သတ္တလောကတွင် သက်ရှိသတ္တ၀ါတိုင်းဟာ တစ်နေ့နေ့တစ်ချိန်တွင် သေကြရမည်ဖြစ်သည်။ သို့သော်လည်း စားဝတ်နေရေး အတွက် ငွေရှာရဦးမည်မှာ လူသားတိုင်းရဲ့တာဝန်မဟုတ်ပါတကား။ လွန်ခဲံသောငါးနှစ်လောက်ကပေါ့ ညောင်ဝိုင်း ဆိုတဲ့ရွာလေးတစ်ရွာမှာ ဂိုဏ်းဆရာကြီး ဦးမြင့်သူ ဆိုတာရှိတယ်။ သူကနာမည်ကြီး ဂိုဏ်းဆရာကြီးတစ်ယောက်ဖြစ်တဲ့အပြင် ပန်ပဲဖိုထိုးတဲ့အလုပ်ကိုလဲလုပ်ကိုင်တယ်။ သူ့မှာ အသက်20 အရွယ် နှင်းနှင်းဆိုတဲ့ သမီးတစ်ယောက်ရှိတယ်။ နှင်းနှင်းရဲ့ အမေဟာ သူမကိုမွေးမွေးပြီးခြင်းဆုံးပါးသွားတော့ ဦးမြင့်သူကပဲ ဖခင် လိုရော၊မိခင်လိုပါ ပြုစုစောင့်ရှောက်ရင်း ကြီးပြင်းလာခဲ့တယ်။ တစ်နေ့ `အဖေ..သမီးမြို့တက်ပြီးတော့ လို့တာလေးတွေသွားဝယ်လိုက်ဦးမယ်နော်´ ဟုဆိုကာ ဖခင်ထံခွင့်တောင်းခဲ့တယ်။
သို့ပေမယ်ဦးမြင့်သူက သူ၏စိတ်တွင် တစ်မျိုးကြီးဖြစ်နေတာကြောင့် မလွှတ်ချင်။ `အဖေရယ် သမီးလည်းအရင်တည်းက သွားနေတာပဲ ခုမှမဟုတ်တာ ပြီးတော့ အိမ်မှာက ၀ယ်စရာတွေရှိနေတယ်လေ´ နှင်းနှင်းက အတင်းတောင်းဆိုတော့ ဦးမြင့်သူလဲ မတတ်သာ `ဒါဆိုလည်းကောင်းကောင်းသွားနော် ဂရုစိုက် ၊ အဖေဒီနေ့ တစ်မျိုးကြီး ဖြစ်နေတယ် သမီးကိုသိပ်လွှတ်ချင်တာမဟုတ်ဘူး…. ´ `ဟုတ်ကဲပါ အဖေရဲ့ ဂရုစိုက်ပါ့မယ် ..သြော်ပြီးတော့ အဖေဘာမှာဦးမလဲ သမီးတစ်ခါတည်းဝယ်ခဲံမယ်လေ´ `ဘာမှတော့မှာစရာမရှိပါဘူး… ဆေးပေါလိပ်တစ်လိပ်လောက်ဝယ်ခဲ့ ပေါ့ ငါ့မှာဆေးပေါလိပ်ကုန်နေတယ်။ တလိပ်ပဲဝယ်ခဲ့နော်´ နှင်းနှင်းလည်းပြင်ဆင်ပြီးတာနဲ့ ဈေးခြင်းတောင်းကြီးကိုကိုင်ကာ `အဖေ့သမီးသွားတော့မယ်´ `အေး..အေး´ ဦးမြင့်သူက မသက်မသာနဲ့ပြန်ဖြေလိုက်ပေသည်။
ရွာတွင်ကားလမ်းမရှိပေ ။ မီးရထားဘူတာရုံလေးသာရှိသောကြောင့် ရွာသူ၇ွာသားတွေက ရထားကိုသာ အားကိုးကြရပေသည်။ မကြာမီ မီးရထားဥသြ ဆွဲသံ ရှည်ရှည်နဲ့ အတူ နှင်းနှင်းလည်းလိုက်ပါသွားလေသည်။ ဦးမြင့်သူမှာ လုပ်မြဲအတိုင်း ဆေးပေါလိပ်ကို ပါးစပ်တွင်ကိုက်ကာ ဖိုထိုးနေလေသည်။ ဖိုထိုးနေစဉ် ရုတ်တရတ်ဦးမြင့်သူရဲ့ လက်ကိုမီးဟပ်သွားလေသည်. ။ `အား..ပူလိုက်တာ …အရင်ထိုးနေတုန်းက ဘာမှမဖြစ်ဘူး ဒီနေ့ကြမှ ဘာဖြစ်လဲမသိဘူး´ ထိုစဉ် သမီးဖြစ်သူအားသတိရသွားပြီး `သမီးများတခုခု ဟာမဖြစ်နိုင်ပါဘူး´ လို့ရေရွှတ်ရင်း ဖိုဆက်ထိုးပေသည်။
ညနေစောင်းအချိန်ရောက်တော့ ဘူတာသို့ကားရထားတစ်စီး ဆိုက်လာလေသည်။ (ကားရထားဆိုသည်မှာ အတွဲတိုသည်.။ အတွဲတိုလေး သုံးတွဲလောက်သာပါသည်..။ အလယ်တွဲ၏ ရှေ့ဘီးတွင် ကားတာရာနှစ်ဘီး ထည့်ထားသောကြောင့်  ကားရထားလို့ခေါ်ကြသည်။ ထိုရထားမှာ သာမာန်ရထားများရဲ့ ကြားအချိန်မှာ ၀င်ရောက်ပြေးဆွဲ ခြင်းဖြစ်ပြီး စီးရတာလွယ်ကူပေသည်။ ကားရထားလေး၏ အရှေ့တွဲတွင် နှင်းနှင်းပါလာခဲ့သည်။ သူမရဲ့ ဈေးခြင်းတောင်းထဲတွင်လည်း ပစ္စည်း များအပြည့် ၊ ဦးမြင့်သူကလည်း သမီးအလာမျှော်နေပေသည်။ ကားရထားရပ်ခါနီးမှာ နှင်းနှင်းက ဈေးခြင်းတောင်း ကိုင်ကာ ဆင်းလိုက်ချိန်တွင် ခြေခေါက်၍အရှိန်မသေသေးသော ရထားအောက်သို့လိမ့်ဝင်သွားခဲ့သည်။ ကားရထားက လည်းအရှိန်အနည်းငယ်သာရှိတော့ပေမည့် အလယ်တွဲမှရှိတဲ့ ကားတာရာဘီးက သူမကို ဖြစ်ကျိတ်သွားခဲ့ သည်။`အားးးးးးးး´ ဆိုတဲ့ အသံက တိတ်ဆိတ်နေတဲ့ဘူတာဝန်းကျင်ကို လွှမ်းမိုးသွားခဲ့တယ်။ လူအများအပြားနဲ့သူမရှိရာကို အာရုံရောက်သွားကြတယ်။
ဘူတာစောင့်နှစ်ယောက်မှာလဲ ပြေးပြေးလွားလွားရောက်လာပြီး သူမကိုပွေ့ကာဘူတာပေါ်သို့ခေါ်သွားခဲ့တယ်.။ ကားရထားရဲ့ အလယ်ဘီးတာယာနဲ့ ကျိတ်မိတယ်ဆိုတော့ ရုပ်ပျက်ဆင်းပျက် မဖြစ်ခဲ့ပေ။ သူမရဲ့ဝမ်းဗိုက်မှာအတွင်း သို့ချိုင့် ၀င်နေပြီး၊ ဘယ်ဘက်လက်ခလယ်ရှိ လက်သည်းခွန်ကျွတ်ရုံမျှသာရှိပေသည်. ။ သို့ပေမယ့် သူမ ချက်ခြင်းမသေသေး ။ သူ့၏အကျီင်္အိတ်ကပ်ထဲ မှာရှိတဲံ တစုံတရာ(ဆေးပေါလိပ်လေး)ကို ညွှန်ပြခြင်ပေမယ့် ၀ိညဉ် က သူမရဲ့ ခန္ဒာကိုယ်ကို စွန့်ခွာသွားလေပြီ။ ဦးမြင့်သူမှာ သူသမီးရဲ့သတင်းကို ကြားကြားချင်း ဘူတာရုံသို့ ချက်ခြင်းအပြေးအလွှား ရောက့်လာလေသည်။သမီးကိုမြင်တော့ ၀မ်းနည်းပက်လက် ငိုရှာတာပေါ့။ အနီးအနားမှာ ရှိတဲ့သူတွေက ၀ိုင်ပြီး နှစ်သိမ့်ပေးကြတယ်။`သတ္တ၀ါတစ်ခု ကံတစ်ခုပဲလေ ဘယ်တတ်နိုင်မှာလဲ´ ။အဲ့ဒီနောက်မှာပဲ နှင်းနှင်းအလောင်းကို သင်္ချိုင်းကုန်မှာ ချက်ခြင်းပင်မီးသဂြုင်္ိလ် ခဲ့လေသည်။ ဦးမြင့်သူ ခဗျာမှာတော့ ညနေခင်းတစ်ခုလုံး ငိုကြွေးနေရှာပြီး နှင်းနှင်းကို လွှမ်းဆွတ်နေပေသည်။
ညရောက်သောအခါ ပတ်ဝန်းကျင်ကြီးသည် တိတ်ဆိတ်ငြိမ်သက်လျှက်ရှိသည်။ လရောင်မှေးမှေးလေးက တိမ်လွှာမည်းများ ကြားမှအနည်းငယ် သာဖြာထွက်လျှက်ရှိသည်။ ဘူတာရုံအနီးအနားတွင် လူနှစ်ယောက်ခေါက်တုန့်ခေါက်ပြန် လျှောက်နေလေသည်။ တခြားမဟုတ် ဘူတာရုံမှ အစောင့်ဝန်ထမ်းများဖြစ်သည်။ ထိုစဉ် ရထားသံလမ်းပေါ်မှ ညဉ်းသံကြီး တစ်သံထွက်ပေါ်လာလေသည်။
`ဟင်းးး…..အာ..း..းး….ကျွတ်..ကျွတ်…..ဟင်းးး´ အစောင့်တစ်ယောက်က အသံလာရာဘက်သို့ ဓာတ်မီးဖြင့် ထိုးကြည့်လိုက်လေသည်။ မည်သည့်အရာမှမတွေ့ ရပေ။ ထိုအချိန်တွင် သူတို့၏ အနားမှ အရိပ်တစ်ခုဖြတ်သွားလေသည်။ နှစ်ယောက်သားလန့် ဖြန့်သွားကြပြီး ကျောခြင်းကပ်ကာ ဟိုဘက်ကြည့်လိုက် ဒီဘက်ကြည့်လိုက်နှင့် ကြောက်ဒူးများတုန်နေပေသည်။ ထိုစဉ် ညဉ်းသံ မှာထပ်၍ပေါ်လာသောအခါ ဘူတာစောင့်နှစ်ယောက် ဟန်မစောင်နိုင်တော့ပဲ ရွာဘက်သို့တန်းတန်းမတ်မတ် ၀င်ပြေးသွားပေသည်။ ထို့နောက် ဘူတာဝန်းကျင်တစ်ခုလုံးလည်းတိတ်ဆိတ်သွားပြန်သည်။
ည1း00 ၀န်းကျင်တွင် ဦးမြင့်သူ၏ အိမ် နောက်ဖေးမီးဖိုချောင်၌ `ဂလုံး…..´ `ဂလွမ်း´ ဆိုသောအသံများ ထွက်ပေါ်လာသဖြင့် ဦးမြင့်သူ နိုးလာလေသည်။ အိမ်နောက်ဖေး၌ ထမင်းအိုး ဟင်းအိုးအသံများကို လှန်နေသည့်အသံပင်ဖြစ်သည်။ ဦးမြင့်သူ ကောက်ချက်ချလိုက်သည်။ သူသမီးလာမှန်းသိတာကြောင့် အသင့်ကိုင်ထားသော ဆေးကြိမ်လုံး (နာနာဘာဝ များကိုနိုင်သော ကြိမ်) ကို အသာပြန်ချထားလိုက်လေသည်။ ကွမ်းတညက်ခန့် အကြာတွင် နောက်ဖေးမှအသံများတိတ်ဆိတ်သွားလေသည်။လမ်းဘေးတွင် ခွေးဟောင်သံ ၊ ခွေးအူသံများ ဆူညံလျှက်ရှိနေသောကြောင့် သူ့သမီးပြန်သွားပြီဟုသိလိုက်သည်။ ဦးမြင့်သူမှာတော့ ပြန်မအိပ်နိုင်တော့ဘဲ အရင်တုန်းကအကြောင်းလေးတွေပြန် စဉ်းစားနေပြီး လွမ်းဆွတ်ခြင်း ဆိုတဲ့မျက်ရည်တွေဟာ တစ်စက်ပြီးတစ်စက်စီးကြနေခဲ့ပေသည်။ ညတိုင်းလိုလို ဦးမြင့်သူ၏ အိမ်တွင် စားစရာများကို လှန်လှော် စားလေသည်။ ဤသည်ကိုသိတဲ့ ဦးမြင့်သူက သူ့သမီးမတွက် တစ်ယောက်စာကောင်းကောင်းချက်ပြီး ကျွေးတာပေါ့။နှင်းနှင်းရဲ့ ရက်လည်((၇) ရက်ပြည့်ပြီးနောက်)ဦးမြင့်သူ၏ အိမ်ရှေ့ စားပွဲခုံပေါ်တွင် ဆေးပေါလိပ်အသစ်ကလေးတစ်လိပ်ကို တွေ့လိုဟက်ပေသည်။ ထိုဆေးပေါလိပ်လေးကို ကောက်ယူလိုက်ပြီး
`အော်….သမီးရယ်…ဒါအဖေမှာလိုက်တဲ့ဆေး ပေါလိပ်ကလေးလား ကွယ်´ တစ်ယောက်တည်းရေ၇ွှတ်ရင်း ဖိုထိုးနေကြနေရာကိုသွားကာ သူ့သမီးရဲ့ ဆေးပေါလိပ်လေးကိုကိုက်လျှက် ဖိုးထိုးနေပါတော့သည်။ ပါးတွင် လည်း မျကိလုံးအိမ်မှခုန်ပေါက် ပြေးထွက်လာခဲ့တဲ့ မျက်ရည်များဟာလည်းတစ်စက်ပြီးတစ်စက်စီးမျောနေရင်း အထီးကျန်မှုဆိုတဲ့ မုန်းတီးခြင်းကိုသာ တစ်ဦးတည်း ခံစားနေရရှာ ပါတော့သည်။ ထိုညကစပြီး မည်သည့်အသံများလည်းမကြားရတော့ချေ။
Writing By - Ye Tay Za Kyaw*(YTZK*)
No comments:
Post a Comment