အွန်လိုင်း ထိုင်ပြီး ကွန်ပြုတာသုံးတဲ့ သူတော်တော်များများ က chatting ထိုင်ကြတဲ့သူများပါတယ်..။
အဲတော့ သူတိုတွေ အတွက် နေမင်းသိသလောက် အတိုကောက် နည်းလေးတွေပြောပြချင်ပါတယ်..။
Mouse သုံးရတာ သက်သာတာပေါ့ဗျာ တစ်ခါထဲ keyboat နဲ တင်ပြီးတာပေါ့ အဟား..။
ချက်တင်ထားတဲ့သူတွေ များလို့  gtalk သုံးနေရင်းနဲ ပေါ့...
၁ ။ စာရိုက်နေရင်းနဲ့ Call ချင်ရင် F11 ကိုနှိပ်ပါ ။
၂ ။ Call ကိုပြန်ပိတ်ချင်ရင်တော့ F12 နော် ။
၃ ။ စာရိုက်နေရင်းနဲ့ Mail ၀င်လာလို့ စစ်ချင်ရင်တော့ F9 ဗျ ။
၎ ။ Typing မှာ စာသားတွေကို တစောင်းလေး ပေါ်ချင်ရင် စာကြောင်း အစနဲ့အဆုံးမှာ ( _ ) ခံပေးပါ ။
၅ ။ Ctrl + Mousewheel up/down ကို သုံးပြီး Chat Box ထဲက Font size ကိုပြောင်းနိုင်ပါတယ် ။
၆ ။ Window တွေကို minimize လုပ်ဖို့က Alt+Esc နော် ။ Esc ကတော့ ပြောနေရင်းနဲ့ Chat Box ကိုပိတ်တာလေ ။
၇ ။ Tab ကတော့ ပြောနေတဲ့ Chat Box ကိုတစ်လှည့်စီသုံးဖို့ပေါ့ ။
၈ ။ Alt+Tab ကတော့ ဖွင့်ထားတဲ့ Chat တွေ ၊ Firefox တွေနဲ့ တခြားဟာတွေကို လှည့်နိုင်ပါတယ် ။ (Mouseမလိုအောင်နော်) ။
၉ ။ Ctrl+Tab ကတော့ Firefox ကို New Tab နဲ့ဖွင့်ထားရင် ပြောင်းလို့ရတယ်နော် ။
၁၀ ။ စာသားတွေကို bold တင်ချင်တယ်ဆိုရင် စာကြောင်းအစနဲ့အဆုံးမှာ ( * ) ခံပေးပါ။
၁၁ ။ Gtalk မှာ တစ်ခါရိုက်ရင် ရိုက်လို့ရတဲ့အရေအတွက်က 32767 လုံးပဲရိုက်လို့ရတယ်တဲ့ ။ ( နေမင်းစမ်းသပ်မကြည့်ဖူးဘူး ဟီး၊ )
၁၂ ။ Ctrl+C က copy ၊ Ctrl+V က paste နော် ။
၁၃ ။ Gtalk က Notification area ထဲရောက်နေရင် Windows key+Esc နဲ့ပြန်ခေါ်လိုက်လေ ။
၁၄ ။ ဂျီတော့ဖွင့်လို့မေးလ်ဘောက်လေးတက်လာရင် right click နဲ့ပိတ်လိုက် ။
၁၅ ။ Message အသစ်အတွက် အကြောင်းကြားတဲ့ Window တွေကို Right Click နှိပ်ပြီး ပိတ်လို့ရတယ် ။
၁၆။ Window+M က Firefox ကို minimize လုပ်ထားလို့ ရပါတယ်။ ပြန်ဖွင့်ချင်ရင်တော့ Window+shift ကိုဖိပြီး M ကိုနှိပ်ပါ။
***********************************************************************************************************************************
ဒါက နေမင်းတို ၀င်းဒိုး 7 ရဲ့ Run Box နောက်ထပ်ရိုက်လို့ရမဲ့ Command တွေပါ
မိုက္ကရိုဆော့ဖ်ဝင်းဒိုးမှာ Environment Variables လို့လည်း ခေါ်ပါတယ်...။
သိသလောက်တော့ ရေးပြထားတယ်ဂျ ပြည့်စုံအောင်လို စာအုပ်ထဲကပါ ကြည့်ပြီး ရေးထားထားပေးပါတယ်။အဲဒါတွေကတော့.............
* %allusersprofile%* ကွန်ပျုတာကို သုံးနေတဲ့သူ အားလုံးရဲ့ Profile တွေရှိနေတဲ့ နေရာကို ပြပေးပါတယ်။
* %appdata%* အသုံးချဆော့ဖ်ဝဲတွေရဲ့ အချက်အလက်တွေ သိမ်းထားတဲ့ နေရာပါ။
* %comspec%* Command shell တကယ် အလုပ်လုပ်နေတဲ့ နေရာ။
* %homedrive%* လက်ရှိသုံးနေတဲ့ သူရဲ့ Home Drive နေရာ။
* %homepath%* လက်ရှိသုံးနေတဲ့ သူရဲ့ Home Drive လမ်းကြောင်း။
* %logonserver%* လက်ရှိဝင်သုံးနေတဲ့သူရဲ့ Domain Controller
* %programfiles%* ဆော့ဖ်ဝဲတွေ ထည့်သွင်းထားတဲ့ နေရာ
* %systemdrive%* ၀င်းဒိုးရဲ့ ပင်မ Directory
* %systemroot%* ၀င်းဒိုးရဲ့ ပင်မ Root Directory
* %tmp% သို့မဟုတ် %temp%* လက်ရှိသုံးနေတဲ့ ဆော့ဖ်ဝဲတွေ အလုပ်လုပ်လက်စ ဖိုင်တွေရှိရာနေရာ
* %username%* လက်ရှိသုံးနေတဲ့သူ အမည်
* %userdomain%* လက်ရှိသုံးနေတဲ့ Domain အမည်
* %userprofile%* လက်ရှိသုံးနေတဲ့သူရဲ့ Profile ရှိရာနေရာ
* %windir%* OS တင်ထားတဲ့ နေရာ
ကွန်ပျူတာ မှာ အသုံးပြု တဲ့ Run Command လေးတွေ...............(This is used for command in computer ) .....
အားလုံးအဆင်ပြေနိုင်ပါစေဗျာ..။
နေမင်းသူ(သထုံသားလေး
No comments:
Post a Comment