တရုတ်နိုင်ငံတွင် ကျင်းပပြုလုပ်သည့် Miss World
2012 ယှဉ်ပြိုင်ရွေးချယ်ပွဲတွင် တရုတ်အလှမယ် ယူဝမ်ဇီ (Yu Wenxia) က Miss
World အလှမယ်အဖြစ် ရွေးချယ်ခံရပြီး Miss World 2012 သရဖူဆင်မြန်းခွင့်
ရရှိသွားသည်။ တရုတ်နိုင်ငံ မွန်ဂိုလီးယားဒေသရှိ အော်ဒေါ့စ်မြို့တွင်
ယနေ့ကျင်းပခဲ့သော Miss World 2012 ယှဉ်ပြိုင်ရွေးချယ်ပွဲသို့ ကမ္ဘာတစ်ဝန်းမှ
အလှမယ် ၁၁၆ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ တရုတ်အလှမယ် ယူဝမ်ဇီက Miss
World အဖြစ်လည်းကောင်း၊ ယူဝမ်ဇီ၏နောက် ဒုတိယနေရာတွင် ဝေလအလှမယ်
ဆိုဖီမိုးဒ်ကလည်းကောင်း၊ တတိယနေရာတွင် သြစတြေးလျအလှမယ် ဂျက်ဆီကာ
ကာဟာဝါတီကလည်းကောင်း အသီးသီးရပ်တည်ခဲ့ကြသည်။
by planet
No comments:
Post a Comment