Pages

G mail မှာ နောက်ခံ Background Color လေးနဲ့ စာရေးချင်ရင်ဖြင့်

ဒီနည်းလေးကို သိခဲ့တာ ကြာပေမယ့် မသိသေးတဲ့ သယ်ချင်းတို့


အတွက် ပြန်လည်မျှ ဝေလိုက်ပါတယ် ..


ကျွန်တော် တို့တွေ G mail ကနေ Mail ပို့ကျတဲ့အခါ Compose ကနေပဲ ဘာမှ မပြု မပြင်

ပို့ဖြစ်နေလို့ အဆန်းလေး တစ်ခု အနေနဲ့ ပို့ချင်ပါတယ် ဆိုရင်ပါ...နောက်ခံ Background

Color လေးနဲ့ ပို့ကြည့်ချင်ပါတယ် ဆိုရင် တော့ အောက်ကလိုလေး

လုပ်ကြည့်လိုက်ပါ...။ဒီနည်းလေးက Bullet လေးတွေကို သုံးပီး Highlight လုပ်မှာပါ...။


1. Bullet ကို Click နှိပ်လိုက်ပါ။ ဒါဆိုရင် အစက် ကလေး တစ်စက် ရပီနော်..။အဲဒီ

အစက်ကလေးကို Space တစ်ချက် Enter တစ်ချက်ခေါက်ပီး 4 ၊ 5 ခုလောက်

လုပ်ယူလိုက်ပါ..။



2.သူရဲ့ ဘေးလေးကနေ Mouse ကို ဖိဆွဲလိုက်ပါ..။ ပုံလေးထဲကလို ရပီ နော်

...။အဲဒီလိုလေး ဖြစ်နေချိန်မှာ Highlight Text မှာကိုပေးချင်တဲ့ Color ပေးလိုက်ပါ...။



3.ဒါဆိုရင် ဒီလိုလေး ရပီဟုတ်...အဲဒီ ပုံစံ ကြီးက ဘေးမှာ Bullet ကလေးတွေက

အစက်ထင်နေတဲ့ အတွက် ကြည့်လို့ မလှဘူးဆိုရင် ခုနကလို Mouse ကို ပြန်ဖိဆွဲလိုက်ပါ ...။

ဒီတစ်ခါ က သူ့ကို Color ပေးတဲ့အခါ မှာ Text Color ကိုရွေးပီး အဖြူ ရောင် လေး ပေးလိုက်ပါ

ဒါဆိုရင် တော့ ပုံလေး ထဲကလို ပြောင် Color နဲ့ စာရွက်ကလေး

တစ်ရွက်ရပါပီ...။အောက်ဆုံးက တစ်စက် ကျန်နေတာကို Delete လုပ်ပေးလိုက်ပါ...။





4. ဒါဆိုရင်တော့ နောက်ဆုံးစာလေ ရေးပီး ပို့လိုက်ရုံပါပဲ...။ နမူနာ ပုံလေးလိုပါပဲ

ကိုယ်အဆင်ပြေသလို ဖန်တီးလို့ ရပါတယ်...။





ပိုမိုကောင်းမွန်တဲ့နည်းလမ်းလေးတွေကို ရှိခဲ့ရင်လည်း ဝေမျှ ပေးစေလိုပါတယ်

အားလုံးအဆင်ပြေကြပါစေ

မျိုးကိုကို

No comments:

Post a Comment