လွတ်လပ်ခွင့် လို့ အားလုံး ပြောနေကြတဲ့ အပေါ် လွတ်လပ်တဲ့ အပေါ်မှာရော ဘာတွေ လွတ်လပ် စွာ လုပ်ကြမှာလဲ၊ ဘာတွေတွေးမှာလဲ၊ ဘာတွေရေးမှာလဲ စဉ်းစားဖို့ လိုတဲ့ အချိန် ရောက်ပြီနော်။ နာမည်ကြီး မင်းသား၊ မင်းသမီးတွေနဲ့ အင်တာဗျူးလုပ်ဖြစ်မှ အရာ ရောက်မယ်လို့ ထင်ထားကြသူတွေ အတွေးအခေါ်တွေ ပြောင်းသင့်ပြီ။ အနုပညာကို ထုတ်လုပ် ဖန်တီးသူမှန်သမျှ ဒါရိုက်တာ သရုပ်ဆောင်ကအစ မီးထိုးမှန်ထိုးက အဆုံး အစအစရှိတဲ့ အနုပညာသမားတွေရဲ့ ရင်ဘတ်ထဲက ဘာအစားအစာတွေ ကြိုက်လဲ၊ ဘာ အရောင် တွေကြိုက်လဲ ခွဲထုတ်မယ့် အစား တကယ်တန်ဖိုးရှိတဲ့ အရာတွေကို ဆွဲထုတ်ဖို့ အချိန်တန်ပြီလို့ ပြောလိုက်ပါရစေ။ ဝါမရင့်သေးရင် ဝါရင့်အောင် လုပ်ပါ။ အတွေ့အကြုံ မရှိသေးရင် အတွေ့အကြုံများများ ရှာပါ။ ကိုယ်တိုင်က ဝါမရင့်သေးဘူးဆိုရင် အတွေ့အကြုံတွေ သိပ်မရှိသေးဘူး ဆိုရင် ဝါရင့်တဲ့ အတွေ့အကြုံရှိတဲ့ သူတွေကို မစော်ကားမိအောင် နေရင်း ကိုယ့်ဘဝတက်လမ်းကိုရှာပါ။ ကိုယ့်ထက် တစ်မိနစ်၊ တစ်နာရီ၊ တစ်လ၊ တစ်နှစ်ကြီးသူကို (ဝါ) လေးစားပါ။ အဲဒီလောက်ပဲ တွေးတတ်မယ် ဆိုရင် ပါးပါးလေးပဲ ပြောပြီး ဗေလုဝရဲ့ အင်တာဗျူးအခန်းကဏ္ဍကို စဖွင့်လိုက်ချင်ရဲ့။
ကိုဗေကြီး အခု ကျွန်တော်တို့ ဂျာ နယ်မဂ္ဂဇင်းတွေမှာ အင်တာဗျူးတွေ ရေးကြ တယ်ပေါ့ဗျာ။မင်းသား၊ မင်းသမီး အင်တာဗျူး ရေးမှ အင်တာဗျူး လို့ ခေါ်လို့ရမှာလား။ ဆိုလိုတာက ဇာတ်ပို့ဇာတ်ရံ၊ မီးထိုးမှန်ထိုးကအစ အနုပညာကို တည်ဆောက် ကြသူတွေ ပါ။ ဒါပေမဲ့ အဲဒီအင်တာဗျူးတွေ ပေါ်မှာ လွဲမှားတဲ့ သုံးသပ်ချက်တွေ က မင်းသား၊ မင်းသမီးအင်တာ ဗျူးမှအင်တာဗျူး အစစ်အမှန်လို့ သုံး သပ်နေကြတာ သင့်တော်လား၊မသင့် တော်ဘူးလား ပြောပေးပါ။ နောက် ပေါက် အယ်ဒီတာလေး တချို့၊ စာ နယ်ဇင်းသမား တချို့က ဒီလိုဗျူးမှ ဒီလိုနာမည်ကြီးမယ်။ ဒါက သူတို့ ဘဝ တိုးတက်မှုလမ်းလို့ ထင်ထား ကြလို့ ကိုဗေကြီးအမြင်ကို ပြောပေး ပါဦး။
အဲဒါတော့ မှားတယ်ဗျ။ အဲဒီမင်းသမီး အင်တာဗျူးမှ Hero ဖြစ်မယ်၊ Super ဖြစ်မယ်ဆိုတာတွေ ကတည်းကအတွေးအခေါ်ကမှားနေ ပြီဗျ။ ကျွန်တော်တို့ဆရာကြီးတွေမှာ လူထုစိန်ဝင်းဆိုတာ ဘယ်မင်းသား မင်းသမီးမှ အင်တာဗျူးခဲ့တာမဟုတ် ဘူး။ ဘာလို့ လူထုစိန်ဝင်း စာအုပ် ကိုဖတ်သလဲ။ တစ်ခုတ်တရ ဖတ် ရတာ သူ့စာလေးတစ်ကြောင်းရေး၊ အဲဒီစာလေးကိုပဲ အသည်းအသန် ဖတ်ရတာ။ အဲဒါ သူ့ရဲ့ စာနယ်ဇင်း အပေါ်မှာ သုံးသပ်တာက အများ ကြီးရှိပါတယ်။ အဓိကမင်းသား မင်းသမီးတွေ မဟုတ်ဘူး။ ဒီ့ထက် အရေးကြီးတဲ့ အခန်း ကဏ္ဍတွေ မြန်မာပြည်မှာ အများကြီးပါ။ ရေး တတ်မယ်ဆိုရင် တွေးတတ်မယ်၊ မြင်တတ်တယ်ဆိုရင်ပေါ့ ပြောတာ။ အဲလိုမင်းသား မင်းသမီးတွေ ဘာ အစားအစာစားလဲ၊ သူ့ဟာသူ စား ချင်တာစားမှာပေါ့။ ကိုယ့်အတွက် ဘာမှ အကျိုးသက်ရောက်မှုမရှိဘူး။ သူဘာ အရောင်ဝတ်လဲ ဝတ်ချင်တဲ့ အရောင်ဝတ်မှာပေါ့။ ကိုယ့်အလုပ် မဟုတ်ဘူး။ လူသားတွေ အတွက် ဘယ် အရာမှ အကျိုးမရှိဘူးဗျာ။ အဲဒီအတွက် ကျွန်တော်တို့ ဂျာနယ်၊ မဂ္ဂဇင်းတွေမှာ အချိန်ကုန်စရာမလိုဘူး။ လူထုကို မျက်လုံးပွင့်စေတဲ့ စာတွေကို စာနယ် ဇင်းတွေ ရေးသားသင့်တယ်လို့ ထင် ပါတယ်။
အခုလို ရေးသားခြင်းတွေဟာ စာ မျက်နှာတွေကို ပျက်စီးသလို လူထုရဲ့ ဦးနှောက်တွေကို ရိုက်ချိုးသလိုများ ဖြစ်နေမလား။
အဲဒီလောက်ကြီးတော့ မပြောချင်ပါဘူး။ဒါပေမဲ့သိပ်မလိုအပ် ဘူး။မလိုအပ်ဘဲပုံကြီးချဲ့စာမျက်နှာကုန် တာ၊ပိုက်ဆံကုန်တာ၊ဃသူသကမ ကုန်တာ၊ အချိန်ကုန်တာပဲ အဖတ်တင်လိမ့်မယ်။
တကယ်လို့များ ကိုဗေကြီးကို ဘာ အစားအစာကြိုက်လဲ၊ ဘာအရောင် ကြိုက်လဲ မေးလာတဲ့မေးခွန်းတွေ ရှိခဲ့ရင် ဘယ်လိုတုံ့ပြန်မှာလဲ။
ကျွန်တော် တစ်ခါမှဖြေမှာ မဟုတ်ဘူး။ ဖြေလည်းမဖြေဘူး။ မေး ရင်လည်း ဘာမေးမှာလည်း စမေး တယ်။ကိုယ်လည်းရင်ထဲမှာရှိတာ ဖြေ ချင်တယ်။ ပရိသတ်ကလည်း အမြင် တစ်ခုခု ရစေချင်တယ်။ အဲဒါမျိုးမှ လည်း အမေးအဖြေသင့်တင့်မယ်။ ကျွန်တော်ပိုက်ဆံရှိတဲ့အခါ အစား ကောင်းစားချင်စားမယ်။ ပိုက်ဆံမရှိ တဲ့အခါ ငတ်ရင်ငတ်နေမယ်။ သူတို့ အလုပ်လည်း မဟုတ်ဘူး။ကျွန်တော် ငတ်နေလို့လည်း ဘယ်သူမှ အရေး လုပ်မှာ မဟုတ်ဘူး။ တိုင်းပြည်က လူပေါင်းသန်း ၆၀ နီးပါးရှိနေပြီ။ အဲဒါလည်းသိပ်အဓိကမကျဘူး။ ဗေ လုဝဘာအရောင်ဝတ်လဲ ဝတ်ချင်ရာ ဝတ်မယ်။ တခါတလေ ပုဆိုးအစုတ် နဲ့ ထွက်သွားတာပဲ။ အဲဒါ အဓိက မဟုတ်ဘူး။ မေးတဲ့လူလည်း ဟန့် တားထားတယ် မမေးပါနဲ့ သားတို့၊ သမီးတို့ရေလို့။ ဒီထက်ခိုင်မာတဲ့ အကြောင်းအရာ၊ ပရိသတ်အတွက် လည်း အကျိုးရှိမယ် အလင်းရောင် လည်းရှိမယ် အဲဒါမျိုးကို မေးပါလို့ ကြိုပြောထားရတယ်။
သေခြင်းတရားအတွက် မေးခွန်း လေးတွေ မေးချင်တယ်။ ရာထူးတွေ၊ ဂုဏ်ပကာသနတွေက သေခြင်း တရားရဲ့နောက်ကို လိုက်နေမှာလား၊ ပါနေမှာလား၊ ဖက်တွယ် ထားဖို့ လို အပ်မလား။ အဲဒီအရာတွေအားလုံး ဖက်တွယ်ထားမယ်ဆိုရင် ကိုယ့် နောက်ကို ပါနိုင်မယ်လို့ထင်လား။ ဒီမေးခွန်းမေးရတာ အယူမှားနေ တဲ့ သူတွေ အတွက်ပါ။
သူ့ဟာသူ ရာထူးဂုဏ် အရှိန်တွေ ဘယ်လောက်ပဲဖြစ်ဖြစ် သေရင်တော့ ဘာမှမထူးပါဘူး။ တစ်ခုတော့ရှိတယ် စာလုံးလေးတော့ပါမှာ ပေါ့။ အခေါင်းဘေးနားမှာ ရေးကြ တာပဲ။ သင်္ဘောဆေးနဲ့ ရေးချင်ရေး မယ်။ ရေဆေးနဲ့ ရေးချင်ရေးမယ်။ ဆီဆေးနဲ့ ရေးချင်ရေးမယ်။ ကြိုက် တဲ့ဆေးနဲ့ရေးချင်ရေးမယ်။ အဲဒါတွေ က သင်္ဂြိုဟ်စက်ထဲ ပါမသွားဘူး။ သူဘာဖြစ်မလဲဆိုတာ သိချင်မှသိ တော့ မယ်။ ဒီတော့ကာ စာနယ်ဇင်း တွေအနေနဲ့ ဘာတွေတွေးပြီး ဘာ တွေမေးဖို့လိုအပ်မလဲဆိုတာစဉ်းစားဖို့ လိုမယ်ထင်ပါတယ်။ ရောက်နေတဲ့ နေရာအတွက် ဘဝင်မမြင့်ပါနဲ့ သေရင် အားလုံးအတူတူပါပဲ။ မာန်တွေ ရှိရင် ချထားပါ။ ဒေါသတွေရှိရင် လျှော့ ထားပါ။
Copy to
ကျော်ကျော်လတ်(မီးရထား)
No comments:
Post a Comment