၁၉၉၃ ခုနှစ် ဒီဇင်ဘာ ၂၀ ရက်နေ့မှာ ကျင်းပပြုလုပ်တဲ့
ကုလသမဂ္ဂ အထွေထွေညီလာခံ ဆုံးဖြတ်ချက်အရ မေလ ၃ ရက်နေ့ကို နိုင်ငံတကာ
သတင်းစာလွတ်လပ်ခွင့်နေ့အဖြစ် သတ်မှတ်ခဲ့ပါတယ်။ အဲဒါကြောင့်မို့ မေလ ၃
ရက်နေ့မှာ နိုင်ငံတကာသတင်းစာ လွတ်လပ်ခွင့်နေ့ကို
ကျင်းပပြုလုပ်ခဲ့တာဖြစ်သလို ကျင်းပရခြင်းရဲ့ ရည်ရွယ်ချက်ကတော့ သက်ဆိုင်ရာ
နိုင်ငံအသီးသီးမှာ ရှိနေတဲ့ အစိုးရတွေအနေနဲ့ သတင်းစာလွတ်လပ်ခွင့်ရဲ့
အရေးကြီးပုံ၊ တန်ဖိုးရှိပုံတွေကို အလေးအနက် ထားရှိစေဖို့နဲ့ လွတ်လပ်စွာ
ရေးသားဖော်ပြခွင့်ပြုရေးကိုလည်း လေးစားလိုက်နာ ဖို့ ဆိုတာတွေကို
ဖော်ထုတ်ပြသခြင်းပဲ ဖြစ်ပါတယ်။ လူ့အခွင့်အရေး ကြေညာစာတမ်း မှာပါရှိတဲ့
ပုဒ်မ ၁၉ နဲ့ ၀ိုင်းဟော့ခ် Windhoek ကြေညာစာတမ်းမှာ ပါရှိတဲ့
သတင်းစာလွတ်လပ်ခွင့် အခြေခံစည်းမျဉ်းတွေကို သက်ဆိုင်ရာအစိုးရတွေက
လိုက်နာဖို့ လိုအပ်ကြောင်းကို မီးမောင်းထိုးပြရာလည်း ရောက်ပါတယ်။
ဝိုင်းဟော့ခ် ကြေညာစာတမ်းမှာ အဓိကပါဝင်တဲ့ အကြောင်းအရာကတော့ လွတ်လပ်သော၊
အမှီခိုကင်းသော၊ ဗဟုဝါဒဆန်သော မီဒီယာတွေဟာ ဒီမိုကရေစီရေးရဲ့ အခြေခံဖြစ်တဲ့
အနှစ်သာရလို့ ဆိုနိုင်တဲ့ လွတ်လပ်တဲ့သတင်းစာတစ်ရပ်ကို
လုပ်ဆောင်ရမှာဖြစ်ပြီး လူသားတွေရဲ့ အခြေခံရပိုင်ခွင့်လို့ ဆိုရမယ့်
လူ့အခွင့်အရေးကိုလည်း လိုက်နာစောင့် ရှောက်ကာကွယ်ကြရမှာ ဖြစ်ပါတယ်။ ၁၉၉၁
ခုနှစ် ဧပြီလ ၂၉ ရက်နေ့မှ မေလ ၃ ရက်နေ့အထိ နမ်မီဘီးယား
နိုင်ငံဝိုင်းဟော့ခ်မြို့မှာ ကျင်းပခဲ့တဲ့ 'လွတ်လပ်တဲ့၊ ဗဟုဝါဒီဆန်တဲ့
အာဖရိကသတင်းစာလုပ်ငန်းဖွံ့ဖြိုးတိုး တက်ရေး'ဆိုတဲ့ ခေါင်းစဉ်နဲ့ ယူနက်
စကိုက ဦးစီးပြီး ဆွေးနွေးပွဲကိုကျင်း ပခဲ့ပါတယ်။ အဲဒီဆွေးနွေးပွဲကို အာ
ဖရိကတိုက်မှာရှိတဲ့ သတင်းစာအသီးသီးက ဂျာနယ်လစ်တွေ တက်ရောက်ခဲ့ကြပြီး
ဒီဆွေးနွေးပွဲ တက်ရောက်တဲ့ ဂျာနယ်လစ်တွေက လွတ်လပ်တဲ့
သတင်းစာနယ်ဇင်းမူဝါဒတွေကို ၀ိုင်း ဟော့ခ်ကြေညာချက်စာတမ်းအဖြစ်
ထုတ်ပြန်ခဲ့ပါတယ်။
လူသားမှန်သမျှ သတင်းသမား ဂျာနယ်လစ်တွေအားလုံးမှာ လွတ်လပ်စွာ ရေးသားခွင့်၊ ဖော်ထုတ်ခွင့်တွေ ရှိရမယ်ဆိုတဲ့ အချက်ဟာ အဓိကဖြစ်တယ်လို့ ဆိုရမှာဖြစ်ပါတယ်။ နိုင်ငံတကာ သတင်းစာလွတ်လပ်ခွင့်နေ့မှာပဲ ယူနက်စကိုက နိုင်ငံတကာသတင်းစာလွတ်လပ်ခွင့် ဆုတံဆိပ်ကို ချီးမြှင့်ပေးခဲ့ပါတယ်။ အဲဒီဆုဟာ Guillermo Cano World Press Freedom Prize ဆိုတဲ့ နာမည်နဲ့ ပေးခဲ့တာဖြစ်ပါတယ်။ နိုင်ငံတကာ မှာရှိနေတဲ့ သတင်းထောက်တွေ၊ သတင်းသမားတွေအနေနဲ့ သတင်းစာ လွတ်လပ်ခွင့်ရရှိရေးအတွက် အခက် အခဲတွေ၊ အန္တရာယ်တွေကြားမှာ အ သက်စွန့်ပြီး ဆောင်ရွက်ခဲ့တဲ့ ပုဂ္ဂိုလ်တွေကို ရည်စူးပြီးပေးတဲ့ဆုပဲဖြစ်ပါ တယ်။ အဲဒီဆုကို ဂုဏ်ပြုရည်ညွှန်းခံရတဲ့ Guillermo Cano Isaza ဟာ ကိုလံဘီယာ ဂျာနယ်လစ်တစ်ဦးဖြစ်ပြီး သူလုပ်ကိုင်နေတဲ့ သတင်းစာ EL Espectador တိုက်ရှေ့မှောက်မှာပဲ ၁၉၈၆ ခုနှစ် ဒီဇင်ဘာလ ၁၇ ရက်နေ့မှာ လုပ်ကြံသတ်ဖြတ်ခြင်းခံခဲ့ရ ပါတယ်။ သူ့ကို သတ်ဖြတ်တဲ့ ပုဂ္ဂိုလ်တွေကတော့ ကိုလံဘီယာနိုင်ငံမှာ သြဇာကြီးထွားနေတဲ့ မူးယစ်ဆေး ၀ါးရာဇာတွေရဲ့ လုပ်ကြံသတ်ဖြတ်မှု ခံခဲ့ရတာဖြစ်ပါတယ်။
ယူနက်စကိုက နှစ်စဉ်မေလ ၃ ရက်နေ့ကို နိုင်ငံတကာသတင်းစာ လွတ်လပ်ခွင့်နေ့အဖြစ် သတ်မှတ်ခဲ့ ပြီး အဲဒီနေ့ရက်မှာပဲ မီဒီယာလုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်းပြုသူတွေ၊ သတင်းစာလွတ်လပ်ခွင့် ရရှိရေးကို ဦးဆောင်လှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေနဲ့အတူ ကုလအေဂျင်စီတို့ လက်တွဲပြီး သတင်းစာလွတ်လပ်ခွင့်ရရှိ ရေးကို လုပ်ဆောင်ခဲ့ကြပါတယ်။ ဒါ့အပြင် အစိုးရကောင်းတစ်ရပ် ပေါ်ထွန်းရေး၊ အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေးမှာ မီဒီယာပါဝင်ဆောင်ရွက်ရေးနဲ့ ပဋိပက္ခဖြစ်ပွားနေတဲ့ နိုင်ငံတွေကြားမှာ စေ့စပ်ဆွေးနွေးရေးလုပ် ဆောင်ပြီးတဲ့ အနေအထားမှာ မီဒီယာတွေ့ရဲ့ ပါဝင်ရမယ့် အခန်းကဏ္ဍတွေကိုလည်း ထည့်သွင်းဆွေးနွေးကြပါတယ်။
နှစ်စဉ်မေလ ၃ ရက်နေ့မှာ ကျင်းပပြုလုပ်တော့မှာဖြစ်တဲ့ နိုင်ငံတကာ သတင်းစာ လွတ်လပ်ခွင့်နေ့ မတိုင်ခင်မှာဘဲ ဂျာနယ်လစ်များ ကာကွယ်ရေးကော်မတီက နိုင်ငံပေါင်း ၂၄ နိုင်ငံမှာရှိတဲ့ သက်ဆိုင်ရာအစိုးရတွေဟာ ဂျာနယ်လစ်တွေကို ညှင်းပန်းနှိပ်စက်မှုတွေ ပြုလုပ်နေကြတယ်လို့ သတ်မှတ်ခဲ့ပါတယ်။ အဲဒီလို ဆိုးသွမ်းတဲ့ လုပ်ရပ်တွေလုပ်နေတဲ့ နိုင်ငံတွေထဲမှာ အီရတ်၊ ရုရှား၊ ဖိလစ်ပိုင်၊ အာဖဂန်နစ္စတန်နဲ့ မက္ကဆီကိုတို့လည်း ပါဝင်နေတယ်လို့ ဖော်ပြထားပါတယ်။ နိုင်ငံတကာမှာရှိနေတဲ့ ဂျာနယ်လစ်တွေဟာ အသတ်ခံရတာ၊ ထောင်တွင်း အကျဉ်းကျခံရတာ၊ သတင်းရေးသားခွင့်တွေ ပိတ်ပင်ခံရတာ၊ အခြေခံလူ့အခွင့်အရေးဖြစ်တဲ့ လွတ်လပ်စွာ ပြောဆိုခွင့်ကို မရတာ စသဖြင့် နှိပ်စက်ညှင်းပန်းမှုမျိုးစုံနဲ့ တွေ့ကြုံနေကြရပါတယ်။
ဘာပဲဖြစ်ဖြစ် ဂျာနယ်လစ်တွေ သတင်းမီဒီယာတွေဟာ မှန်ကန်တဲ့ဘက်မှာ ရပ်တည်ပြီး လုပ်ဆောင်နေတဲ့အချက်က လူ့အဖွဲ့အစည်း တိုးတက်ရေးအတွက် လုပ်ဆောင်နေတာမို့ ဂျာနယ်လစ်တွေရဲ့ အန္တရာယ်ကို ဖြစ်ပေါ်စေတဲ့ လူ့အဖွဲ့အစည်းဟာလည်း တန်ဖိုးကြီးကြီး ပေးဆပ်ရမယ့် အခြေအနေမှာ ရှိနေပါတယ် ...
ဒီလိုမတရား ညှင်းပန်းနှိပ်စက်ခံနေရတဲ့ ဖြစ်စဉ်တွေထဲမှာ အထင်ကရဖြစ်တဲ့ ဖြစ်ရပ်ကတော့ ဗီယက်နမ်လူမျိုး ဘလော့ဂါဒီယူးကေးကို ၂၀၀၈ ခုနှစ်ကတည်းက ထောင်ချခဲ့မှုဖြစ်ပါတယ်။ သူ့ကို မတရားဖမ်းဆီးပြီးနောက် ထောင်တွင်းအကျဉ်းချခြင်းနဲ့ ပြစ်ဒဏ်ကတော့ အခွန်တိမ်းရှောင်မှုပဲ ဖြစ်ပါတယ်။ ဗီယက်နမ်နိုင်ငံမှာ အခြေခံလူ့အခွင့်အရေး ချိုးဖောက်နေမှုတွေ၊ အကျင့်ပျက်ခြစားမှုတွေကို ဝေဖန်ပြစ်တင်သူတွေကို အာဏာပိုင်တွေက မတရားအမှုဆင်ပြီး ထိန်းသိမ်းခဲ့တာ ဖြစ်ပါတယ်။
နောက်အမှုတွဲတစ်ခုကတော့ ဘီလာရုစ်နိုင်ငံက နာတာလျာရာ့ဒဇီနာ ဖြစ်ပါတယ်။ နိုင်ငံရေးအရ တက်တက်ကြွကြွ လုပ်ဆောင်ခဲ့တဲ့ သူမကို ယမန်နှစ်က လစ်သူရေးနီးယားနိုင်ငံ ကို တရားမ၀င်သွားရောက်မှုဆိုတာ အကြောင်းပြပြီး အစိုးရက ဖမ်းဆီးခဲ့ ပါတယ်။ တကယ်တော့ သူမဟာ ဒီမိုကရက်တစ်လှုပ်ရှားမှုကို စွမ်းစွမ်းတမံ လုပ်ဆောင်နေလို့ ယခုလို ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
နိုင်ငံပေါင်း ၁၆၇ နိုင်ငံပါဝင် လက်မှတ်ရေးထိုးထားတဲ့ အရပ်ဘက် နှင့် နိုင်ငံရေးရပိုင်ခွင့်များစာတမ်းမှာ ပါဝင်တဲ့ အချက်ကတော့ 'မည်သူ တစ်ဦးတစ်ယောက်မဆို လွတ်လပ် စွာ ဖော်ထုတ်ခွင့်၊ လွတ်လပ်စွာ ပြော ဆိုခွင့်၊ နယ်စည်းမခြားဘဲ သတင်း အချက်အလက်များ၊ အယူအဆများ အတွေးအခေါ်များရယူခွင့်၊ ဖလှယ် ခွင့်ရှိသည်''လို့ ဖော်ပြထားပါတယ်။
ဒါကြောင့်မို့ သတင်းထောက်များ ကာကွယ်စောင့်ရှောက်ရေး ကော်မတီက နိုင်ငံအသီးသီးမှာ ဂျာနယ်လစ်တွေရဲ့ ဖိနှိပ်ခံရခြင်းတွေအပေါ် စာရင်းဇယားပြုစုထားပါတယ်။ ၁၉၉၂ ခုနှစ်အထိ သတင်းထောက် ၆၃၉ ဦးဟာ တာဝန်ထမ်းဆောင်နေစဉ်မှာပဲ သတ်ဖြတ်ခံခဲ့ရပါတယ်။ အသတ်ခံခဲ့ရတဲ့ ဖြစ်ရပ် ၁၆၅ ခုမှာ သတ်ဖြတ်သူတွေဟာ အပြစ်ဒဏ်ချ မှတ်ခံရခြင်းမရှိပါဘူးဆိုတာကို ထုတ်ဖော်ထားပါတယ်။ ဂျာနယ်လစ်တွေရဲ့ အသက်အန္တရာယ်နဲ့ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ကာကွယ်ဖို့အတွက် ကော်မတီဖွဲ့ပြီး လုပ်ဆောင်နေပေမယ့်လို့ နိုင်ငံအတော် များများမှာ ဂျာနယ်လစ်တွေရဲ့ အသက်အိုးအိမ်တွေဟာ စိုးရိမ်ရတဲ့ အနေအထားမှာ ရှိနေသလို၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆို ရေးသားခွင့်တွေလည်း ဆုံးရှုံးနေဆဲဖြစ်ပါတယ်။
ဘာပဲဖြစ်ဖြစ် ဂျာနယ်လစ်တွေ သတင်းမီဒီယာတွေဟာ မှန်ကန်တဲ့ဘက်မှာ ရပ်တည်ပြီး လုပ်ဆောင်နေတဲ့အချက်က လူ့အဖွဲ့အစည်းတိုး တက်ရေးအတွက် လုပ်ဆောင်နေတာမို့ ဂျာနယ်လစ်တွေရဲ့ အန္တရာယ်ကို ဖြစ်ပေါ်စေတဲ့ လူ့အဖွဲ့အစည်းဟာလည်း တန်ဖိုးကြီးကြီး ပေးဆပ်ရမယ့် အခြေအနေမှာ ရှိနေပါတယ်။

No comments:
Post a Comment