Written by မီးမောင် |
Tuesday, 24 April 2012 04:18 |
![]()
အဆိုပါ
ဖြစ်စဉ်မှာ သမားရိုးကျအတိုင်း ကြက်မ၏ ဗိုက်အတွင်းမှ ထွက်လာသော ကြက်ဥကို
ပြင်ပတွင် အကောင်ဖောက်ခြင်း မဟုတ်ဘဲ ကြက်ဥသည် ကြက်မ၏ ခန္ဓာကိုယ်အတွင်း ၂၁
ရက်ကြာအောင် နွေးထွေးစွာ ရှိနေပြီး အကောင်ပေါက်ကာမှသာ ခန္ဓာ ကိုယ် ပြင်ပသို့
ထုတ်ယူ မွေးဖွားမှု ဖြစ်ပေါ်ခြင်းကြောင့် ဖြစ်သည်။
မိခင် ကြက်မကြီးမှာ မွေးဖွားပြီးနောက် သေဆုံးသွားသော်လည်း ကြက်ပေါက်လေးမှာ ကျန်းမာပြီး အပြည့်အဝ ဖွံ့ဖြိုးမှု ရှိကြောင်းတွေ့ရသည်။
အဆိုပါ
ဖြစ်ရပ် ဖြစ်ပွားခဲ့ရာ Welimada ဒေသမှ တိရစ္ဆာန် ဆေးကုသရေး အရာရှိချုပ် PR
Yapa က ယင်းကြက်မ၏ အသေကောင် ကို စစ်ဆေးခဲ့ပြီး မျိုးအောင်သော ကြက်ဥသည်
ကြက်မ၏ မျိုးပွားအင်္ဂါအတွင်း၌ပင် သန္ဓေအောင် ဖွံ့ဖြိုးခဲ့ခြင်း ဖြစ်ပြီး
ဥခွံကွဲ၍ အကောင်ပေါက်သည့် အချိန်အထိ ဗိုက်ထဲတွင် ဆက်လက်
တည်ရှိနေခြင်းဖြစ်ကြောင်း တွေ့ရှိရပြီး ရင်ခွဲစစ်ဆေးမှု ရလဒ်အရ မိခင်
ကြက်မသည် ကိုယ်တွင်းအင်္ဂါ ဒဏ်ရာရမှုကြောင့် သေဆုံးခြင်း ဖြစ်ကြောင်းလည်း
သိရသည်။
---
Ref: BBC
http://shwelone.com/index.php?option=com_content&view=article&id=2536:2012-04-24-09-27-54&catid=121:odd-news&Itemid=274
|
Pages
▼
No comments:
Post a Comment