ဒူဘိုင်း မြေအောက် ရထားစနစ်သည်
ကမ္ဘာပေါ်တွင် အရှည်လျားဆုံးသော အလိုလျောက် စနစ်သုံး မောင်းသူမဲ့ ခေတ်မှီ
ရထားကွန်ရက် ဖြစ်သည်။ ဒူဘိုင်း ရထားစနစ်သည် မြို့တော်၏ အလယ်တွင်
မြေအောက်သို့ ဝင်ရောက်သွားပြီး အချို့သော နေရာများတွင် မြေပြင်ပေါ်သို့
ပြန်လည်ထွက်ပေါ်လာကာ ကောင်းကင်တံတားဖြင့် မြို့ပေါ်မှ ဖြတ်သန်းပြေးဆွဲသည်ကို
တွေ့ရသည်။
၃၂.၄ မိုင် (၅၂.၁ ကီလိုမီတာ ရှည်လျားသော) ပထမ လမ်းပိုင်းကို ၂၀၀၉
ခုနှစ် ၉ လပိုင် ၉ ရက်နေ့ ညပိုင်း ၉ နာရီ ၉ မိနစ် ၉ စက္ကန့် အချိန်တွင်
စတင်ဖွင့်လှစ်ခဲ့ပြီး စတင်ဖွင့်လှစ်သည့် ၂ ရက်အတွင်းမှာပင် ဒူဘိုင်း
လူဦးရေ၏ ၁၀ ရာခိုင်းနှုန်း စီးနင်းခဲ့ကြသည်ဟု သိရသည်။ ခေတ်မှီလှပသော
ရထားဘူတာများ စင်္ကြန်များ ရထားတွဲများ အားလုံးတွင် လေအေးပေး စနစ်များ
အပြည့်အဝ တပ်ဆင်ထားပြီး စင်္ကြန်နှင့် ရထားကြား ရထားရပ်မှသာ ပွင့်နိုင်သော
Platform screen doors များ တပ်ဆင်ထားသည်။စုစုပေါင်း ကုန်ကျစရိတ် အမေရိကန် ဒေါ်လာ ၇.၈ ဘီလီယံ (ဒေါ်လာသန်း ၇၈၀၀) ကုန် ကျပြီး အပြည့်အစုံ ပြီးစီးပါက စုစုပေါင်း လမ်းအရှည် ၄၃.၃ မိုင် (၆၉.၇ ကီလိုမီတာ) ရှည်လျားမည် ဖြစ်ပြီး ကမ္ဘာ့ အရှည်ဆုံး မောင်းသူမဲ့ ရထားစနစ် ဖြစ်လာမည် ဖြစ်သည်။
credig PatheinCity
http://www.akyinnarnantaw.org/2010/11/blog-post_1056.html မှ
No comments:
Post a Comment