ကနေ့ တရုတ်နိုင်ငံဟာ အားကစား လောကမှာ
စံချိန်သစ်တင်နိုင်တဲ့ စာရင်းဝင်နိုင်ငံတခုထဲမှာ ပါဝင်ပါတယ် ။
တရုတ်အသင်းတွေဟာ လက်ရှိ လန်ဒန်အိုလံပစ်ပြိုင်ပွဲတွေမှာလဲ ပထမနေရာမှာ
ရပ်တည်နေနိုင်ပါတယ် ။ ဒါပေမယ့် တရုတ်က ရွှေတံဆိပ်ဆုရှင် အားကစားသမားတွေဟာ
သူတို့ကလေးဘ၀ထဲကနေ တလျောက်လုံးမှာ နာနာကျင်ကျင် ခံစားရတဲ့ လေ့ကျင့်မှုတွေကို
လေ့ကျင့်ခဲ့ရတာပါ ။ တကယ်တော့ အိုလံပစ်အောင်ပွဲ ဆိုတာ
ကလေးတွေရဲ့မျက်ရည်စက်တွေလား ??? ကိုယ်တိုင်သာ ဆုံးဖြတ်ကြည့်ကြပါတော့ ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
( ကျွန်မသာဆိုရင်တော့ ... ကွန်မရဲ့ မောင် ညီမလေးတွေကို အဲ့လို အောင်မြင်မှု မရချင်နေပါစေ အဲ့လောက်ကြီးတော့ မခံစားစေချင်ပါဘူး ။ အဲ့ဒီအရွယ်ကလေးတွေဆိုတာ အဲ့ဒီအားကစားကို တကယ် စိတ်ဝင်စားတာလဲ ဟုတ်ချင်မှ ဟုတ်ပါလိမ့်မယ် ။ အဲ့လို ဘ၀မျိုးနဲ့ သူတို့ဘ၀ရပ်တည်မှု အဖြစ်ရွေးချယ်ချင်မှ လဲ ရွေးချယ်မှာပါ ။ ကလေးတယောက်ကို အဲ့လောက် လေ့ကျင့်ပေးပြီး အောင်မြင်လာပေမယ့် သူဟာ အဲ့လို အားကစားသမားဘ၀နဲ့ ပျော်မွေ့ချင်မှ ပျော်မွေ့ပါလိမ့်မယ် ။ သာမာန်ကလေးတယောက်လို နေထိုင်ကြီးပျင်းလာပြီး သူဝါသနာပါရာ စိတ်ပျော်မွေ့ရာ အလုပ်တခုနဲ့ ဘ၀ကိုရပ်တည်ပြီး ညိမ်းအေးစွာနေသွားချင်မယ် ဆိုရင် တော့ ... အခုလိုလေ့ကျင့်ပျိုးထောင် ပေးမှု ခံရတာ ဟာ သူ့လူသားဘ၀ ၊ လူသားအဖြစ်ရပ်တည်မှုကို ဖျက်ဆီးခံလိုက်ရတယ် လို့ ပဲ ကျွန်မတော့ တွေးမိပါတယ် )
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
China is one of the top countries today when it comes to sports records. Chinese team is currently on the first place in London Olympics standings. But the golden medals of Chinese sportsmen are achieved through painstaking trainings that start in the early childhood. Is the Olympic success worth the children’s tears? It’s up to you to decide.

No comments:
Post a Comment