ဒီအနာတွေပာာ ဖြစ်တတ်တဲ့သူမှာဆိုရင် ခဏခဏကိုဖြစ်ပါတယ်။ ပါးစပ်ကလွဲပြီးတခြားနေရာတွေမှာမဖြစ်ပါဘူး။ ပါးစပ်ထဲမှာတော့ နေရာစုံအောင်ကိုဖြစ်ပါတယ်။ နှုတ်ခမ်းအတွင်းပိုင်းတွေ၊ ပါးစောင်တွေ၊ အာခေါင်တွေ၊ လျာအောက်တွေ အားလုံးမှာဖြစ်နိုင်ပါတယ်။ အများဆုံးအဖြစ်များတာကတော့ ပါးစောင်နဲ့ နှုတ်ခမ်းအတွင်းပိုင်းတွေမှာပါ။ တစ်ခုတည်းဖြစ်နိုင်သလို အများကြီးလည်းဖြစ်နိုင်ပါတယ်။ ၇ရက်ကနေ ၁၀ရက်လောက်ကြာရင်ပျောက်သွားပါတယ်။ အမာရွတ်မကျန်တတ်ပါဘူး။ ကလေးအရွယ် ဒါမှမပာုတ် လူပျိုဖော်ဝင်စအရွယ်မှာကတည်းက စဖြစ်တတ်ပါတယ်။ အ၀ိုင်း ဒါမှမပာုတ် ဘဲဥပုံစံလေးတွေဖြစ်တတ်ပါတယ်။ အရမ်းနာပါတယ်။ အစာစားရင် အခက်အခဲဖြစ်ပါတယ်။ အနာကသိသိသာသာကိုပတ်ဝန်းကျင်အသားနဲ့ကွဲပြားနေပါတယ်။ အနာရဲ့ပတ်ပတ်လည်လေးတွေက နီနေတတ်ပြီး အနာကတော့ အဖြူရောင်၊ ဒါမှမပာုတ် မီးခိုးရောင်ဖြစ်ပါတယ်။ မျိုးရိုးနဲ့သက်ဆိုင်ပြီး အသက်၃၀ကျော်ရင်တော့ လုံးဝပျောက်သွားတတ်တယ်လို့ဆိုပါတယ်။ တစ်ခုသတိထားရမှာက ပါးစပ်မှာဖြစ်တဲ့အနာတိုင်းပာာ Aphthous ulcer (AU) မပာုတ်ပါဘူး။ အထက်မှာဖြော်ပထားသလိုမျိုးပုံစံမျိုးတွေရှိမှသာ AU ဖြစ်နိုင်တာပါ။
ဒီအနာတွေဘာကြောင့်ဖြစ်တာလည်းဆိုတာကို အခုချိန်ထိတိုင်အောင်ရှင်းရှင်းလင်းလင်း မသိသေးပါဘူး။ ဖြစ်နိုင်တဲ့အခြေအနေတွေက တစ်ခုတည်းကြောင့်မပာုတ်ဘဲအများကြီးကြောင့်ဖြစ်နေနိုင်ပါတယ်။ လေ့လာချက်တွေအရ ဒီအနာလေးတွေပာာ ကူးစက်တတ်တာမျိုးမပာုတ်ဘူးလို့ဆိုပါတယ်။ မျိုးရိုးကြောင့်ဖြစ်နိုင်ပါတယ် (ကျနော့်တူမလေးမှာလည်း ဖြစ်တတ်တယ်)။ အောက်ပါအချက်တွေကြောင့် AU တွေပိုဖြစ်နိုင်ပါတယ်။
1. သံဓါတ်၊ ဖောလစ်အက်စစ် (Folic acid)၊ ဗိုက်တာမင်ဘီ ချို့တဲ့ခြင်း
2. အစာအိမ်ရောဂါတစ်မျိုးမျိုးရှိနေတဲ့သူတွေ
3. ထူးထူးခြားခြားပဲ ဆေးလိပ်သောက်တဲ့သူတွေဆေးလိပ်ဖြတ်လိုက်ရင် ဒီအနာတွေဖြစ်တတ်တယ်လို့ဆိုပါတယ်။
4. စိတ်ဖိစီးမှုများခြင်း (စာမေးပွဲဖြေခါနီး၊ အလုပ်လူတွေ့မေးခါနီးစတဲ့အချိန်တွေမှာပိုဖြစ်ပါတယ်။)
5. ထိခိုက်မိခြင်း (နှုတ်ခမ်းအတွင်းသားလေးတွေကို ကိုက်မိလို့ရှိရင် အဲဒီနေရာကနေဖြစ်ပါတယ်။
6. တချို့မိန်းကလေးတွေမှာတော့ ရာသီနဲ့သက်ဆိုင်နေတတ်ပါတယ်။ ရာသီလာခါနီးအချိန်တွေမှာ ဖြစ်တတ်ပါတယ်။
7. အစားအသောက်နဲ့မတည့်တဲ့အခါတွေမှာလည်း ဖြစ်တတ်ပါတယ်။
8. ကိုယ်ခံအားမကောင်းတဲ့သူတွေမှာလည်း ဒီအနာလေးတွေနဲ့တူတဲ့ အနာတွေဖြစ်တတ်ပါတယ်။ ဒါပေမယ့် အဲဒီအနာတွေက AU မပာုတ်ပါဘူး။
အရမ်းအဖြစ်များပါတယ်။ လူ၁၀၀မှာ ၅၀လောက်ကိုဖြစ်နိုင်ပါတယ်။ အများအားဖြင့်တော့ အသက်၅နှစ်မတိုင်ခင်ကတည်းကစဖြစ်တတ်ပါတယ်။ အသက်ကြီးလာလေ ဖြစ်တဲ့အကြိမ်ရေပိုများလာလေဖြစ်တတ်ပါတယ်။ ကံကောင်းထောက်မစွာပဲဒီအနာလေးတွေပာာ နာကျင်တာ၊ အစာစားရခက်တာမျိုးကလွဲရင် တခြားဆိုးကျိုးမပေးတတ်ပါဘူး။ မိန်းကလေးတွေမှာပိုပြီးဖြစ်တတ်ပါတယ်။
လုံးဝပြန်မဖြစ်တော့အောင်တော့ ကုသလို့မရပါဘူး။ အဲဒီတော့ဒီအနာတွေဖြစ်လာရင် အကောင်းဆုံးလုပ်နိုင်တာကတော့ အနာသက်သာအောင်ရယ်၊ အနာဖြစ်နေတဲ့အချိန်ကိုတိုသွားအောင်ရယ်ပဲလုပ်နိုင်ပါတယ်။ အဲဒါတွေကတော့
1. ဗီတာမင် B12 သောက်ခြင်း။
2. အနာကို Steroid ပါတဲ့ဆေးလိမ်းပေးခြင်း။ ဒီနည်းကတော့ လောလောဆယ်မှာ ဒီအနာတွေကိုကုသတဲ့အကောင်းဆုံးနည်းလမ်းပါ။ အနာကိုသက်သာစေပါတယ်။ အချိန်ကိုတိုစေပါတယ်။ ဒါပေမယ့် နောက်တစ်ခါထပ်မဖြစ်အောင်တော့ မတားဆီးပေးနိုင်ပါ။ အများဆုံးအသုံးများတာကတော့ Hydrocortisone, Triamcinolone, Betamethasone ဆိုပြီးရှိပါတယ်။ Triamcinolone ကို Genalog ဆိုတဲ့တံဆိပ်နဲ့ရှိပါတယ်။ အလွယ်တကူဝယ်ယူနိုင်ပါတယ်။ တစ်နေ့ကို ၄ကြိမ်လိမ်းပေးရပါတယ်။
3. Tetracyclines လိမ်းဆေးလိမ်းပေးရင်လည်း အနာကိုသက်သာစေပါတယ် (အသက်၁၂နှစ်အောက်တွေမှာ မသုံးရပါ။ သွားမှာအရောင်ဆိုးပြီးသားဖြစ်သွားပါမယ်။)
4. ရောင်ရမ်းတာကိုသက်သာစေတဲ့အကိုက်အခဲပျောက်ဆေးတွေသုံးလို့ရပါတယ်။ သိပ်တော့ထူးထူးခြားခြားမသက်သာပါဘူး။ ဒါပေမယ့်လည်း ဆေးသောက်ထားတာပဲဆိုပြီး စိတ်သက်သာရာတော့ရနိုင်ပါလိမ့်မယ်။ (အစာအိမ်ထိခိုက်လို့ အစာအိမ်ဆေးတစ်ခုခုနဲ့တော့ တွဲသောက်ပါ။)
5. အစားအသောက်ဓါတ်မတည့်လို့ဖြစ်တဲ့သူတွေမှာ အဲဒီအစားအသောက်ကိုရှောင်ပေးရပါမယ်။
6. ကိုက်မိလို့အနာဖြစ်တဲ့နေရာကနေဖြစ်တတ်တဲ့အတွက်ကြောင့် သတိထားပြီးမကိုက်မိအောင်နေရပါမယ်။
By- Thurein hlaing win
အပြုံးပန်းဈေးခင်းမှ ပြန်လည်မျှဝေပါသည်။
No comments:
Post a Comment