Pages

သိပ္ပံပညာရှင်တို့က ဗုဒ္ဓ ပွင့်ထွန်းခဲ့ရာ မဟာဗောဓိ ညောင်ပင် အသက်ဆက်ပြီး ရှင်သန်ဆဲဟုပြော



     လွန်ခဲ့သည့် နှစ်ပေါင်း ၂၅၀၀ ကျော်က မြတ်စွာဘုရား ပွင့်ထွန်းခဲ့ရာ မဟာဗောဓိ ညောင်ပင်မှာ ယနေ့ အချိန်အထိဆက်လက်ရှင်သန်ကြီးထွားနေဆဲဖြစ်ကြောင်းသိပ္ပံပညာရှင်များမှလွန်ခဲ့သည့်ကြာသပတေး နေ့က
...ပြောကြားလိုက်ပြီ ဖြစ်သည်။

      အဆိုပါ ဗောဓိပင်မှာ အသက်ရှင်ပြီး အပြည်အဝ ကျန်းမာသည့် အနေအထား
တွင်ရှိနေကြောင်းအိန္ဒိယနိုင်ငံ မြောက်ပိုင်းပြည်နယ်ဖြစ်သည့် Uttarakhand တွင်ရှိသော Dehradun မြို့ရှိ သစ်တောသုတေသနဌာနမှ သိပ္ပံပညာရှင် နှစ်ဦး
ဖြစ်သူထဲမှ တစ်ဦးဖြစ်သည့်SubhashNautiyalဆိုသူမှ ပြောခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ဗောဓိညောင်ပင်မှာ ဗုဒ္ဓဂယာတွင်ရှိပြီး အိန္ဒိယရှိဘီဟာ ပြည်နယ်တွင်
ရှိနေခြင်း ဖြစ်ကာ Patna မြို့နှင့် ကီလိုမီတာ ၁၀၀ ခန့် အကွာတွင် ရှိခြင်းဖြစ်သည်။

         သိပ္ပံပညာရှင်များမှာ အဆိုပါ ဗောဓိပင်မှ အင်္ဂတေအုတ်ခုံကိုဖယ်ရှားပြီးနောက်
စမ်းသပ်ရာမှတစ်ဆင့် ယခုလို ဖော်ထုတ်လိုက်နိုင်ခြင်းဖြစ်သည်။ ထိုအပြင် အဆိုပါ အင်္ဂတေခုံကို ဖယ်ရှားလိုက်ခြင်းဖြင့် သစ်ပင်အမြစ်ကို ပိုမိုပြီး အသက်
ရှုခွင့် ပေးစေမည်ဖြစ်ပြီး ရှင်သန်စေရန် အထောက်အကူ ဖြစ်စေမည်ဖြစ်
သည်ဟု ၎င်းတို့မှ ပြောသည်။ ယခုလို မြတ်စွာဘုရား ပွင့်ထွန်းရာ ဒေသသို့ လာရောက်သူများထဲတွင် ဂျပန် နိုင်ငံမှခရီးသွားများမှာအများဆုံးဖြစ်ကြောင်း
လည်း ဇင်ဝှာ သတင်းတွင် ဖော်ပြခဲ့သည်။

      ဒီသစ်ပင်ဟာ အိန္ဒိယပြည်မှာ မင်းအဆက်ဆက်သတ်ဖြတ်ခဲ့တာတောင် မသေနိုင်တဲ့ ဂေါတမမြတ်စွာဘုရားရဲ့ သဗ္ဗညုတရွှေဉာဏ်တော်ရခဲ့တဲ့ သစ်ပင်ပါ၊၊ဗုဒ္ဓဟာ ကမ္ဘာပေါ်မှာပွင့်ပေါ်ခဲ့တာ စာပေမှာတင်ဖော်ပြခဲ့တာမဟုတ်ပါဘူး လက်တွေ့တွေမှာလဲ သက်တွေအထောက်ထားတွေအမှန်ရှိခဲ့ပါတယ်၊၊

No comments:

Post a Comment