ကမ္ဘာမြေကြီးအဆင့်ဆင့်ပြောင်းလဲလာရာ၌ ဆင့်တစ်ခုတွင်မှောင်မိုက်၍ရေဖုးံလွှမ်းနေကြောင်း
အဂ္ဂညသုတ်တွင် မြတ်စွာဘုရားကဟောကြားတော်မူခဲ့ပါသည်။
ထိုအချိန်က တည်ရှိခဲ့သော သတ္တ၀ါများသည် လိင်ကွဲပြားခြင်းမရှိကြသေးပေ။ခေတ်များကျော်
လွန်သွားကြပြီး ရေငွေ့များတဖြည်းဖြည်း ရှင်းသွားပြီးနောက် ကမ္ဘာမြေကြီးထင်ပေါ်လာ၏။အရသာနှင့် ပြည့်စုံသော မြေဆီသည် ရေများပေါ်၌ ပျံ့နှံ့ကာ တည်ရှိနေ၏။ချက်ပြုတ်ပြီး အအေးခံထားသော နို့နှစ်ရောင်ထမင်း၏မျက်နှာပြင်၌ အမြုတ်ဖတ်များဖြစ်ပေါ်လာသကဲ့သို့ပင် မြေသားသည်လည်းဖြစ်ပေါ်လာ
သည်။
ထွန်းလင်းတောက်ပနေသော (ဥပစာရဈာန်)စိတ်ကြောင့် ဖြစ်ကုန်သောသတ္တ၀ါတို့သည် ရေ
ပေါ်တွင်ပျံ့နှံ့နေသောမြေဆီကို စတင်စားသုံးကြသည်။အရသာသည် အလွန်နှစ်သက်ဖွယ်ဖြစ်၍ တပ်
မက်ခြင်းတဏှာသည် သူတို့၏သန္တာန်၌ဖြစ်ပေါ်လာသည်။သူတို့စားသုံးစဉ် သူတို့၏ခန္ဓာကိုယ်များသည်
ကြမ်းတမ်းလာသည်။စားသုံးသောအတိုင်းအတာပေါ်မူတည်၍ ခန္ဓာကိုယ်သည်အစိုင်အခဲများဖြစ်လာ ပြီး ပုံသဏ္ဌာန်အမျိးမျိုး၊ရုပ်အဆင်းအမျိုးအမျိုးကွဲပြားလာသည်။ဤဖြစ်စဉ်သည်ကာလပတ်ကြာရှည်စွာ ဖြစ်ပေါ်နေ၏။ထိုစဉ်ကုန်းနှင့်ရေနှင့် ကွဲပြားသွားပြီးလျှင် မြူခိုးများလည်းကင်းရှင်းသွား၏။ထို့အတွက်နေ
နှင့်လတို့ကို မြင်တွေ့လာကြ၏။
သတ္တ၀ါများ ဖွံဖြိုးတိုးတက်လာသောအခါ သူတို့ကြား၌ ကွဲပြားခြားနားမှုသည်လည်း ထင်ပေါ် လာ၏။ကွဲပြားခြားနားမှုကိုလည်း သိလာ၏။တရွေ့ရွေ့နှင့် အာဟာရဖြစ်စေသော မြေဆီသည် ပျောက်
ကွယ်သွားသည်။အာဟာရအမျိုးမျိုး၌ တပ်မက်ခြင်းတဏှာဖြစ်ပေါ်လာသည်။မြေဆီကွယ်ပျောက်သွား
သောအခါ မြေလွှာသည်ဖြစ်ပေါ်လာသည်။ထိုမြေလွှာသည် အဆင်းအနံ့အရသာနှင့် ပြည့်စုံသော ကြောင့် ထိုမြေလွှာကို စတင်စားကြသည်။သူတို့သည် မြေလွှာတွင် အာဟာရရှိကုန်လျက် ရှည်စွာ သောကာလ၌ တည်နေကြသည်။
ထို့နောက်၌ နွယ်ချိုပင်များဖြစ်ပေါ်လာသောကြောင့် နွယ်ချိုပင်များကို စားရန်အားထုတ်လာ
ကြသည်။ရှည်ကြာသောကာလလွန်သွားသောအခါ သလေးဆန်များ စတင်ပေါ်ပေါက်လာသည်။ထိုအ
ခါ ထင်းဖြင့်မချက်ရသော သလေးဆန်ကိုစားလျက် ကာလပတ်လုံးတည်ကုန်ကြသည်။သူတို့၏ ခန္ဓာ
ကိုယ်သည် ပိုမို၍ကြမ်းတမ်းလာပြီး ပိုမို၍ကွဲပြားလာကြသည်။
မိန်းမများ၌ မိန်းမ၏ထူးခြားသောအင်္ဂါရပ်များ ထင်ရှားလာပြီး ယောက်ျားများသည်လည်း သူတို့
၏အင်္ဂါရပ်များ ထင်ရှားလာသည်။ထို့နောက်မိန်းမသည် ယောက်ျားကိုတစိန်းစိန်းကြည့်၏၊ယောကျာ်း သည်လည်း မိန်းမကို တစိန်းစိန်းကြည့်၏။အချင်းချင်းတစိန်းစိန်းကြည့်ကုန်သော ယောက်ျားမိန်းမတို့
သည် ပြင်းစွာသောတပ်မက်ခြင်း(ရာဂ)ဖြစ်ပြီး ကိုယ်၌ပူပန်ခြင်းကြောင့် မေထုန်အမှုကိုပြုကြလေသည်။
ထိုအခါမှစတင်၍ မုန်းတီးမှုများနှင့် ရန်မူခြင်းများဖြစ်ပေါ်လာကုန်၏။ထို့ကြောင့်သူတို့သည် သလေးဆန်ကို လေးရက်စာ၊ရှစ်ရက်စာသိုလှောင်လာကြသည်။ထိုအချိန်မှစ၍ သလေးပင်တို့သည် ယို
ယွင်းဆုတ်ယုတ်လာကြသည်။ခိုးမှုသည်လည်း စတင် ပေါ်ပေါက်လာခြင်းကြောင့် ခိုးမှုကိုနှိမ်နင်းရန်တ
ရားဥပဒေသည်လည်းဖြစ်ပေါ်လာ၏။နောက်ဆုံး၌ ပြည်သူလူထုထဲမှ ခွန်အားအကြီးဆုံး၊အခန့်ညားဆုံး
အကြည်ညိုထိုက်ဆုံးလူကိုရွေးချယ်၍ အကြီးအကဲ(သို့)ဥပဒေပြုသူအဖြစ်တင်မြောက်ကြသည်။
လူထုတင်မြောက်သောကြောင့် မဟာသမ္မတဟုခေါ်တွင်သည်။လယ်ယာမြေတို့၏ အရှင်သခင်ဖြစ်သော
ကြောင့် `ခတ္တိယ´ဟူသောဝေါဟာရ `နှစ်ဆင့်မြောက်ခေါ်ဆိုခြင်း´သည်ဖြစ်ပေါ်လာသည်။တရားဖြင့်
သူတပါးကိုနှစ်သက်စေသောကြောင့် `ရာဇာ´ဆိုသောတတိယဝေါဟာရ`သုံးဆင့်မြောက်ခေါ်ဆိုခြင်း
သည်ဖြစ်ပေါ်လာသည်။ထို့နောက် ဗြဟ္မဏများဟုခေါ်ဆိုသော ဘုန်းတော်ကြီးများ ပေါ်ပေါက်လာ သည်။ဤသူတို့၏တာဝန်မှာ လူဝတ်ကြောင်တို့အား ကိုယ့်ကျင့်တရားများအကြောင်း သင်ပြပေးပြီး
သူတို့ကိုယ်တိုင်က ခြိုးခြံသောဘ၀ဖြင့်နေထိုင်ကြသည်။ဈာန်ရသူများကို `ဈာယက´ဟုခေါ်ဆိုကြ၏။
ဤဘ၀ကို အလွန်ကြိုးစားအားထုတ်ရသော ဘ၀ဖြစ်သည်ဟုဆိုကာ ဝေဒကျမ်းများကို ပြုစုသူကို
`အဇ္ဈာယက´(ဈာန်မရနိုင်သူ)ဟုဆိုသည်။ထိုအချိန်က သူတို့ကို ယုတ်ညံဆုံးလူသားများဟုမှတ်ယူ၏။
ယခုမူအကောင်းဆုံးလူတန်းစားဖြစ်နေလေ၏။
အချို့သတ္တ၀ါတို့သည် အခြား(ကုန်သွယ်ခြင်း၊နွားမွေးခြင်း၊လယ်လုပ်ခြင်း)အလုပ်တို့ကိုလုပ်ကြ
သဖြင့် သူတို့ကို `ဝေဿ´(ကုန်သည်)များဟုခေါ်ကြကုန်၏။ကြွင်းကျန်သူတို့မှာ အမဲလိုက်ခြင်းစသော
ကြမ်းသော၊သေးနုတ်သောအလုပ်ဖြင့် အသက်မွေးကြသည်။သူတို့ကို`သုဒ္ဒ´(သုဒရ)ဟုခေါ်တွင်သည်။
(The Supreme science of the Buddha by Egerton C.Baptist,သိပ္ပံနယ်လွန် ဗုဒ္ဓဘာသာ၊ ဒေါက်တာမင်းထင်မွန်၏ ဘာသာပြန်စာအုပ်မှ)

No comments:
Post a Comment