Pages

ဟစ်တလာရှေ့မှာ မြန်မာ့အစွမ်းကိုပြခဲ့တာ ဘယ်သူလဲ.

ဟစ်တလာရှေ့မှာ မြန်မာ့အစွမ်းကိုပြခဲ့တာ ဘယ်သူလဲ...?                    
                     သူ့ကျွန်ဘ၀ရောက်နေရစဉ် မြန်မာနိုင်ငံသည် အိန္ဒိယနိုင်ငံနှင့် တစ်နိုင်ငံတည်းအဖြစ် တွဲနေရသည်။ထို့ကြောင့်မြန်မာနိုင်ငံ မှ ဦးရှိန် ခေါင်းဆောင်လျှက် ဇော်ဝိတ်ကြီး သွားရောက်ယှဉ်ပြိုင်ရစဉ် ငွေကြေးမပြည့်မစုံဖြင့် ဂျာမနီအိုလံပစ်သို့ သွားရောက်ခဲ့ရသည်။
                     အိန္ဒိယအားကစားအဖွဲ့တွင် အဖွဲ့ဝင် ၂၁ ဦးပါဝင်သည်။ မဟာရာဂျာပါတီမှ ယာလာဆိုသူက ခေါင်းဆောင်သည်။အိန္ဒိယ အားကစားအဖွဲဝင် အဖြစ်လိုက်ပါသွားရသော ဇော်ဝိတ်သည် ၁၉၃၆ ခုနှစ်၊ဇူလိုင်လ ၉ ရက်နေ့တွင် ကွန်တီဗာရီသင်္ဘောဖြင့် အီတလီ ပြည်နယ် ဗင်းနစ်၊ထိုမှတဆင့် မီးရထားဖြင့် ဂျာမနီနိုင်ငံ မြူးနစ်သို့ သွားရသည်။ မြူးနစ်မှတဆင့် အိုလံပစ်ပွဲတော် ကျင်းပရာ ဘာလင်မြို့သို့ ခရီးဆက်ခဲ့ရသည်။
                     အိုလံပစ်ဖွင့်ပွဲနေ့တွင် ပါဝင်ယှဉ်ပြိုင်သူနိုင်ငံအသီးသီးမှ အားကစားသမားများသည် မိမိနိုင်ငံအမျိုးသားဝတ်စုံဖြင့် ပါဝင်ချီ တတ်ရသည်။ ဦးရှိန်နှင့် ဇော်ဝိတ်တို့သည် အိန္ဒိယကိုယ်စားပြုအသင်းဝင်များအဖြစ် လိုက်ပါရသောကြာင့် စိတ်မပါသော်လည်း ပန်ချာပီခေါင်းပေါင်း ပေါင်းရသည်။ ဝေ့စ်ကုတ်များဝတ်ဆင်ခဲ့ရသည်။ ပန်ချာပီခေါင်းပေါင်းပါသော အိန္ဒိယ၀တ်စုံကို မ၀တ်လျှင်ပြိုင်ပွဲဝင်ခွင့် မရဟူသော ဥပဒေကြောင့်အားမတန်မာန်လျှော့ခဲ့ရသည်။
                     သြဂုတ်လ ၂ ရက်နေ့တွင် နူချင်လင်းဟော အားကစားရုံကြီးတွင် နိုင်ငံပေါင်း ၁၁ နိုင်ငံမှ အလေးမသမား ၁၄ ဦးဖြင့် မစ်ဒယ်ဝိတ်တန်း အလေးမပြိုင်ပွကျင်းပသည်။ဇော်ဝိတ်ဝင်ရောက်ယှဉ်ပြိုင်သည်။ ထိုနေ့တွင် ဂျာမနီအာဏာရှင်ဟစ်တလာသည် လာရောက်ကြည့်ရှုအားပေးသည်။ နည်းပြဆရာအဖြစ်ပါသွားသူ ကာယဗလဖခင်ကြီး ဦးရှိန်က စာတစ်စောင်တွင်  "" ဟစ်တလာ သည် ဇော်ဝိတ် " မ " သော နေ့တစ်နေ့တည်းလာကြည့်သည်။ မြန်မာလူမျိုးတစ်ယောက်ဟစ်တလာရှေ့မှာ "မတုန်း" တွေးကြည့်ပေတော့။..အဲ့သည့်အခါ ကျွန်ုပ် ဟစ်တလာကို မှန်ပြောင်းဖြင့်ကြည့်နေသည်။ ၀မ်းသာလွန်းလို့ လက်ခုပ်တီးသည်မှာ ကျွန်ုပ်တို့ ဒုက္ခကို ကျေနပ်တော့၏.."" ဟုရေးခဲသည်။

လူခွန်တော်မပေးနိုင်ရင် ငါးပိချက်ပန်းကန်ကိုပါသိမ်းယူခဲ့တဲ့ ခေတ်ကိုသိလား...?  
                 
                     နယ်ချဲ့အင်္ဂလိပ်တို့သည် Bullinger Pool ခေါ် စတီးဘရားသား၊ အယ်လာမင့်၊ အရခန်၊ အင်္ဂလိုဘားမားဟူသော ကုမ္ပဏီကြီး (၄)ခုပေါင်း ဆန်ဆပါးရောင်းဝယ်ရေးအဖွဲ့ဖြင့် မြန်မာတို့ကို စီးပွားရေးအရ သေသတ်ခဲ့သည်။
                    ယင်းအဖွဲက ဆန်စပါးကို ဈေးနှိမ်ဝယ်ခဲ့သည်။ ဆရာစံတော်လှန်ရေးမတိုင်မှီ စပါးဈေးသည် တင်း ၁၀၀ လျှင် ၂၂၅ ကျပ်မှ တင်း ၁၀၀ လျှင် ၅၅ ကျပ်အထိ ထိုးကျသွားသည်။မြန်မာလယ်သမားတို့ ချစ်တီးတံတားကြွေးကို မပေးနိုင်တော့ပြီ။
                    အင်္ဂလိပ်အစိုးရ၏ အခွန်တော်ကိုလည်းမဆောင်နိုင်တော့ခေ။ထိုအခါ ချစ်တီးက လယ်မြေကိုသိမ်းသည်။ အိမ်ကိုသိမ်းသည်။ အစိုးရက လူခွန်တော်မဆောင်နိုင်သူတို့ကို လုပ်ငန်းကိရိယာ ထွန်တုံး၊ ကျွဲနွားများ သိမ်းယူခဲ့ သည်။  နောက်ဆုံးသိမ်းစရာမရှိတော့သည့်အခါ စားသောက်ဖွယ်နှင့် အိုးခွက်ပန်းကန်များပါ ၀ရမ်းထုတ်သိမ်းယူခဲ့သည်။
                    ဥပမာအားဖြင့် ထိုစဉ်က ပြည်ခရိုင်၊မှော်ဇာမြို့အပိုင်မဲလောင်ရွာနေဦးဝင်းနှင့်ဒ်ါရွှေမြတို့ လူခွန်မပေးဆောင်နိုင်ခဲ့သဖြင့်   ပြည်အရေးပိုင် ဦးမှဲ့သည် ကွမ်းသီး ၁၈ လုံး၊ ဆီ ၁၉ ကျပ်သား၊ နှမ်းပျှစ်မုန့် ၁၉ ခု၊ ငြုပ်သီး ၂၂ ကျပ်သား၊ အုန်းဆီ ၁၆ ကျပ်သား၊ ကရေကရာမုန့် ၆ တုန်း၊ ကြာဇံ ၂စည်း၊ ပုဇွန်ခြောင် ၁၂ ကျပ်ခွဲသား၊ ငါးချဉ် ၃ ပိဿာ၊ ကြက်သွန်ဖြူ ၁၂ ကျပ်ခွဲသား၊ မီးခြစ် ၅ ထုတ် ၊ကြက်သွန်ဖြူ ၁၇ ကျပ်ခွဲသား၊ လက်ဖက်ခြောက် ၁ပဲသား တို့ကိုသိမ်းယူခဲ့သည်။
                    ပေါင်းတည်မြို့မှ ဦးဘိုးရွှေမှာလည်း လယ်ထွန်စက်(အဖိုးငွေ ၁၀ ကျပ်တန်) ၊ ထမင်းစားပန်ကန်ပြား ၃ ချပ်၊ ကြေးဇွန်း ၂ ချောင်း ၊ ငါးပိချက်အပါအ၀င် ဟင်းပန်းကန် ၁လုံးနှင့် ဟင်းရွက်ပြုတ်ထဲ့ထားသော မျောခွက်ငယ် ၁ခုတို့ကိုအသိမ်းခံခဲ့ရသည်။

No comments:

Post a Comment