Pages

နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ပြီး အင်အား ပြည့်ဝစွာ နိုးထလာနိုင်အောင်

by Health Articles on Friday, October 5, 2012 at 9:14pm ·


        လူဦးရေ ၇၅ ရာခိုင်နှုန်းဟာ အိပ်ရေး မဝတာကြောင့် နေ့ခင်းပိုင်းမှာ အိပ်ငိုက်နေတာကို ရုန်းကန် နေရတယ်လို့ National Sleep Foundation  မှာ ဖော်ပြ ထားပါတယ်။  အောက်ပါတို့ဟာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေနိုင်ပြီး စွမ်းအင် ပြည့်ဝစွာနဲ့ နိုးထ လာနိုင်တဲ့ နည်းလမ်းပါလို့ သိပ္ပံနည်းကျ နောက်ဆုံး ပြုလုပ်တဲ့ လေ့လာမှုအရ တွေ့ရှိထားပါတယ်။


၁။ လှပတဲ့ မြင်ကွင်းတွေ ကြည့်တာကြောင့် မြန်မြန် အိပ်ပျော်နိုင်ပါတယ်။

သိုးကောင်တွေကို ရေတွက်တာဟာ မြန်မြန် အိပ်ပျော်နိုင်တယ်လို့ ထင်မှတ်နေပါသလား။ Oxford တက္ကသိုလ်မှ လေ့လာမှုအရ အိပ်မပျော်တတ်သူတွေဟာ ရေတံခွန်၊ ပင်လယ်လှိုင်း ဒါမှမဟုတ် တခြားသော သဘာဝရှုခင်းတွေရဲ့ ဓာတ်ပုံကို မြင်ယောင်ကြည့်ရင် သိုးကောင် ရေတွက်နေသူတွေထက် မိနစ် ၂၀ ပိုမြန်ဆန်ပြီး အိပ်ပျော်တယ်လို့ သိရပါတယ်။


လျှို့ဝှက်ချက်


သင် ပူပန်နေတဲ့အရာတွေ ဒါမှမဟုတ် စိုးရိမ်စိတ်တွေကို ဖယ်ရှားနိုင်ဖို့ တစ်ခုခု ပြုလုပ်ဖို့ လိုအပ်ပါတယ်။ စိုးရိမ်စိတ်ကြောင့် သင့်ကို နိုးထစေနိုင်တဲ့ ဖိစီးမှုဟော်မုန်းတွေ ထွက်ရှိလာနိုင်လို့ပါလို့ လေ့လာမှုကို ဦးဆောင်သူ  Allison Hawey က ပြောပါတယ်။ သဘာဝရှုခင်းကို ကြည့်ရှုရတာဟာ ပျော်ရွှင်စရာ ကောင်းပြီး Relax ရစေတာမို့ စိုးရိမ်စိတ်၊ ပူပန်စိတ်တွေ လျော့ကျသွားနိုင်ပါတယ်။


၂။ အစားအစာထုတ်ကုန်မှ စာညွှန်းတွေ ကြည့်တာကြောင့် နှာပိတ်တာ သက်သာနိုင်ပါတယ်။


သင်ဟာ နှာပိတ်နေတာကြောင့် အိပ်ပျော်ရ ခက်ခဲနေပါသလား။ သင် နှာပိတ်တာဟာ အစာနဲ့ ဓာတ်မတည့်လို့ ဖြစ်နိုင်ပါတယ်။ အချိုမှုန့်လိုမျိုး  Food Additives တွေကြောင့် ဓာတ်မတည့်မှု အများဆုံး ဖြစ်တတ်ပါတယ်။ သင်စားတဲ့ အစာထဲက အဲဒီအစာတွေ ရှောင်လိုက်တာနဲ့ နှာပိတ်တာ သက်သာပြီး အိပ်ပျော်နိုင်ပါတယ်။ သင်နေ့စဉ် စားနေတဲ့ အစားအစာတွေကို ဒိုင်ယာရီ ရေးမှတ်ထားပါ။ နှာပိတ်တဲ့နေ့မှာ ဘာအစာ စားမိလဲဆိုတာကို သိရှိနိုင်ပြီး အဲဒီအစာကို ရှောင်လိုက်ရုံပါပဲ။


၃။ ဝိုင်အနီတစ်ခွက် သောက်တာကြောင့် မြန်မြန် အိပ်ငိုက်နိုင်ပါတယ်။


အရက်သောက်တာ များလွန်းတာကြောင့် တစ်ရေး နိုးထလာပြီး ပြန်အိပ်မပျော်တာ ဖြစ်တတ်ပေမယ့် ညစာနဲ့အတူ ဝိုင်အနီတစ်ခွက် သောက်ပေးရင် သင်ရဲ့ အိပ်ပျော်စေနိုင်တဲ့ ဟော်မုန်း မယ်လတိုနင် အဆင့်ဟာ ၁၀ ရာခိုင်နှုန်း ပိုမို မြင့်တက်လာစေနိုင်တဲ့အတွက် လွယ်လွယ်ကူကူ အိပ်ပျော်သွားနိုင်တယ်လို့ အစားအစာနဲ့ စိုက်ပျိုးရေးသိပ္ပံ ဂျာနယ်မှာ ဖော်ပြထားပါတယ်။


လျှို့ဝှက်ချက်


အနီရောင်စပျစ်သီး အခွံမှာ မယ်လတိုနင်တွေ များစွာ ပါဝင်ပြီး အချဉ်ဖောက် (အရက်) ပြုလုပ်စဉ်မှာ ထွက်ရှိလာတာကြောင့်ပါ။ ဒါ့အပြင် အနီရောင်စပျစ်သီးမှာ ပါဝင်တဲ့ ဒြပ်ပေါင်းဟာ ဦးနှောက်မှ မယ်လတိုနင် အမြင့်မားဆုံး ထွက်လာအောင်လည်း လှုံ့ဆော်နိုင်ပါတယ်။


၎။ Thank You ဆိုတဲ့ စကားနှစ်လုံးကြောင့် အိပ်ပျော်သွားနိုင်ပါတယ်။


အိပ်ရာထဲမှာ လဲလျောင်းပြီး မိမိကျန်းမာရေး၊ သူငယ်ချင်း၊ တိရစ္ဆာန် ဒါမှမဟုတ် ရာသီဥတုကောင်းတာ (မိုးမရွာတာ) အတွက်ကို ကျေးဇူးတင်ဖို့ စဉ်းစားတတ်သူတွေဟာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားပြီး စွမ်းအင်ပြည့်ဝစွာနဲ့ နိုးထလာတတ်တာမို့ နေ့ခင်း အလုပ်လုပ်ချိန်မှာ တခြား ကျေးဇူးတင်ဖို့ မစဉ်းစားတတ်သူတွေထက် စွမ်းအင် ပိုပြည့်ဝနေတယ်လို့ မကြာခင်က ပြုလုပ်တဲ့ လေ့လာမှုအရ သိရတာကို  Psychosomatic Medicine ဂျာနယ်မှာ ဖော်ပြထားပါတယ်။


လျှို့ဝှက်ချက်


ကျေးဇူးတင်ဖို့ စဉ်းစားလိုက်တာကြောင့် dopamine လိုမျိုး စိတ်အေးချမ်းမှု ရရှိစေတဲ့ ဟော်မုန်း ထုတ်လုပ်မှု မြင့်တက်လာပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေနိုင်ပါတယ်။ ဒါ့အပြင် မကောင်းမြင်တဲ့ အတွေးတွေလည်း ပျောက်ကွယ်သွားပါတယ်။ မကောင်းမြင်တတ်ရင် မကြာခဏ တစ်ရေးနိုးတတ်တယ်လို့ သုတေသန ပြုသူတွေက ရှင်းပြပါတယ်။


၅။ ငြိမ်သက်စွာ နေထိုင်တာကြောင့် အိပ်မပျော် ဖြစ်စေနိုင်သည့် စိတ်ဖိစီးမှုတွေ ပျောက်ကင်းနိုင်ပါတယ်။


မနက်ပိုင်း ၁၀ မိနစ်နဲ့ ညဘက် ၁၀ မိနစ်ခန့်ကို ငြိမ်သက်စွာ ထိုင်နေပြီး သင့်ဦးခေါင်းမှ အတွေးအားလုံးကို မေ့ဖျောက်ထားလိုက်ပါ။ ဒီလို တရားထိုင်တဲ့ နည်းလမ်းဟာ အိပ်မပျော်စေနိုင်တဲ့ အဓိကအချက် ဖြစ်တဲ့ စိတ်ဖိစီးမှုကို လျှော့ချနိုင်ပြီး အနှိပ်ခံတာထက် ပိုမို ထိရောက်မှု ရှိတယ်လို့ ဆိုပါတယ်။


လျှို့ဝှက်ချက်


တရားထိုင်တာကြောင့် ဖိစီးမှုအတွက် ခံစားမှုကို တာဝန်ယူတဲ့ ဦးနှောက်အစိတ်အပိုင်း လုပ်ဆောင်ချက်တွေ လျော့သွားပါတယ်။


၆။ ရေခဲရည် အသုံးပြုတာကြောင့် မြန်မြန် အိပ်ပျော်စေနိုင်ပါတယ်။


Pittsburgh တက္ကသိုလ်မှ သုတေသီတွေက အိပ်မပျော်တတ်သူတွေကို ရေခဲရည်ထည့်ပြီး အထူး ပြုလုပ်ထားတဲ့ ဦးထုပ်ကို နှာဖူးပေါ်မှာ တင်ပေးလိုက်တာကြောင့် အံ့သြဖွယ်ရာ ကောင်းလောက်အောင်ကို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတာကို ရှာဖွေ တွေ့ရှိခဲ့ပါတယ်။


လျှို့ဝှက်ချက်


အိပ်မပျော်တတ်သူတွေရဲ့ ဦးနှောက်ရှေ့ပိုင်း နေရာမှာ ပုံမှန်လူတွေထက် စိုးရိမ်စိတ် များစေတတ်တဲ့ လုပ်ဆောင်ချက်တွေ ပိုမို ထုတ်လုပ်တဲ့အတွက် အဲဒီနေရာကို အေးအောင်ထားပေးရင် လုပ်ဆောင်ချက်တွေ နှေးကွေးသွားနိုင်တာကြောင့်လို့ ဆိုပါတယ်။ အဲဒီဦးထုပ်ကို ဝယ်လို့ မရသေးတာမို့ အဲဒီအစား မျက်နှာသုတ်ပဝါ အသေးကို ရေခဲစိမ်ပြီး နဖူးပေါ်တင်ထားလိုက်ပါ။


ဒေါက်တာခင်မိုးမိုး
Ref: Good Health Originally Source: http://www.yatanarpon.com.mm/cp/goodhealth/news-39109

No comments:

Post a Comment