Pages

Website ထဲက စာတွေကို Print ထုတ်ယူကြရအောင်..( Print ထုတ်နည်း)

ဘလော့လေးတွေ၊အခြားအကြောင်းအရာလေးတွေကို Print ထုတ်ယူချင်ပါတယ်တဲ့..အဲ့တာ
Print Button လေးအဆင်ပြေမယ်ဆိုရင်ထည့်ပေးစေချင်ပါတယ်လို့ တောင်းဆိုလာလို့ အခုလုပ်ပေးလိုက်ပါတယ်..
Print ထုတ်ပုံလေးကိုတော့ မသိသေးတဲ့သူတွေအတွက် ပုံနှင့်တကွ ရှင်းပြပေးပါ့မယ်.. သိပြီးသားဆိုရင်တော့လဲ..
နားလည်ကြပါနော်..
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ပထမဆုံးဆိုဒ်ရဲ့ ညာဘက်ဆိုဒ်ဘားပေါ်မှာ ရှိတဲ့ ( Print Friendly )ဆိုတဲ့ခလုတ်လေးကို အားလုံး မြင်ကြရမှာပါ..
အဲ့ခလုတ်လေးနဲ့  မိမိ တို့ လိုချင်တဲ့ ဘလော့၊ ဖိုရမ်ကဏ္ဍမှ အကြောင်းအရာများ ၊ ကဗျာများ ..... လိုချင်တာကိုထုတ်
ယူနိုင်ပါတယ်..။

ပထမဆုံး မိမိလိုင်တဲ့ အကြောင်းအရာလေးတခုကို ဖွင့်လိုက်ပါ. ကျနော်ကတော့ ဘလော့လေးတပုဒ်ကို ဖွင့်လိုက်ပါမယ်..
အောက်ကပုံကိုကြည့်ပါ..
ကျနော်ကတော့ ဒီဘလော့ပို့ စ်လေးကို နမူနာထုတ်ယူပြပါမယ်..အောက်ကပုံကို ဆက်ကြည့်ပါ..Print Preview အနေအထားကို မြင်တွေရမှာပါ အနီလေးထောင့်ကွက်လေးနဲ့ ပြထားပါတယ် Print ကို နှိပ်လိုက်ပါ.. ( PDF ဖိုင်နဲ့ ထုတ်ချင်ရင်လဲ ရပါတယ်.. လုပ်နည်းကတော့ အတူတူပါပဲ .. Print ထုတ်တာကိုပဲ ပြောပြပါမယ်.. PDF နဲ့ 
ထုတ်မယ်ဆိုရင် စာလုံးဖောင့်အခက်ခဲလေးတွေ ရှိလာပါမယ်.)
Print ကိုနှိပ်လိုက်ပြီးရင် အောက်က ပုံအတိုင်းမြင်ကြရအုံးမှာပါ.. ကြည့်လိုက်ကြပါအုံး
အနီကွက်လေးထဲက အတိုင်းပဲ လုပ်သွားပါ.. ပြီးရင် မိမိ သိမ်းမဲ့ နေရာကို ရွေးပြီး နာမည်လေးတခုပေးလိုက်ပါ
ပြီးရင်တော့ Save လိုက်ပေါ့နော်..
ခဏစောင့်ပါ အောက်ကပုံအတိုင်း Saving လုပ်နေပါမယ်..
ပြီးရင်တော့ အောက်ကပုံကို ကြည့်ပါ.. အနီကွက်လေးလေးတွေထဲက X လေးကို နှိပ်ပြီး ပိတ်လိုက်ကြပေါ့နော်.. ဒါဆိုရင် Print ထုတ်တာ ပြီးပါပြီ... အဲ. ဟုတ်မဟုတ် ကြည့်လိုက်အုံးမယ်.. မိမိ သိမ်းလိုက်တဲ့နေရာမှာ ရှိမရှိ ကြည့်
ရအောင်.. ကျနော်ဆီမှာတော့ Print ထုတ်လိုက်တဲ့ XPS Document ဖိုင်လေးအဖြစ် ရရှိပါပြီ.. ကျနော်ဖွင့်ပြပါမယ်..
ကျနော် phyoe ဆိုတဲ့ နာမည်လေးနဲ့ Save လိုက်တဲ့ဖိုင်လေးရှိနေပါတယ်..ဒါဆိုရင်တော့ ကလစ် နှစ်ချက်နှိပ်လိုက်ပေါ့
နော်.. အွန်းလိုင်းမရှိလဲ ဖတ်လို့ ရပါပြီ .. စာရွတ်နဲ့ ထုတ်သွားချင်တယ်ဆိုလဲ ထုတ်ယူသွားနိုင်ပါပြီ..
အောက်ကပုံအတိုင်းပေါ့..
စာရွတ်နဲ့ ထုတ်သွားချင်တယ်ဆိုရင်လဲ အပေါ်ဘားပေါ်က File ကိုနှိပ်ပြီး Print  = ( Ctrl+P ) ကိုနှိပ်ပြီး ရယူနိုင်ကြပါပြီ
မိမိ အိမ်မှာ အင်တာနက်မရှိလို့ ဆိုင်မှာ လာသုံးနေကြရတဲ့ သူငယ်ချင်းတွေအတွက်လဲ အဆင်ပြေပါတယ်..Stick ထဲ
ထည့်သိမ်းပြီး အိမ်ရောက်မှ အေးဆေး ပြန်ဖတ်ပေါ့..

မှတ်ချက် ။ ဆိုဒ်ရဲ့ပင်မစာမျက်နှာကိုတော့ ထုတ်ယူမရနိုင်ပါ.. Header ပုံနှင့် လင့်များသာ ပေါ်ပါလိမ့်မည်..။

ဒီလောက်ဆိုရင်တော့ တောင်းဆိုထားတဲ့ သူငယ်ချင်လည်း အဆင်ပြေမယ်လို့ ထင်ပါတယ်နော်..တခြားသူငယ်ချင်း
တွေအတွက်လည်း အသုံးဝင်ချင်ဝင်ပါလိမ့်မယ်.. သိပြီးသားဆိုရင်တော့ နားလည်ပေးကြပေါ့နော်..

No comments:

Post a Comment