အလောင်းတော်ကဿပဟာ တတိယသာဝကဖြစ်တော်မူတဲ့
ရှင်မဟာကဿပရဲ့ အလောင်းတော်လို့ ဖော်ပြထားတယ် ...
အရှင်မဟာကဿပဟာ တောတောင်အတွင်း သီတင်းသုံး စံပျော်တော်မူတဲ့
ဧကစာရီပုဂ္ဂိုလ် ဖြစ်တော်မူတဲ့အတိုင်း ခန္ဓာဝန်ကိုချဖို့ ကြည့်လိုက်တော့လည်း
တောတောင်အတွင်းကိုပင် ကြည့်တော်မူတယ် ...
ဒါကြောင့် ခန္ဒာဝန်ကို ချဖို့အတွက် မည်သည့်ရဟန်းကိုမျှ အကြောင်းကြားတော်မမူဘဲ
တစ်ပါးထဲ ထွက်တော်မူလာသတဲ့ ...
သည်အကြောင်းကို တပည့်အပေါင်းငါးရာတို့က...သိလို့
ဆရာကြွရာနောက်ကို လိုက်ခဲ့ကြတယ် ...
ချင်းတွင်းနယ်မြေ ရောက်ကြတဲ့အခါ
ရဟန်းငါးရာတို့ဟာ အစုနှစ်စုပြုပြီး ဆရာကို ရှာကြသတဲ့ ...
သည်အကြောင်းကို အရှင်မဟာကဿပက ကြိုတင်သိတော်မူလို့
တပည့်များကို သိစေဖို့
ကျောက်တုံးမှာ ဘုရားရှင်ရဲ့ ဂါထာများကို ရေးသားထားခဲ့တယ်တဲ့ ...
တောင်အတက်လမ်းမှာ ရေးသားတော်မူခဲ့တဲ့ ဂါထာက ...
"အတ္တာ ဟိ အတ္တနော နာထော၊ ကော ဟိ နာထော ပရော သိယာ။
အတၱာနာ ဟိ သုဒေႏ ၱန၊ နာထံ လဗ ၻတိ ဒုထၳဘံ" တဲ့ ...
မိမိသည် မမိ၏ ကိုးကွယ်ရာ ဖြစ်တယ်
အခြားသူဟာ မိမိရဲ့ ကိုးကွယ်ရာ မဟုတ်ဘူး
မိမိကိုယ်ကို ယဉ်ကျေးအောင် ဆုံးမနိုင်လျှင်
ရရန်ခက်ခဲတဲ့ အရဟတ္တဖိုလ်ကို ရနိုင်တယ်...လို့...ဆိုလိုတယ်။
တောင်ခြေအောက်လမ်းမှာ ရေးထားတဲ့ဂါထာက ...
"အတ္တဒတ္တံ ပရတ္တေန၊ ဗဟုနာ ပိ န ဟာပယေ။
အတ္တဒတ္ထ မဘိညာယ၊ သဒတ္ထပ္ပသုတော သိယာ" တဲ့ ...
သူတစ်ပါးအကျိုးကြောင့် မိမိအကျိုး မယုတ်စေရဘူး
မိမိရဲ့အကျိုးကို အထူးသိပြီး မိမိအကျိုးရှိမည့်အလုပ်ကို လုပ်ပါ ... လို့ ...ဆိုလိုတယ်။
တပည့်ရဟန်းတော်များဟာ
ဂါထာတော်များရဲ့ အဓိပ္ပာယ်ကိုသိတာနဲ့ အချင်းချင်း တိုင်ပင်ကြတယ် ....
ငါတို့ရဲ့ ဆရာဟာ ငါတို့အား သူ့ထံ မလိုက်လာစေချင်ဘူး ...
ငါတို့ လိုက်သွား၍လည်း ငါတို့ရော၊ ဆရာရော ဘာအကျိုးမှ မရှိဘူး ...
ဒါကြောင့် ဆရာ့ရဲ့ သြ၀ါဒအတိုင်း သူတစ်ပါးအတွက် ကိုယ်ကျိုးအပျက်မခံဘဲ
ကိုယ်ကျိုးရှိတဲ့ ၀ိပဿနာအလုပ် အားထုတ်ကြစို့လို့ တိုင်ပင်ညီညွတ်ကြပြီး
တစ်ခုသော တောအုပ်မှာ အတူတကွ တရားအားထုတ်တော်မူကြရာ
ရဟန်းတော်အားလုံး အာသဝေါကုန်ခန်း ရဟန္တာဖြစ်တော်မူကြသတဲ့ ...
ရဟန္တာဖြစ်ပြီး ရဟန်းငါးရာလုံး ဆရာဖြစ်သူ ရှင်မဟာကဿပနဲ့
တစ်ပြိုင်နက် ပရိနိဗ္ဗာန် စံဝင်တော်မူကြတယ် ...
ပရိနိဗ္ဗာန် စံဝင်တော်မူကြတဲ့ဌာနက သင်ပေါင်းချောင်းရဲ့အနီးမှာ ဖြစ်သတဲ့ ...
ရဟန္တာပေါင်းငါးရာ ပရိနိဗ္ဗာန် စံဝင်တော်မူတဲ့အတွက်
ခန္ဓာကိုယ်မှ ကြွင်းကျန်တဲ့ အရိုးဓာတ်တော်တွေဟာ
လူသူမနီး တောကြီးအလယ်မှာ အများအပြား စုပုံနေသတဲ့ ...
တောနက်ထဲမှာဆိုတော့ ဘယ်သူမှလည်း စေတီတည်ထားခြင်း မရှိခဲ့ဖူးဘူး...
နှစ်ကာလ ရှည်ကြာသည့်တိုင်အောင် ဆွေးမြေ့သွားခြင်းမရှိဘဲ
အချို့သော အရိုးဓာတ်များဟာ ကျောက်သားအဖြစ်
ရောက်နေတာကိုပင် ဖူးတွေ့ကြရသတဲ့ ...
အချို့သော အရိုးဓာတ်များလည်း မြေ၌နစ်မြုပ်ပြီး
အချို့အရိုးဓာတ်များကတော့ ခြေဆစ်လက်ဆစ်များတောင် မပြုတ်ဘဲတည်နေရာက
လူက ဆွဲကိုင်လိုက်မှ ပြုတ်ကျသွားကြသတဲ့ ...
နောက်မှ ကန္နီမြို့၊ ဘို့မယ်ချောင် ရွှေသိမ်တော်တောရ
ပထမဆရာတော်ဘုရားကြီးက ကြီးမှူးပြီး
ဓာတ်တော်များကို ရှာဖွေစုရုံးပြီး ၁၃၂၆ ခု၊ တန်ဆောင်မုန်းလပြည့်နေ့အပြီး
ဓာတုစေတီ တည်တော်မူသတဲ့ ...။ ။
(နိုင်ငံတော်သြ၀ါဒါစရိယ၊ မြန်မာစာသြ၀ါဒါစရိယ၊အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊
ထီးချိုင့်မြို့၊ တည်တောဆရာတော်)
ရှာဖွေတင်ပြသူ-မာလာထွေး
No comments:
Post a Comment