော်သာ သေ
ဆုံးခဲ့သည်။အဘယ်ကြောင့် အသေ အပျောက်နှင့် အပျက်အစီးဆုံးရှုံးမှု
နည်းခဲ့ရသည်ကို မေးခွန်းထုတ်ခြင်း ထက်အမေရိကန်အစိုးရ၏ သဘာဝ ဘေးအန္တရာယ်
ကြိုတင်ကာကွယ် ရေး အစီအစဉ်များမှ အတုယူနိုင် သည်များ၊ လုပ်ဆောင်ဖွယ် ရာများ
ကို ယူကြရန်သာ ဖြစ်သည်။
ဂျပန် ဆူနာမီငလျင်ဘေး၊ ထိုင်းနိုင်ငံ၏ရေကြီးမှု၊
အီတလီ နိုင်ငံ၏ ငလျင်လှုပ်ခတ်မှုနှင့် အမေ
ရိကန်နိုင်ငံ၏မုန်တိုင်းအန္တရာယ်တို့ က မာယာလူမျိုးတို့၏ ၂ဝ၁၂ ခုနှစ်
တွင်သဘာဝဘေးကြောင့် ကမ္ဘာ ပျက်မည်ဆိုသည့် ဟောကိန်းများ အပေါ်အနည်းငယ်တော့
အာရုံထွေ ပြားစေပါသည်။အနာဂတ်သည် မမြင်နိုင်၊ မနက်ဖြန်ဆိုသည်ကရော မည်မျှ
လောက်သေချာမှုရှိသည် ဆိုခြင်း ကို ယတိပြတ်မပြောနိုင်။ မြေ၊ ရေ၊ လေ၊
မီးဆိုသည့် ဓာတ်ကြီးလေးပါး ဖောက်ပြန်မှုကြောင့် ဖြစ်ပေါ်လာရ သည့်သဘာဝဘေး
အန္တရာယ်ဟူ သည်က အင်အားကြီး နိုင်ငံဟူ၍ လည်းမကြောက်၊ ဖွံ့ဖြိုးစနိုင်ငံဟူ၍
လည်း မညှာ။ ဘွာခတ် ၍မရသော ကစားပွဲတစ် ခုကဲ့သို့ပင် ဖြစ်မည်။ သို့သော်-
”ဖြစ်ချင်တာဖြစ်ဗျာ။ တွေး ကြောက်နေလို့လည်း ဘာမှဖြစ်လာ မှာမဟုတ်ဘူး။
ဒီလိုပဲ ရှင်သန်နေ ကြတာပဲလေ။ ကျွန်တော်တို့ ပြော နေကျ အတိုင်းပေါ့။
ကံတရားပါပဲ”ဟုအသက် ၃ဝ ဝန်းကျင်ရှိ ဘလော့ ဂါတစ်ဦးကအွန်လိုင်းမှပြောခဲ့သည်။
နေရောင်အောက်တွင် မနေ့က အတိုင်း
အရာအားလုံးက အပြောင်း အလဲမရှိ လှုပ်ရှားရှင်သန်နေကြ သည်။
လမ်းများပေါ်တွင်လည်း လူတွေ၊ ကားတွေ။ ရုတ်တရက် ညို့တက်လာသော
မိုးသားများနှင့် မကြာခင် တဖြောက်ဖြောက်ရွာချ လိုက်သော မိုးအောက်ကောင်းကင်
ကို အလန့်တကြား မော့ကြည့်မိ သော မျက်ဝန်းများလည်း ရှိနိုင်ပါ
သည်။ကံတရားဟုပဲ အရာရာကို ကျွန်တော်တို့ ဤကဲ့သို့ တရားကျ နေရဦးမည်လား
မသိနိုင်တော့ပါ။
အာင်ခွန်းဆက် ရေးဖွဲ့သည်။
No comments:
Post a Comment