မမဲတို့ လုပ်ငန်းခွင်လေ...
ဒီရေကန်လေးကတော့ ထူးထူးခြားခြားကို နွားနို့နဲ့ စတော်ဘယ်ရီသီး ဖျော်ထားသလိုမျိုး ပန်းရောင်အဖြစ် သဘာဝအတိုင်း တည်ရှိနေတာပါ။ ဒါပေမယ့် ဒီရေတွေကိုတော့ ချိုလှတယ် မထင်ပါနဲ့ ဆား ပါဝင်မှု့ ၄၀%ကျော် ပါဝင်ပါတယ်။ ဆား ပါဝင်မှု့နှုန်းမြင့်မားလွန်းလို ရေကူးစရာကိုမလိုပဲ ရေပေါ်မှာတင် ကိုယ်ဖော့နေလို့ရပါတယ်။
ရေကန်ဟာ အနီရောင်သမ်းနေရတဲ့ အကြောင်းအရင်းကတော့ ဒီရေကန်ထဲမှာ ပေါက်ဖွားရှင်သန်နေတဲ့ ဆားငန်ရေကို နှစ်သက်တဲ့ Dunaliella salina ဆိုတဲ့ ဇီဝသက်ရှိတွေကြောင့်ဖြစ်ပါတယ်။ နေရောင်ခြည်ကို စုပ်ယူပြီးတော့ အနီရောင်ခြယ်တွေကို ထုတ်ပေးတဲ့ ဒီသက်ရှိလေးတွေကြောင့် ရေကန်ဟာ ပန်းရောင် သမ်းနေရခြင်းဖြစ်ပါသတဲ့။
အနော် တစ်ယောက်ထဲ အေးချေး..;)
ဒီရေကန်လေးကို အမှီပြုပြီးတော့ ဒေသခံတွေကတော့ ဆားထုတ်လုပ်ကြပါတယ်။ တစ်နေ့ကို ၇နာရီကနေ ၈နာရီလောက် ဆားထုတ်လုပ်တဲ့ လုပ်ငန်းခွင်က အလုပ်သမားတွေကတော့ ဆားငွေ့တွေ ခန္ဓာကိုယ်ကို တိုက်ရိုက်ထိတွေ့ခြင်းမှ ကာကွယ်ဖို့အတွက် သစ်စိမ့်ပင်ကရတဲ့ အဆီကို သုတ်လိမ်းပြီး ဆားထုတ်လုပ်ကြပါသတဲ့။
ကန်ကို အပေါ်စီးက ရိုက်ထားတာလေ..
ကိုမဲတို့ လုပ်ငန်းခွင်လေ..^^
ကိုမဲတို့ နေတဲ့ ရွာလေးပေါ့..:)
အားပေးကြည့်ရှုကြတဲ့ ဘော်ဘော်တွေ အားလုံး ပျော်ရွှင်ကြပါစေနော်...^_~

No comments:
Post a Comment